News

“ရုတ်တရက် ကွယ်လွန်သွားတဲ့ အဆိုတော် ရေမွန်ရဲ့ နောက်ဆုံးခရီး(ရုပ်သံ)”

ရုတ်တရက် ကွယ်လွန်သွားတဲ့ အဆိုတော် ရေမွန်ရဲ့ နောက်ဆုံးခရီးကို ဒီနေ့ ပြည်သူတွေ လိုက်ပါ ပို့ဆောင် ပေးခဲ့ကြပါတယ်

(ရုပ်သံကို အောက်ဆုံးမှာ ဖော်ပြပေးထားပါတယ်)

ရေမွန်ရဲ့ ဘ၀ကောက်ကြောင်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်

ခေါင်းမမာခဲ့ရင် #IDIOTS ဖြစ်လာမှာ မဟုတ်ဘူး…….

” ကိုယ်မှန်တယ်ထင်တဲ့အရာကို ဘယ်လောက်တားတားတဇွတ်ထိုးလုပ်တတ်တယ်။ ကျွန်တော်သာ ခေါင်းမမာခဲ့ဘူးဆိုရင် Idiots ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူးလို့” ပြောလာသူကတော့ Idiots အဖွဲ.ရဲ. အဆိုရှင် ရေမွန်ပါ။

သူရဲ. ဆယ်ကျော်သက်ဘ၀က ကြမ်းတမ်းရင်ကြမ်းတမ်းခဲ့မယ်။

အခက်အခဲတွေနဲ.ကြုံရင်ကြုံခဲ့မယ်။ ဒါပေ့မယ် မလျှော့တဲ့ဇွဲနဲ. သူ.ရူးသွပ်တဲ့ဂီတကိုတစိုက်မတ်မတ်နဲ.ဇောက်ချပြီး…အောင်မြင်လုပ်ဆောင်နိုင်ခဲ့တယ်။အသက်ငယ်ငယ်နဲ. နေရာတစ်ခုမှာ ရပ်တည်နိုင်အောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ရေမွန်ရဲ. အင်တာဗျူးကို ဖော်ပြလိုက်ပါတယ်။

ရေမွန်ရဲ.ငယ်ဘဝ

ကျနော်ငယ်ငယ်က ပန်းချီဆရာဖြစ်ချင်ခဲ့တာ ၄ ၅တန်းလောက်မှာကတည်းကပန်းချီရေဆေးတွေဘာတွေဆွဲတယ်။ ငယ်ငယ်တုန်းက အမေနဲ. လိုက်သွားရင် ရောက်တဲ့နေရာမှာစာရွက်တစ်ခုနဲ.ဘောပင်တစ်ခုနဲ.ပန်းချီဆွဲတာပဲ။ အတီင်္းသမားတွေ တွေ.သမျှ သူတွေနဲ. လျှောက်ဆော့တယ်.။ပန်းချီတွေလျှောက်ဆွဲတယ်။ ကျောင်းကဒဂုံ(၁)မှာတက်တာဆိုတော့ ပန်းချီ Section မှာ ဆရာပြောတာနဲ. အပြင်ကနည်းနည်းလော့လာတာနဲ.ပဲ လျှောက်ဆွဲခဲ့တာ။အဲ့ဒီတုန်းကတော့ ဘယ်သူမေးလိုက်မေးလိုက်ကြီးလာရင် ဘာလုပ်မလဲဆိုရင် ပန်းချီဆရာ လုပ်မယ်ပဲ ဖြေတယ်။ ၆တန်းမှာ ဂစ်တာစတီးတယ်။

အဲ့ဒီမတိုင်ခင်မှာတော့ကော်ပီသီချင်းလေးတွေ လျှောက်ရေးကြည့်တာပေါ့။ အဲ့ဒီတုန်းကတော့ West Life တို.လို သီချင်းလေးတွေပေါ့။

၆တန်းဂစ်တာ စတီးတော့ Own Tune လေးတွေ မတောက်တခေါက်နဲ. ကိုယ့်ဘာသာကို လျှောက်ရေးတယ်။ကျနော်ငယ်ငယ်တုန်းက အမေကသီချင်းအပြင်မှာလိုက်ဆိုရင် ကျနော်က တောက်လျှောက်ပါတယ်။အမေက သွားသမျှ နေရာ အကုန်လုံးကို ခေါ်တယ်။ KMK Group ဆိုရင်ဟာမိုနီဆိုတော့ကျနော်က သူတို.ဆိုတဲ့ Studio ခန်းထဲမှာ ၀င်ထိုင်ပြီး…နားထောင်တယ်.။

အမေပြောပြတာတော့ ကျနော် ၁နှစ်၊ ၁နှစ်ခွဲတုန်းက ဟာမိုနီဆိုတော့ ကျနော်ကလည်း ငယ်သေးတော့ အပြင်မှာ တစ်ယောက်တည်း ထားလို.မရဘူးလေ။ အဲ့ဒီတော့ ကျနော့်ကို ခါးထစ်ခွင်ပြီး ဟာမိုနီ ဆိုရတယ်။ တစ်ပုဒ်လုံးဆိုပီးတော့ ပြန်နားထောင်ကြည့်လိုက်ရောကျနော်အော်တဲ့ အသံတွေပါ ပါလာတယ်။ သူတို.အော်ရင် ကလေးသံနဲ.လိုက်အော်တာ ငယ်ငယ်တည်းက အဲ့လိုဝါသနာပါခဲ့တာ.။ကျနော် ၈တန်းအရွယ်မှာ ဂစ်တာလည်း တီးတတ်နေပြီဆိုတော့ ဂီတကိုရူးရူးမူးမူးနဲ. ဇောက်ချပြီးလုပ်ဖြစ်နေပြီပြောရမယ်။ တစ်ခြား Instrumentတွေလည်း စိတ်ဝင်စားတယ်။ Drum လည်း စိတ်ဝင်စားတယ်။

Drum သမားဖြစ်ချင်တာ အဓိက က ကျနော် Vocalist သမားဖြစ်ချင်တာ မဟုတ်ဘူး.။ဒါပေ့မယ် အမေကလည်း Vocalist ၊ ကိုကလည်း အဲ့ဒါနဲ.ပတ်သတ်ရင် Experience ရော၊ Technique ရော အကုန်သိထားတော့ Vocal သမားဖြစ်သွားတယ်။ ၈တန်းလောက်မှာ သီချင်းတွေရေးပြီးရောင်းတယ်။ ကျောင်းစာကို သိပ်စိတ်မ၀င်စားတော့ဘူး။

ကျောင်းမှာတော့ English နဲ. Physics ကိုစိတ်ဝင်စားတယ်။ ၁၀တန်းနှစ်မှာဆိုရ် Bio ဖြေတဲ့အချိန်မှာ ဘာမှမရတော့ True,False အလုံး၂၀ ဖြေရတာကို True ချည်းပဲ 19လုံး ဖြေပြီး False တစ်လုံးပဲဖြေပြီး အိပ်နေတာ ၁၀တန်းကို မအောင်ခဲ့ဘူးလေ ။ စာဘက်ကို လုံးဝမကြည့်တော့ဘဲ သီချင်းတွေကိုပဲ ဒီလောက်အထိ ရူးသွပ် ခဲ့တာပါပဲ။

#ရေမွန်နဲ.သီချင်းရေးခြင်း

ပထမဆုံးရေးခဲ့တဲ့ သီချင်း Own Tune ဆိုရင် လူ(၃)ယောက်ကို (၃)ခါ ရောင်းရတယ်။ #Drive_Band က အတူတူလုပ်တဲ့ သားကြီးဆိုတဲ့ သူငယ်ချင်းရယ်၊ ကျနော်ရယ် ပထမဆုံး Own Tune စရေးဖြစ်တာပါ။

“ပိုင်စိုးထားသူ”သီချင်းကို Example က ထွန်းထွန်း ၀ယ်တယ်။ ပြီးတော့ညီသစ်ထူးလာဝယ်တယ်။ပြီးတော့ တစ်ယောက်လာဝယ်တယ်.။ အဲ့ဒီတုန်းက ငယ်လည်းငယ်သေးတော့ မသိဘူး ရောင်းလိုက်တာပဲ။

စရေးတုန်းက Pop သီချင်းတွေ ရေးတယ်။ Rock တွေ ဘာတွေ သိပ်မသိသေးဘူး။ ဦးညီထွဋ် သီချင်းတွေတော့ နားထောင်တယ်။ ကြီးလာတော့ #West_Life တို.လို Boy Band တွေ အရမ်း နားထောင်လာတယ်။ ၈တန်းလောက်မှာ ကျနော့် သူငယ်ချင်း Band မှာ တီးတဲ့ ဖိုးလုံးနဲ.တွေ.တယ် ။

Rock သီချင်းတွေရင် သူက အရမ်း နားထောင်တယ်။ Rock သီချင်းတွေဆိုရင်လည်း ဘယ်Band တွေ ဘယ် Band တွေ ဆိုပြီး သိတယ်။ သူနဲ.က အရမ်း ခင်ပြီး ပထမဆုံး စစချင်းနေ.မှာပဲ သူ.အိမ်လည်း ကျနော်လိုက်သွားတယ်။ ကျနော့်အိမ်လည်း သူလိုက်တယ်။ အဲ့ဒီလောက်ထိ ခင်သွားတယ်။

#ရေမွန်နဲ.အပေါင်းအသင်းခင်မင်မှု

အပေါင်းအသင်းကတော့ အရမ်းခင်တယ်။ကျနော်တစ်ခြားအင်တာဗျူးတွေမှာလည်း ပြောဖူးပါတယ်။ ကျနော့်အမေနဲ. စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းတော့ ၆လလောက် လျှောက်သွားပြီး အလုပ်တွေ လုပ်တယ်။ Video Editing လုပ်တယ်။ သူငယ်ချင်းတွေနဲ. ပျော်နေတာ များတယ်။

#လူငယ်ဘ၀နဲမိမိကိုယ့်ကိုယ်Controlလုပ်မှု

ကိုယ့်ဟာကိုယ် ဆိုးနေတယ်ဆိုတာ သိတယ်။ တစ်ဖက်က ဘာနဲ.ပြန်ချိန်လဲဆိုတော့ အမေနဲ. ညီမလေးရှိတယ်။ယောက်ကျားသားဆိုလို့ ကျနော်တစ်ယောက်ပဲရှိတယ်.။အဲ့ဒီတော့ ကျနော်ဘယ်လောက် ဆိုးသည်ဖြစ်စေ၊ မိုက်တဲ့ အလုပ်တွေ လုပ်သည်ဖြစ်စေ ဘ၀မပျက်စီးအောင်နေရမယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ချိန်ကျရင် အမေနဲ.ညီမလေးကိုပြန်ကြည့်ရမယ်ဆိုတဲ့ စိတ်နဲ.ပဲ ထိန်းလာခဲ့ပါတယ်။

#xကြမ်းတမ်းမှုတွေကြားက လမ်းကြောင်းမှန်အောင် ရောက်စေခဲ့တဲ့ တွန်အားများ………

အဓိက ကတော့ Music ပါပဲ။စိတ်ဓာတ်ကျတဲ့ အချိန်မှာလည်း ကျနော်သီချင်းနားထောင်တယ်။ ဘ၀မှာ အလုပ်မကျတဲ့ အရာတွေ ရှိတယ်။

နှိမ့်ချခဲ့တဲ့ အရာတွေရှိတယ်။ မကျေနပ်တာတွေ မှန်သမျှကိုအိမ်မှာ Rock သီချင်းနားထောင်ပြီး ဝုန်းဒိုင်း ကြဲလိုက်တော့ စိတ်သက်သာရာရတယ်။

Music ပေါ်မှာ ပဲ အဓိက အာရုံစိုက်လိုက်တယ်။

တစ်ချိန်ကျရင် အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကပဲ ကျနော့်ကို အမှားအယွင်း မဖြစ်အောင် ကယ်တင်သွားတယ်လို့ပြောလို.ရပါတယ်။

#ရေမွန်နဲRockဂီတ

Rock ဂီတ က ကျနော်တို.နဲ. တစ်ထပ်တည်းပဲ။ နေတဲ့ Life Style ကိုက ကိုယ်ကြိုက်တာ ကိုယ်လုပ်တယ်။ သိပ်ဂရုမစိုက်ဘူး။မှန်တာကို ကြိုက်တယ်။

ကြိုးစားတယ်။ ရုန်းကန်ရတယ်။ပေတယ် တေတယ် .။အဲ့ဒါတွေက Rock ရဲ.Culture, Rock ရဲ. Theme လို. ပြောလို.ရတယ်။ ကျောင်သားဘ၀တုန်းက ကျနော် Punk တွေ တီးတယ်။ အဲ့ဒီ မတိုင်ခင်တုန်းက Rapper လုပ်လိုက်သေးတယ်။ Music တစ်ခုနဲ. တစ်ခု က ဆက်နွယ်နေတာ ပဲ။
Rock ကိုရွေးရခြင်း အကြောင်းရင်းကတော့ Instrument တွေ တီးရတာ ကြိုက်လို. ကျနော်တို.နဲ. အလိုက်ဖက်ဆုံး Music မို့လို.ပါပဲ။

#ရေမွန်နဲIdiots Band

Band တွေမှာ အဓိက အခက်အခဲ ဖြစ်မယ့် ကိစ္စတွေက ငွေကြေးရေကြေးပါပဲ။ ဥပမာ ပွဲတစ်ပွဲ ငှားရင် အဆိုတော်တစ်ယောက်တည်း က ပိုက်ဆံရတယ်။ အဲ့ဒီလိုမျိုးတွေ ရှိတယ်။ ကျနော်တို. Band စဖွဲ.တုန်းက ဆိုရင် ငွေရေးကြေးရေး အဆင်မပြေဘူး.။

အတီးသမားတွေကလည်း ရှိသေးတယ်။ ကျနော်ရခဲ့လို. တစ်ယောက်တည်း ယူမယ်ဆိုရင် Band ကလည်း ကျနော့် အပေါ်မှာ သစ္စာရှိမှာ မဟုတ်ဘူး။
ရေရှည် လက်တွဲလို.လည်း ရမှာ မဟုတ်ဘူး။ အဲ့ဒီတော့ စလုပ်ကတည်းကငွေရေးကြေးရေးနဲ.ပတ်သတ်လာရင် ဝေပုံကျခွဲမယ်။တစ်ချို.ဟာလေးတွေကျတော့လည်း ပိုယူတာရှိကောင်းရှိမယ်။ ဒါပေ့မယ် ကျနော်ပိုလုပ်ထားတဲ့ အတွက် ပိုယူတာ။ 2005 Jan မှာ Idiots Band ဖွဲ.တယ်။ Nine Planets
စလုပ်တော့ Nine Planets နဲ.လက်တွဲခဲ့တယ်။

အဲ့ဒီ ခေတ်တုန်းက Bandဆိုတာ ဘယ်သူမှ စိတ်မ၀င်စားတဲ့ အချိန်မှာ ကျနော်တို. ဖော်ကာတို. အောင်လတို. Drive အဖွဲ.တို. က Nine Planets မှာ လက်တွဲခဲ့ကြတယ်။အခု Idiots မှာ အဖွဲ.၀င် (၅)ယောက်နဲ. ရပ်တည်နေပါတယ်။ ကျနော်ငယ်ငယ်ကတည်းက ပေါင်းတဲ့ သူငယ်ချင်းတွေဆိုရင် ကျနော့်ထက် အသက် ထက်ဝက်ကြီးတဲ့ သူများတယ်။ ကျနော်အိမ်ပေါ်ဆင်းတုန်းက အသက် 16နှစ် မှာ ပေါင်းတဲ့ သူက Video Editing လုပ်တဲ့ညီအစ်ကို နှစ်ယောက် အသက် ၂၁ ၂၂နှစ် လောက်ရှိပြီ။ လူကြီး ဖြစ်ချင်တဲ့စိတ်ရှိတော့ လူကြီးတွေနဲ.လိုက်ပေါင်းတာ များတယ်။

#လက်ရှိအရွယ်မှာ ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်မိရင်

အခုချိန်မှာ သုံးသပ်မိတာကတော့ အတွေ.အကြုံတွေလည်း တော်တော်ရလာပြီ။နည်းနည်းလည်း တည်ငြိမ်လာပြီလို. ထင်တယ်။ ဒါပေ့မယ် အမှားတွေကတော့ ရှိဦးမှာပေါ့.။

အရင်တုန်းက လောက်တော့ မိုက်ရူးရဲ မဆန်တော့ဘူး.။ အမှားတွေ လုပ်ခဲ့မိတာတွေ နောင်တရတွေလည်း ရှိတယ်။ ကိုယ့်ဟာကိုယ်လည်း ပြင်ရတာပေါ့။ တစ်ချိန်ကျရင် အိမ်ထောင့်ဝန်ထမ်းမယ်ဆိုရင် ဖြည်းဖြည်းချင်း ပြင်ရမှာပေါ့။

#တဇွတ်ထိုးစိတ်နဲ. ခေါင်းမာတတ်တဲ့ ရေမွန်

ကိုယ်မှန်တယ်ထင်တာကို ဘယ်သူရဲ. ထင်မြင်ချက်မှ မယူဘဲ တဇွတ်ထိုးလုပ်တတ်တယ်။ကိုယ်မှန်တယ်ထင်တဲ့အရာကို ဘယ်လောက်တားတားလုပ်တတ်တယ်။အဲ့ဒါကြောင့်လည်း Idiots ဆိုတာ ဒီနေ.ဒီအချိန်ထိ ရှိနေခဲ့တာပေါ့။ ကျနော်သာ ခေါင်းမမာခဲ့ဘူးဆိုရင် Idiots ဆိုတာ ပျက်သွားတာကြာပြီ။

#ရေမွန်ရဲ. လူမှုဆက်ဆံရေး

လူမျိုးစုံနဲ. ပေါင်းပြီး သူတို.ရဲ. စိတ်ကို သိချင်တယ်။ ဥပမာ- ဆိုက်ကားသမားတို. မျက်မမြင်တွေဆီမှာ အနှိပ်ခံသွားတာတို.လုပ်ပီး သူတို.ရဲ. Life Style ကို သိအောင် လုပ်တယ်။ အဲ့ဒါက သီချင်းပြန်ရေးတဲ့ အခါမှာလည်း အထောက်အကူ ရတတ်တယ်။ ပေါင်းသင်း ဆက်ဆံရေးနဲ့ပတ်သတ်ပြီး သိပ်အခက်အခဲ မရှိဘူး ။ ဘယ်လိုလူမျိုးနဲ. ဖြစ်ဖြစ် ခဏတာတော့ ပေါင်းလို.ရတယ်။ ကျနော့်မှာလည်း အမေ့စိတ်ပါတယ်ထင်တယ်။

အမေကလည်း မိန်းမပေ့မယ် အရမ်း ခေါင်းမာတယ်။ ဒါပေ့မယ် ကိုယ်ယုံကြည်တဲ့ ကိုယ်ချစ်ခင်ရတဲ့ သူက နောက်ကျောကို ဓားနဲ. ထိုးတာမျိုးလုပ်တာ ခံရရင်တော့ ဘယ်လိုမှ မခံစားနိုင်ဘူး။ အဲ့ဒီလိုမျိုးတော့ အပေါင်းအသင်းတွေ ကြားမှာ ခနခန ဖြစ်ဖူးတယ်။ ဆယ်ကျော်သက်ဘ၀မှာကြမ်းတမ်းတဲ့အရာတွေ ကြုံခဲ့ရတော့ ဝုန်းဒိုင်းထဖြစ်တယ်။စိတ်ပြေသွားတဲ့ အချိန်ကျမှ နောင်တရတာတွေလည်း ရှိတယ်။ဒါပေ့မယ် တော်တော်များများဖြတ်သန်းနိုင်ခဲ့ပါတယ်

ရေမွန်ရဲ. ဂီတလှုပ်ရှားမှုများ

2011 မှာ “လူအဂီတ”ဆိုတဲ့ ပထမဆုံးတစ်ကိုယ်တော်ခွေ ထွက်ခဲ့တယ်။

အခု ဒုတိယ တစ်ကိုယ်တော်ခွေ “ခေတ်သစ်ကျောက်” လို. အမည်ပေးထားတဲ့ ခွေကို လုပ်နေပါပြီ။ Rechording ကို စိမ်ပြေနပြေနဲ. လုပ်နေတယ်။ သီချင်းတစ်ပုဒ်က သေချာ အချိန်ယူစဥိးစားပြီး ဖန်တီးမှနားထောင်တဲ့ သူအတွက်လည်း အကြာကြီး ခံမှာ၊ ကိုယ်တီးထားတဲ့ သီချင်းကို အထပ်ထပ် အခါခါ နားထောင်ပြီး ဘာတွေ လုပ်ပြရမလဲစဉ်းစားတယ်။ ဒီခွေထဲက တစ်ချို. သီချင်းတွေကဆိုရင် “လူအဂီတ” တီးနေတဲ့ အချိန်မှာပဲ ဒုတိယခွေအတွက်တစ်ဝက်လောက်က ပြီးနေပြီ။ တစ်ကယ်ဆိုရင် ဒုတိယအခွေ အတွက် သီချင်းအပြင် တတိယအခွေအတွက် ကျနော်ရေးထားတဲ့ သီချင်းတွေ ရှိတယ်။

ဒုတိယအခွေထဲမှာ တေးရေးကကိုဂျပန် ဖိုးလုံးနဲ. ကျနော်ရေးထားတယ်။ ပရိတ်သတ်ကတော့ သီချင်းအကြမ်း ကြိုက်တဲ့သူက အကြမ်း၊ သီချင်း အပျော့ ကြိုက်တဲ့ သူကလည်း အပျော့ ကြိုက်တယ်။ Show ပွဲတွေမှာဆိုရင် စင်ပေါ်စတက်ပြီး ဆိုကလည်း က နောက်ကျော သီချင်းကို တောင်းကြတယ်။

ရေမွန် ဖြစ်ချင်တဲ့ မိသားစု ဘဝ

ဖြစ်နိုင်လို.ရှိရင် သေတဲ့ အထိကို အမေနဲ. မခွဲဘဲ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ.နေသွားချင်တယ်။ ပြသာနာတွေကတော့ ရှိမှာပဲလေ.။ကျနော့် အဘွားဆိုရင် မိသားစု ၄စု တစ်အိမ်တည်းမှာ နေကြတာ ဘာပြသာနာမှ မဖြစ်ဘူး။ မိသားစုနဲ. ပတ်သတ်ရင် ကျနော်က အဲ့ဒီလိုမျိုး နေချင်တာ ။ ဘ၀မှာ အသက်ဘယ်လောက်ပဲ နေရနေရ နေရတဲ့အချိန်မှာ ကျေနပ်မှုရှိရှိနဲ. နေချင်တယ်။

ရုပ်သံကြည့်ရန်

ရေမွန်ရဲ. ပရိတ်သတ်အတွက် စကားလက်ဆောင်

ကျနော့် ပရိတ်သတ်ကို ဘယ်တော့မှ မလိမ်ဘူး မညာဘူး။ ကိုယ်စွမ်း ဥာဏ်စွမ်း နဲ. ပရိတ်သတ်အတွက် ထိုက်တန်တဲ့ ပိုက်ဆံနဲ.ပဲ လဲချင်ပါတယ်။
Music အတွက် လူတွေ တန်ဖိုးထားတဲ့ အရာတစ်ခု ဖြစ်အောင် ကြိုးစားသွားမှာပါ။

Credit ဂီတနယ်ပယ်