News

“ဖလမ်း နဲ့ ဟားခါးမြို့က စစ်သားနဲ့ ရဲအချို့ ကိုဗစ် ကူးစက်ခံရ”

ဖလမ်း နဲ့ ဟားခါးမြို့က စစ်သားနဲ့ ရဲအချို့ထံ ကိုဗစ် ကူးစက်ခံရဟုဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ခလရ(၂၆၈)တပ်တွင် စစ်သားများ ကိုဗစ်ရောဂါ ကူးစက်နေတယ်လို့ Falam CDM Supporters က ဖော်ပြထားပါတယ်။

ဒါ့ပြင် ဖလမ်းမြို့၊အားကစားရုံတွင် တပ်စွဲနေတဲ့ စစ်သား (၃၀)အနက် (၁၅)ယောက်ကျော် ကိုဗစ်ကူးစက်ခံနေတယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ဖလမ်းမြို့ ဆေးရုံက ဆရာဝန်တစ်ဦးကို Zalen မီဒီယာကမေးမြန်းရာ “ကျနော်ကတော့ အဲ့ဒီပိုင်းမကိုင်တော့ အတိကျမသိရဘူး။

ဒါပေမယ့် ကူးစက်မှုရှိတယ်ဆိုတဲ့သတင်းတော့ကြားတယ်။ ဆေးရုံမှာတော့ လာမကုဘူး။ သူတို့အိမ်မှာပဲ ကုကြတာနေမယ်” လို့ပြောပါတယ်။

ဒါ့ပြင် ဟားခါးမြို့တွင် မနေ့ ဇွန် ၂၄ ရက်က ၂၆၆ တပ်ကုန်းက စစ်သား ၃ ယောက်နဲ့ ရဲမယ် ၁ ယောက် ကိုဗစ်ကူးပိုးတွေ့ရှိတယ်လို့ သတင်းရရှိပါတယ်။

Zalen

Zawgyi







Zalen