ဗဟုသုတ

နောင်ချိုမှာ ရောဂါပိုးရှိသူ (၄၇)ဦး ထပ်တွေ့၊ မူကြိုနဲ့ တတိယတန်း ကလေးငယ် ၃ ဦး ပါဝင်၊ ပိုးရှိသူ (၁၀၂)ဦးအထိ ရှိလာ

ရှမ်း/မြောက် နောင်ချိုမြို့နယ်မှာ ပိုးတွေ့လူနာတွေနဲ့ ထိစပ်သူ (၂၄၃)ဦးကို မြို့နယ် ဆေးရုံမှာ ဆေးစစ်ရာ ဒီနေ့ ပိုးတွေ့လူနာ (၄၇)ဦး ထပ်မံ တွေ့ရှိခဲ့ပါတယ်။

(၄၇)ဦးအနက် (၈)လသားအရွယ် နို့စို့ကလေးငယ် ၁ ဦး၊ မူကြိုကျောင်းနေရွယ် ကလေး ၂ ဦးနဲ့ တတိယတန်းအရွယ် ၁ ဦိးတို့ ပါဝင်နေပါတယ်။

ဇွန်လ ၁၉ ရက်ကနေ ဒီနေ့အထိ နောင်ချိုမြို့နယ်မှာ ပိုးတွေ့လူနာ (၁၀၂)ဦးအထိ ရှိလာခဲ့ပြီး အနံ့ပျောက် လူနာတွေလည်း နေ့စဉ် တွေ့ရှိနေပါတယ်။

မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ တုံ့ပြန်ကာကွယ်ရေး လုပ်ငန်းအတွက် ကျန်းမာရေးဌာနနဲ့အတူ စေတနာမွန် လူမှုကူညီရေးအသင်း၊ ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းတို့က ပူးပေါင်းလုပ်ဆောင်နေကြပါတယ်။

လက်ရှိ ပိုးတွေ့လူနာတွေကို နောင်ချိုဆေးရုံ နဲ့ မြနန်းတော်ဝင်ခန်းမမှာ ကန့်သတ်ထားရှိပြီး ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။