ကျန်းမာရေး

“အာရုံကြောအားနည်းခြင်း၊ပင်ပန်းနွမ်းနယ် လွယ်ခြင်း၊ခြေလက်လေးလံခြင်းနှင့်ညအိပ်မပျော်ခြင်းတို့အတွက် သဘာ၀ ဆေးနည်း”

ညအိပ်မပျော်တာ ကြာရှည်လာခဲ့လျင်အစားအသောက်စားရာတွင်လည်းခံတွင်းမလိုက်တော့ပါဘူး။

အိပ်မပျော်စားမဝင်တော့ဘူးဆိုလျင် အာရုံကြောအားနည်းလာတတ်ပါတယ်။နှလုံးအားပါ နည်းလာတတ်ပါတယ်။

သွေးပေါင်ချိန်လည်း မမှန်တတ်ပါဘူး။ဦးခေါင်းပိုင်းချွေးထွက်လွန်ခြင်း၊ခြေဖျားလက်ဖျားအေးခြင်း၊မျက်စိဝေခြင်း၊နားလေထွက်ခြင်းစတာတွေနဲ့ အဆုတ် ၊ကျောက်ကပ်စွမ်းဆောင်ရည်ကျဆင်းပြီးအစာမကြေခြင်း၊ဝမ်းချုပ်စမြင်းခံခြင်းစတာတွေနဲ့ ပါတ်လည်ရိုက်နေတတ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်လုပ်ရုံမျှနဲ့မောပန်းလွယ်ခြင်း၊စိတ်မရှည်ခြင်းစတာတွေဖြစ်လေ့ရှိပါတယ်။

အထက်ပါအာရုံကြောရောဂါအတွက်ရိုးရှင်းလွယ်ကူတဲ့ဆေးနည်းပေးပါမယ်-

1= သံပုရာသီးအလုံးကြီးတစ်လုံး။

2= ကြက်ဥအစိမ်းတစ်လုံး(မည်သည့်ကြက်ဥ မဆိုရပါသည်)။

3= ပျားရည်စစ်စစ်ဟင်းစားဇွန်းတစ်ဇွန်း(သဘာ ဝပျားရည်မရလွယ်ပါကမွေးမြူရေးပျား ရည်ကိုသုံးစွဲပါ)။

4= ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံး။

5= ရေနွေးကြမ်းအဖြူထည်ပူပူအကြမ်းပန်းကန် တစ်ဝက်စသည်တို့လိုအပ်ပါမည်။

– ရှေးဦးစွာ သင့်တော်မည့်အရွယ် ပန်းကန်လုံးတစ်လုံးထဲ သံပုရာသီးတစ်လုံးကို ထက်ခြမ်းခွဲ၍နှစ်ခြမ်းလုံးအရည်ညှစ်ထည့်ပြီး အစေ့များကို ဖယ်ရှားပစ်ပါ။

– ထို့နောက် ပျားရည်ကို ဟင်းစားဇွန်းတစ်ဇွန်းစာ ထည့်ပါ။

– ပြီးပါက ကြက်ဥအစိမ်းတစ်လုံးဖေါက်ထည့်ပါ။

– တဖန် ရေနွေးအဖြူပူပူအကြမ်းပန်းကန်တစ် ဝက်စာကိုထပ်မံလောင်းထည့်ပြီးသမအောင် မွှေပေးပါ။

– ဖီးကြမ်းငှက်ပျောသီးအမှည့်တစ်လုံးကို ညက် နေအောင် ပြုလုပ်ပြီး ထပ်မံထည့်ပါ။

ထိုသို့ ပြုလုပ်ပြီးပါက အသင့်သောက်သုံး၍ရပါ ပြီ။

အထက်ပါအာရုံကြောအားဆေးကိုသောက်သုံးရမည့်အခြေအနေနှင့်အချိန်အခါများ

1= အားအင်ကုန်ခမ်းမောပန်းနေသည့်အခါ။

2=ညအိပ်ရေးပျက်သည့်အခါ။

3=ခြေလက်လေးလံထိုင်းမှိုင်းနေသည့်အခါ။

4=စိတ်ရွှင်လန်းမှုမရှိသည့်အခါ။

5=မလုပ်ချင်မကိုင်ချင်ဖြစ်နေသည့်အခါမျိုးတွင်သောက်သုံးပြီးအနည်းဆုံးဆယ့်ငါးမိနစ်ခန့်ငြိမ်သက်စွာအိပ်စက်အနားယူပေးပါကအားအင်ပြည့်ဖြိုးပြီးပြန်လည်လန်းဆန်းလာစေပါမည်။

အထက်အားဆေး၏ထူးခြားချက်မှာအကြောအားဆေးသွင်းသကဲ့သို့ အားအမြန်ပြည့်စေပြီး အာရုံကြောအား ၊ အကြောအား ကောင်းမွန်စေပါသည်။

ဤဆေးကို နံနက်စောစော မည်သည့်အစာမျှမစားမှီ နှင့် ညအိပ်ရာဝင်ခါနီး တစ်ကြိမ် သောက်သုံးပေးပါက ပို၍အဆင်ပြေပါသည်။

အကယ်၍ မိမိအဆင်ပြေရာအချိန်တစ်ချိန်တွင် သောက်သုံးပေးမည်ဆိုလျင်လည်းရပါသည်။

အနည်းလေး တစ်ရက်တစ်ကြိမ် နေ့စဥ် မှီဝဲပေးပါက ပေါ့ပါးသွက်လက်ကျန်းမာစေပါမည်။။

မှတ်ချက်။ ညအိပ်ချိန်ဖုန်းမကြည့်ရပါ။နှစ်ခြိုက်စွာအိပ်ပျော်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါသည်။

“🙏ကျန်းမာချမ်းသာကြပါစေ🙏”

Original Uploader

#Credit_မူရင်း_လူကြီးမင်း