ကျန်းမာရေး

“KN95 mask တပ်ပြီး ကံကောင်းလို့ မသေခဲ့တဲ့အဖြစ်”

KN95 mask 😷 ပေးတဲ့သင်ခန်းစာ

လောကကြီးနဲ့ အဆက်အသွယ်မိနစ်ပိုင်းလောက်ပြတ်သွားတဲ့ ကိုယ်တွေ့…

KN95 mask အသစ်တပ်ပြီး အသိတစ်ယောက်နဲ့ စကားပြောတယ်။ ပြောရင်း စနောက်ရင်းနဲ့ Mask တပ်မချွတ်ပဲအသက်ပြင်းပြင်း ပါးစပ်နဲ့ရှုလိုက်တယ်။
အဖတ်စ ကလေးဝင်သွားတာ သိတာနဲ့ ချက်ချင်းအသက်ရှုမရတော့ဘူး… 😳 လေပြွန်မှာဆို့နေတယ်…😑

ကူညီဖို့ စကားပြောတယ် အသံပါမထွက်ဘူး။ အမူအရာပြပြီး နောက်ကနေညှစ်ခိုင်းတယ်။ ချောင်းဆိုးတယ် မထွက်ဘူး။ အသက်လူ့ ရှုရတာ 10%လောက်ပဲ ရတယ်။

တစ်မိနစ်လောက် အသက်ရှုမရဘူး။ 🤢စိတ်ထဲမှာ “ငါသွားပြီလားမသိဘူး”တော်တော် ကြောက်သွားတယ်။ Toilet ကမှန်မှာကြည့်တော့ မျက်စေ့တွေနီနေပြီ…🥵

ရေသောက်/ ချောင်းဆိုး လုပ်ရင်းနဲ့ပဲ လည်ချောင်းထဲရောက်သွားတယ်။ အသက်ပုံမှန်ပြန်ရသွားလို့ တော်သေးတယ်…😮‍💨

လည်ချောင်းမှာ ခုနေသေးတယ်။ ညတွင်းချင်းပဲဆေးရုံးသွားတယ်။ ရေသောက် အန်ခိုင်းတယ် မထွက်ဘူး။ နှာခေါ်င်းထဲ ပိုက်ထိုးထည့်တယ် မထွက်ဘူး။

ဒုတိယကြိမ်ပိုက်ထိုးတယ်။ အနာဆုံးပဲ၊ အသက်ရှုရခက်ခက်နဲ့ ထပ်ပြီးအန်တယ်။ စိတ်ထဲမှာရှိနေသေးတယ်လို့ ထင်တယ်။ ဆရာဝန်က သက်သာလောက်ပြီထင်တယ်ပြောလို့ အိမ်ပြန်လာတယ်။

နောက်နေ့အိပ်ရာနိုးတော့ သက်သာတယ်။ စိတ်ထဲမှာ မသင်္ကာတာနဲ့ နား၊ နှာခေါင်း ဆေးရုံ ထက်သွားတယ်။ X Ray သွားရိုက်တယ် လည်ချောင်းကို စက်နဲ့ကြည့်တယ်။ မရှိတော့ဘူးလို့ပြောမှ စိတ်အေးသွားရတယ်။

သင်ခန်းစာကတော့

Mask တပ်ရင် အဖတ်အစ တွေရှိမရှိ မတပ်ခင် စစ်ဆေးပါ။ N95 လေပေါက်ပါတဲ့ mask အမျိုးအစားမှာ အဖတ်စ တွေရှိတတ်တယ်။

သတိထားနိုင်ကြပါစေ။

Smith