Cele News

“ဂီတလောကကြီးကနေ လုံးဝ အပြီးအပိုင် နုတ်ဆက်ပါပြီလို့ ကြော်ငြာလိုက်တဲ့ ရိန်မိုး 😢😢”

တစ်ကိုယ်တော် ဖျော်ဖြေပွဲကို နုတ်ဆက်ပွဲနဲ့ အတူ လုပ်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ယနေ့မှာ ဂီတကို အပြီး စွန့်လွှတ်တဲ့ အကြောင်း အဆိုတော် ရိန်မိုးက ပရိသတ်ကို အခုလို အသိပေးခဲ့ပါတယ်။

“ဘဝမှာ ကျတော် ဘယ်တော့မှ မစွန့်လွတ်ဘူး ဘယ်တော့မှ နောက်မဆုတ်ဘူးလို့ ဘဝနဲ့ရင်းလို့ ချော်လဲလို့ပြုတ်ကျလို့ ဒဏ်ရာတွေအများကြီးနဲ့ရှိနေခဲ့အချိန်များတောင် ကျတော်ဆိုတာ ဘယ်တော့မှ နောက်မဆုတ်ခဲ့ဘူး ။

သို့ပေမယ့်လည်း ကနေ့ အခြေအနေ အချိန်ခါတစ်ခုမှာ စွန့်လွတ်လိုက်ရပါပီး😪အမှန်က ကျတော့ကိုချစ်သော ကျတော်ကချစ်သော အမျိုးများအတွက် (2021) ဒီနှစ်ထဲမှာ ကျတော့ရဲ့ကြီးကျယ်ခန်းနားတဲ့ One man show live တစ်ခုကို နုတ်ဆက်ပွဲနဲ့အတူကျင်းပဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း ခုတော့ မဖြစ်နိုင်တော့လို့

24/6/2021 ဒီနေ့ ဒီရက် ဒီအချိန်ကနေပီး ကျတော် ရိန်မိုး သည် ဂီတလောကထဲကနေပီး လုံးဝအပီးအပိုင် နုတ်ဆက်လိုက်ပါကြောင်းကို ကျတော့ရဲ့ ချစ်တဲ့ ပရိတ်သတ်များ အမျိုးများ မိတ်ဆွေများ အပေါင်းသင်းများ အားလုံးကို အပီးတိုင် နုတ်ဆက်လိုက်ပါတယ်ခင်ဗျား🙏🙏🙏။

ကျတော်သေသည့်တိုင်အောင် ဂီတက ကျတော့နှလုံးသားထဲမှာ “ထာဝရသေဆုံးမသွားဘူး “ထာဝရ ကျတော့အပေါ်သစ္စာရှိတဲ့ဂီတကို ကျတော် သစ္စာဖောက်လိုက်ပါပြီး ခွင့်လွတ်ပါ ။ ကျတော်ချစ်သော” ဂီတ”❤️❤️❤️လို့ ကိုယ်ပိုင်လူမူကွန်ယက်မှာရေးသားခဲ့တာဖြစ်ပါတယ်။