ဗဟုသုတ

ကားလမ်း ယာဥ်ကြောပိတ်ဆိုလွန်းတာကို ဖြေရှင်းဖို့ ကိုယ်ပိုင်ရဟတ်ယာဥ်တည်ဆောက်ခဲ့သူ

လူဦးရေသိပ်သည်ဆများပြားလွန်းတဲ့အပြင် စီးပွားရေးအပြိုင်အဆိုင်တိုးချဲ့လာခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတစ်ခုဖြစ်တဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေဟာ မြို့တော်နေလက်လုပ်၊လက်စားလူတန်းစားတွေအတွက် တနေ့တခြားကြီးမားတဲ့ ပြဿနာအဖြစ်ရှိနေခဲ့တာပါ။

ယင်းပြသာနာဟာကမ္ဘာတစ်ခွင်က ဖွံဖြိုးဆဲနိုင်ငံအများစုမှာပေါ်ပေါက်နေတာ ဖြစ်ပြီး အထူးသဖြင့် အာဆီယံဒေသတွင်းကအင်ဒိုနီးရှားနိုင်ငံဟာလည်း ယင်းပြဿနာကိုဆိုးဆိုးရွားရွားကြုံတွေ့နေရတာဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကမြို့တော်ကြီးတော် တော်များများမှာဆိုရင် ယာဉ်ကြောပိတ်ဆို့မှုကြောင့် ရုံးတက်ရုံးဆင်းဝန်ထမ်းတွေ၊ခရီးဝေးအလုပ်ဆင်းရသူတွေအတွက် နေ့စဉ်လုပ်ငန်းဆောင်တာတွေ အထိတောင်ထိခိုက်မှုကြီးကြီးမားမားဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

ဒီအခက်အခဲကိုတော့ အင်ဒိုနှးရှားနိုင်ငံ၊အနောက်ဂျာဗားပြည်နယ် SUKABUMI မြို့က အသက်(၄၂)နှစ်အရွယ် Jujun Junaedi ဆိုသူက ကိုယ်ပိုင်ရဟတ်ယာဉ်တီထွင်ပြီး ဖြေရှင်းဖို့ကြိုးစားခဲ့ပါတယ်။Jujun Junaedi ဟာ သူရဲ့အားလပ်ချိန်အတော်များများကို ရဟတ်ယာဉ် ဆောက်လုပ်တဲ့လုပ်ငန်းမှာသာ မြုပ်နှံခဲ့ပြီးရဟတ်ယာဉ်အတွက်လိုအပ်တဲ့ တည်ဆောက်မှုတွေကိုတော့ အွန်လိုင်းVideo တွေကိုကြည့်ရှုပြီး ပြုလုပ်ခဲ့တာလို့သိရပါတယ်။

သူဟာငယ်စဉ်ကတည်းက သူရဲ့မွေးရပ်မြေဖြစ်တဲ့ Sukabumi မြို့ရဲ့လမ်းတွေကို ဝေဟင်ကနေ ဖြတ်သန်းဖို့ အမြဲအိမ်မက်မက်ခဲ့သူလည်းဖြစ်ပါတယ်။အရွယ်ရောက်ချိန်မှာတော့ Jujun Junaedi ဟာဝမ်းရေးအတွက်ရုန်းကန်ရင်းသူရည်ရွယ် ချက်ကိုမေ့ပစ်ခဲ့ရပြီး အသက်(၄၀)ကျော်ရောက်ချိန်မှသာ ပြန်လည်အကောင်အထည် ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။

သူဟာနေရပ်နဲ့ မိုင်(၇၀)လောက်ဝေးတဲ့ ဂျာကာတာတောင်ပိုင်းကို နေ့စဉ်အလုပ်ဆင်းနေရတဲ့ ပုံမှန်ခရီးဝေးအလုပ်ဆင်းနေရသူဖြစ်ပြီး တနေ့တခြား ဆိုးရွားလာတဲ့ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့ရချိန်မှာတော့ သူရဲ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့ ရဟတ်ယာဉ်တစ်စီးတည်ဆောက်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။

အမှန်ဆိုရင် သူအိမ်မက်ဟာ အကောင်အထည်ဖော်ဖို့မလွယ်ကူပေမယ့် တိုးတက်လာတဲ့ နည်းပညာခေတ်နဲ့အတူ အွန်လိုင်းပေါ်က ရဟတ်ယာဉ်တည်ဆောက်ပုံမူကြမ်း နည်းလမ်းတွေကို လိုက်လံတုပရာမှ ယခုလိုရဟတ်ယာဉ်တစ်စီးဖြစ်လာရခြင်းဖြစ်ပါတယ်။

ရဟတ်ယာဉ်အတွက် လိုအပ်တဲ့စက်ပစ္စည်းတွေကိုတော့ သူဝင်ငွေနဲ့တိုင်းတာပြီး တဖြည်းဖြည်းစုစည်းခဲ့ရတာဖြစ်တယ်လို့သိရပြီး ရဟတ်ယာဉ်တစ်စီးလုံးအတွက် ကုန်ကျစရိတ်ကတော့ အမေရိကန်ဒေါ်လာ (၂၁၀၀)နီးပါးရှိတယ်လို့သိရပါတယ်။

Jujun Junaedi ဟာ သူရဲ့ကိုယ်ပိုင်ရဟတ်ယာဉ်တည်ဆောက်မှုကို (၁၈)လကြာအောင် အချိန်ပေးခဲ့ရပြီး သူရဲ့သားငယ်နဲ့အိမ်နီးချင်းတစ်ဦးကနေ သူရဲ့(၂၆)ပေလောက်ရှည်လျားတဲ့ ရဟတ်ယာဉ်စီမံကိန်းမှာဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။Jujun Junaedi ဟာ ရဟတ် ယာဉ်အင်ဂျင်ကိုတော့ ဓာတ်ဆီအင်ဂျင်ကိုအသုံးပြုမယ်လို့ဆိုထားပါ။

သူရဲ့ရဟတ်ယာဉ် အင်ဂျင်ဟာ 24 pk metric horsepower အားရှိမယ်လို့သိရပြီး တစ်မိနစ်အင်ဂျင်လည် နှုန်း (၃၆၀၀)ရှိတဲ့ (၇၀၀)ကုဗင်တီမီတာရှိတဲ့အင်ဂျင်ဖြစ်မယ်လို့ဆိုထားပါတယ်။ 1pk ဟာ (၇၅) kg ကိုသယ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် သူသုံးထားတဲ့ 24 Pk ကြောင့် Jujun Junaedi ရဲ့ရဟတ်ယာဉ်ဟာ အလေးချိန်(၁.၇)တန်ကိုသယ်ဆောင်ပျံသန်းနိုင်မယ်လို့သိရပါတယ်။

Jujun Junaedi က “ကျွန်တော်တို့ရဲ့အချိန်တော်တော်များများဟာ ကားပေါ်မှာပဲကုန်ဆုံး နေရတာဟာ အတော်ကိုဆိုးပါတယ်။ဒီမှာက အဓိကလမ်းမကြီးတွေမပြောနဲ့ဖြတ်လမ်း တွေအားလုံးလည်း ကားပိတ်နေကျပါ။ဘယ်နေရာကိုသွားသွား အခက်အခဲရှိနေတဲ့အဖြစ်က ရေရှည်မှာ အဆင်မပြေပါဘူး။ကြောင့်ငယ်စဉ်တည်းက ကျွန်တော်အိမ်မက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။

ကျွန်တော်လေကြောင်းခရီးကနေအလုပ်သွားပြီး ယာဉ်ကြောပိတ်ဆို့မှုကို ကျော်ဖြတ်မယ်ဗျာ။ ခုဆိုရင်တည်ဆောက်မှုပြီးစီးသွားတဲ့ ရဟတ်ယာဉ်ကိုကြည့်ရတာနဲ့တင် ကျွန်တော်တော့ဂုဏ်ယူမဆုံးဖြစ်ရပါတယ် လုပ်စရာတွေတော့ကျန်ပါသေးတယ်” လို့ ဒေသမီဒီယာတစ်ခုနဲ့တွေ့ဆုံချိန်မှာ Jujun Junaedi က ပြောဆိုခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ Jujun Junaedi လို သာမန်အရပ်သားတစ်ယောက်က ကိုယ်ပိုင်အတွေးအမြင် နဲ့ကောင်းကင်ပေါ်ပျံတက်ဖို့ကြိုးစားခဲ့တာဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့(၂)နှစ်တာကာလတုန်းကဆိုရင် တောင်အာဖရိကနိုင်ငံသားတစ်ဦးဟာ အမြှောင်းပုံသဏ္ဍာန်ဖော်ထားတဲ့ သံပြားတွေနဲ့ရဲရဟတ်ယာဉ်ပုံတူတစ်ခုအဖြစ်တီထွင်ဖို့ဖန်တီးခဲ့သလို (၂၀၁၆)ခုနှစ်အတွင်းကလည်း

တရုတ်လယ်သမားတစ်ယောက်ဟာ သူရဲ့ကိုယ်ပိုင်ရဟတ်ယာဉ်တစ်စီးကို (၃)နှစ်ကြာလောက်အချိန်ပေးတည်ဆောက်ခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိသလို ကမာ့္ဘနေရာအသီသီးက အရပ်သားစွန့်ဦးတီထွင်သူများစွာ ရဲ့ အကြောင်းအရာဇာတ်လမ်းတွေလည်း အပြားကိုရှိနေနိုင်ပါသေးတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း လွန်ခဲ့တဲ့ ၂နှစ်က အလားတူဖြစ်ရပ်မျိုးပေါ်ပေါက်ခဲ့ဖူးပါတယ်။

ယခုချိန်ထိတော့ Jujun Junaedi ရဲ့ရဟတ်ယာဉ်ဟာ ကောင်းကင်ကိုပျံတက်နိုင်တဲ့ အနေအထားမရှိသေးပဲ အကြမ်းထည်တည်ဆောက်မှု အပြီးသတ်သာရှိနေပါသေးတယ်။အကြောင်းကတော့ ရဟတ်ယာဉ်ရဲ့အင်ဂျင်နဲ့ပန်ကာအပါအဝင်နည်းပညာဆိုင်ရာ ပစ္စည်းအချို့ကို ယခုတိုင်ဝယ်ယူဖို့ ငွေစုနေရဆဲ ဖြစ်နေလို့ဖြစ်ပါတယ်။

ဒီအကြောင်းကိုဖောက်သည်ချခဲ့သူကတော့ Jujun Junaedi ရဲ့ အမျိုးသမီးYeti ဖြစ်ပြီး ဒီရဟတ်ယာဉ်မပြီးသရွေ သူတို့မိသားစုအနေနဲ့အစားအသောက်ပါခြိုးခြံရမဲ့အခြေအနေရှိနေတယ်လို့ဆိုပါတယ်။ဒါပေမဲ့ သူမတို့မိသားစုအားလုံးကတော့ အိမ်ထောင်ဦးစီး Jujun Junaedi ကိုယုံကြည်မှုအပြည့်ရှိကြောင်း AFP သတင်းဌာနကိုထုတ်ဖော်ပြောဆိုထားပါတယ်။

အမှန်ဆိုရင် Jujun Junaedi ရဲ့ကောင်းကင်ကို ပျံတက်မဲ့စီမံကိန်းဟာ သူကိုယ်ပိုင်ဆုံးဖြတ်ချက်တစ်ခုနဲ့ဆောင်ရွက်လို့ရတဲ့ကိစ္စလို့သူကိုယ်တိုင်ထင်နေပုံပါ။ဒီအတွက် အင်ဒိုနီးရှားလေကြောင်းနည်းပညာဌာနက သတင်းအချက်အလက်တစုံတရာထုတ် ပြန်တာမျိုးမရှိခဲ့ပါဘူး။Jujun Junaedi ရဲ့ရဟတ်ယာဉ်ဟာ ကောင်းကင်ကိုအမှန်ပျံတက် ဖို့ဆိုရာမှတော့ဒေသခံအုပ်ချုုပ်ရေးအဖွဲ့ရဲ့ခွင့်ပြုမိန့်လိုသလို နည်းပညာပိုင်းအရပါခိုင်မာ နေဖို့လည်း၊ကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်တွေလည်း လိုအပ်နေပါသေးတယ်။