လုံးဝ မေပါ့ဆသင့္တဲ့ ေလျဖတ္ခါနီးရင္ ျဖစ္တတ္တဲ့ လကၡဏာ(၆)ခ်က္
လူသားမ်ား ႐ုတ္တရက္ ေသဆုံးျခင္းနဲ႔ မသန္မစြမ္းျဖစ္ ရျခင္းေတြမွာ ေလျဖတ္ေရာဂါဟာ အဓိကအေၾကာင္းအရင္း တစ္ခုအေနနဲ႔ ပါဝင္ ပါတယ္။ ဒီေလျဖတ္တာကို ေဆးပညာအရေတာ့ Stroke လို႔ေခၚပါတယ္။ ေလျဖတ္ျခင္းမွာ အဓိကအားျဖင့္ ၂မ်ိဳးရွိပါတယ္။ ထို ၂မ်ိဳးကေတာ့
၁။ ဦးေႏွာက္အတြင္း ေသြးေၾကာပိတ္လို႔ ေလျဖတ္ျခင္း(ဦးေႏွာက္ထဲ မွာရွိတဲ့ ေသြးေၾကာငယ္ေလးေတြ က်ဥ္းၿပီး ပိတ္ေနတာေၾကာင့္ သို႔မဟုတ္ တစ္ျခား ေသြးေၾကာႀကီးေတြထဲက ေသြးခဲဟာ လာပိတ္တာေၾကာင့္ ျဖစ္တဲ့ေလျဖတ္ျခင္း) ဆိုတဲ့ Ischaemic stroke နဲ႔
၂။ ဦးေႏွာက္အတြင္း ေသြးေၾကာေပါက္လို႔ ေလျဖတ္ျခင္း (ဦးေႏွာက္အတြင္းေသြးေၾကာေလးမ်ား ေသြးေပါင္ခ်ိန္တက္လို႔ ေပါက္ထြက္ တာေၾကာင့္ ျဖစ္လာတဲ့ေလျဖတ္ျခင္း) ဆိုတဲ့ Hypertensive stroke ဆိုၿပီးေတာ့ ႏွစ္မ်ိဳးရွိပါတယ္။
႐ုတ္တရက္ ေလျဖတ္ၿပီးၿပီးခ်င္း တစ္မိနစ္ၾကာတိုင္းမွာ ဦးေႏွာက္အတြင္းရွိဆဲလ္ေပါင္း ၁ဒသာမ ၉သန္းဟာ ေသြးေကာင္းစြာ မရတဲ့ အတြက္ ပ်က္စီ းရပါတယ္။ ေလျဖတ္တဲ့အခ်ိန္နဲ႔ ေဆးကုသမႈရတဲ့ အခ်ိန္ႏွစ္ခုၾကား အခ်ိန္ကာလဟာ ၾကာလာေလေလ ဦးေႏွာက္ထဲက ဆဲလ္ေတြက ထိခိုက္ ပ်က္စီးမႈႏႈန္း မ်ားေလေလပါပဲ။
ေလျဖတ္ျဖတ္ခ်င္း ေစာစီးစြာကုသမႈ ခံယူရခဲ့ပါက ဦးေႏွာက္အတြင္းရွိ ဆဲလ္ပ်က္စီးမႈ အရမ္းမမ်ားေသးတဲ့အတြက္ လူနာဟာ အေကာင္းပတိအတိုင္း ျပန္လည္ေကာင္းမြန္ဖို႔အတြက္ အခြင့္အေရးပိုမ်ားပါတယ္။
ေလျဖတ္မႈ အခ်ိန္ၾကာျမင့္လာရင္(ဆိုလိုတာက ေလျဖတ္ျဖတ္ခ်င္း သင့္ေတာ္တဲ့ေဆးကုသမႈမရဘဲ ၾကာေနရင္) ဦးေနာက္ အတြင္းရွိ ဆဲလ္ပ်က္စီးမႈမ်ားတဲ့အတြက္ လူနာဟာ စကားေျပာဖို႔ ခက္ခဲတာ၊ မွတ္ဉာဏ္ေတြဆုံးရႈံးတာနဲ႔ ေျခလက္ျပန္လည္ လႈပ္ရွားႏိုင္ေျခ နည္းသြားတာေတြျဖစ္ဖို႔ ပိုအခြင့္အေရးမ်ား ပါတယ္။
ဒါေၾကာင့္ ေလျဖတ္ေရာဂါလကၡဏာ ခံစား ရရခ်င္းမွာ ေဆးခန္း ေဆး႐ုံျပၿပီး ေစာစီးစြာကုသမႈခံယူဖို႔က အလြန္အေရးႀကီး ပါတယ္။
ဒီအတြက္ ဒီတစ္ပတ္ရဲ႕ေသာၾကာေန႔ညခ်မ္းေလးမွာ လူအမ်ား သတိထားေလ့မရွိတဲ့ ေလျဖတ္ခါနီးရင္ ျပတတ္ေသာ လကၡဏာ (၆)ခ်က္ကို အခုလိုပဲ ေမတၱာနဲ႔ ေရးသားတင္ျပေပးလိုက္ပါတယ္။
၁။ ေခါင္းတအားကိုက္ျခင္း
လူတိုင္းနီးပါး မၾကာခဏ ေခါင္းကိုက္တတ္ ပါတယ္။ ေခါင္းကိုက္ရျခင္း အေၾကာင္းေတြကလည္း အမ်ားႀကီးပါပဲ။ ဒါေၾကာင့္ေခါင္းကိုက္ တာကို လူအမ်ားစုက သိပ္အေလးထားေလ့ မရွိတတ္ၾကပါဘူး။
သို႔ေသာ္ အခုတစ္ခါ ေခါင္းကိုက္တာက အရင္အခါေတြနဲ႔မတူ တအားျပင္းျပင္းထန္ထန္ကိုက္တာ သို႔မဟုတ္ အရင္က တစ္ခါမွ ေခါင္းကိုက္တာမျဖစ္ဘဲ စၿပီးေတာ့ ခုမွေခါင္းကိုက္တာမ်ိဳးဆိုရင္ေတာ့ ဒါဟာ ေလျဖတ္ေရာဂါလကၡဏာ ျဖစ္ႏိုင္ေျခ ရွိပါတယ္။
ကြဲကြဲျပားျပားကေတာ့ ဆရာဝန္ေတြက စမ္းသပ္ စစ္ေဆးၾကည့္မွ သိမွာျဖစ္တဲ့အတြက္ ေပါ့ေပါ့တန္တန္သေဘာ မထားဘဲ နီးစပ္ရာေဆး႐ုံ ေဆးခန္းျပသဖို႔အတြက္ ေကာင္းေကာင္း လိုအပ္ပါတယ္။
၂။ အျမင္အာ႐ုံက တစ္ခုကို ႏွစ္ရိပ္ႏွစ္ထပ္ျမင္ရျခင္း
အရာဝတၳဳတစ္ခုကို ႏွစ္ရိပ္ႏွစ္ထပ္ျမင္ရျခင္း ၊ အျမင္မႈန္ဝါးျခင္း၊ မ်က္စိတစ္ဖက္ ႐ုတ္တရက္ မျမင္ရျခင္းစတာေတြဟာ ေလျဖတ္ျခင္းရဲ႕ ေရာဂါလကၡဏာေတြ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ လူအမ်ားစုဟာ ဒီလို ႏွစ္ရိပ္ႏွစ္ထပ္ျဖစ္တာ ၊
အျမင္မႈန္ဝါးတာေတြျဖစ္ရျခင္းက ပင္ပန္းႏြမ္းနယ္လို႔ ၊ အသက္ႀကီးလို႔ ၊ ျဖစ္ရတာလို႔ပဲ မွတ္ယူၿပီးေတာ့ ေပါ့ေပါ့ဆဆေနတာေတြ မ်ားပါတယ္။ အေရးေပၚေဆးကုသမႈပညာရပ္အထူးကု ဆရာဝန္တစ္ဦးျဖစ္တဲ့ ေဒါက္တာကာ႐ိုလင္း ကေတာ့ လူအမ်ားစုဟာ ထင္သလို ျမင္ကြင္းအာ႐ုံ ႏွစ္ရိပ္ႏွစ္ထပ္ျမင္ရျခင္း ၊
အျမင္ဝါးျခင္းေတြဟာ အသက္ႀကီးလို႔ ျဖစ္တာ ပင္ပန္းႏြမ္းနယ္လို႔ မ်က္စိအသုံးျပဳတာမ်ားလို႔ ျဖစ္တာ မဟုတ္ႏိုင္ဘဲ ေလျဖတ္ျခင္းရဲ႕ လကၡဏာ ျဖစ္ႏိုင္ေျခ ပိုမ်ားေၾကာင္း ေျပာျပထားပါတယ္။
၃။ အိပ္ရာအထ လက္ေမာင္းနဲ႔ေျခေထာက္မ်ား ထုံက်င္ေနျခင္း
တေရးအိပ္ၿပီးေတာ့ ႏိုးလာတဲ့အခါ ေျခလက္ေတြ ထုံက်င္တာမ်ိဳးျဖစ္ရင္ ငါ အခ်ိန္ၾကာႀကီး ဖိအိပ္မိလို႔ျဖစ္တာပဲ ဆိုၿပီး လူအမ်ားစုက အလြယ္တကူ ေပါ့ေပါ့ေလ်ာ့ေလ်ာ့ပဲ ယူဆတတ္ၾကပါတယ္။
သို႔ေသာ္ ဒီလို ထုံက်င္ေနတာဟာ ၁၅မိနစ္ ကေန နာရီဝက္ၾကာတဲ့အခ်ိန္ထိ ေပ်ာက္ကင္းသက္သာမႈမရွိရင္ေတာ့ ေဆးခန္းျပသဖို႔ လိုအပ္ပါတယ္။
ဘာလို႔လဲဆိုေတာ့ ဒီလိုထုံတာက်င္တာဆက္ျဖစ္ေနျခင္းက သင့္ေက်ာ႐ိုးမွ ဦးေခါင္း ေနာက္ပိုင္းသို႔သြားတဲ့ ေသြးေၾကာထဲမွာ အေၾကာင္းတစ္ခုခုေၾကာင့္ ေသြးစီးဆင္းမႈ ေလ်ာ့နည္းသြားျခင္းေၾကာင့္လည္း ျဖစ္ႏိုင္လို႔ပါ။
၄။ စကားေျပာရာတြင္ ဗလုံးဗေထြးျဖစ္ေနျခင္း
လူတစ္ခ်ိဳ႕က စကားေျပာရာမွာ ဗလုံးဗေထြးျဖစ္လာရင္ စိုးရိမ္ၿပီး ေဆးခန္းျပတတ္ၾကေပမယ့္ လူအမ်ားစုကေတာ့ ဒီလိုစကားေျပာရာမွ ဗလုံးဗေထြးျဖစ္တာဟာ ပင္ပန္းလို႔ သို႔မဟုတ္ မိမိေသာက္သုံးေနတဲ့ တစ္ခ်ိဳ႕ေသာ ေဆးဝါးမ်ားရဲ႕ (ဥပမာ တခ်ိဳ႕ကိုက္ခဲနာက်င္မႈေပ်ာက္ေဆးမ်ား) ေဘးထြက္ဆိုးက်ိဳးျဖစ္မယ္လို႔
ယူဆၿပီးေတာ့ပဲ ေပါ့ေပါ့ဆဆ ေနတတ္ၾက ပါတယ္။ စကားမ်ား ဗလုံးဗေထြးျဖစ္တာဟာ ေလျဖတ္ႏိုင္တဲ့ အေၾကာင္းအရင္း တစ္ခုျဖစ္ဖို႔ အတြက္ ျဖစ္ႏိုင္ေျခပို မ်ားတာေၾကာင့္ ဆရာဝန္နဲ႔ျပသစစ္ေဆးၿပီး ေကာင္းေကာင္း ကုသမႈခံ ယူဖို႔ေတာ့ လိုပါတယ္။
စကား ဗလုံးဗေထြးျဖစ္တာနဲ႔ တြဲျဖစ္တတ္တာေတြကေတာ့ မ်က္ႏွာတစ္ျခမ္း႐ြဲ႕သြားတာ ျဖစ္ပါတယ္။
၅။ ခႏၶာကိုယ္ကို ဟန္ခ်က္မထိန္းႏိုင္ဘဲ ဒယိမ္းဒယိုင္ျဖစ္ျခင္း
လူတစ္ခ်ိဳ႕က အထူးသျဖင့္ အရက္ေသာက္တဲ့သူေတြဆိုရင္ ခႏၶာကိုယ္ဟန္ခ်က္ပ်က္ၿပီးေတာ့ ဒယိမ္းဒယိုင္ျဖစ္ တာဟာ သူတို႔ မေန႔ညတုန္းက အေသာက္မ်ားသြားလို႔ ဒီမနက္ဒီလိုျဖစ္တာလို႔ ယူဆတတ္ၾက ပါတယ္။ တစ္ခ်ိဳ႕က်ေတာ့လည္း အိပ္ေရးပ်က္လို႔ ၊ ပင္ပန္းလို႔ ၊ အစားေသာက္နည္းလို႔ ၊
ေခြၽးထြက္လြန္လို႔ ျဖစ္တယ္လို႔ ယူဆထား တတ္ၾကပါတယ္။ ဒယိမ္းဒယိုင္းျဖစ္ၿပီး ဟန္ခ်က္ပ်က္တာဟာ သင့္ရဲ႕ ဦးေႏွာက္ဆီကို ေသြးစီးဆင္းမႈ ေလ်ာ့နည္းသြားတာေၾကာင့္ပဲ ျဖစ္ပါတယ္။
ဒါေၾကာင့္ ႐ုတ္တရက္ ဒီလိုမ်ိဳးေတြ ျဖစ္လာၿပီ ဆိုပါက နီးစပ္ရာကို အကူအညီေတာင္းၿပီးေတာ့ ေဆးခန္းျပသဖို႔ လိုအပ္ ပါတယ္။
၆။ ဇေဝဇဝါျဖစ္ၿပီး စိတ္ရႈပ္ေထြးကာ စိတ္ခံစားမႈမ်ား မၾကည္မလင္ျဖစ္ျခင္း
ဒီဘက္ေခတ္မွာ စားဝတ္ေနေရးၾကပ္တည္းလို႔ ႐ုန္းကန္ေနရၿပီး စိတ္ရႈပ္ေထြးမႈေတြလည္း မၾကာခဏ ခံစားရတတ္ၿပီး စိတ္မၾကည္မလင္ တာေတြ ျဖစ္တတ္ ပါတယ္။ စိတ္ရႈပ္ေထြးတဲ့အခါ အေၾကာင္းအရာတစ္ခုကို ျပန္မွတ္မိရန္၊
စကားတစ္လုံးေျပာရန္ အတြက္ အခ်ိန္ေပးစဥ္းစားရတဲ့ အခါ မ်ိဳးေတြ လူတိုင္းမွာရွိႏိုင္ေပမယ့္ အခ်ိန္ၾကာျမင့္စြာစဥ္းစားမရျခင္း ၊ တစ္ခုခုကိုေျပာရန္ အခ်ိန္အၾကာႀကီး အာ႐ုံစိုက္စဥ္းစားေသာ္လည္း ေပၚမလာျခင္း ၊
ေျပာမရျခင္းေတြျဖစ္ခဲ့ရင္ေတာ့ ေဆးခန္းျပၿပီး စမ္းသပ္စစ္ေဆးမႈေတြလုပ္သင့္ပါတယ္လို႔ အေရးေပၚေဆးပညာရွင္ အထူးကုဆရာဝန္ ေဒါက္တာကာ႐ိုလင္းက အႀကံျပဳထားပါတယ္။
ဘာျဖစ္လို႔လဲဆိုေတာ့ ႐ုတ္တရက္ စိတ္ရႈပ္ေထြးကာ စိတ္ခံစားမႈေတြ မၾကည္မလင္ျဖစ္ျခင္းဟာလည္း ေလျဖတ္ခါနီးရင္ လကၡဏာတစ္ခုအေနနဲ႔ ျဖစ္ႏိုင္ေျခမ်ားတဲ့ လကၡဏာတစ္ရပ္ ျဖစ္ေနလို႔ပါပဲ။
Unicode
‘လုံးဝ မပေါ့ဆသင့်တဲ့ လေဖြတ်ခါနီးရင် ဖြစ်တတ်တဲ့ လက္ခဏာ(၆)ချက်
လူသားများ ရုတ်တရက် သေဆုံးခြင်းနဲ့ မသန်မစွမ်းဖြစ် ရခြင်းတွေမှာ လေဖြတ်ရောဂါဟာ အဓိကအကြောင်းအရင်း တစ်ခုအနေနဲ့ ပါဝင် ပါတယ်။ ဒီလေဖြတ်တာကို ဆေးပညာအရတော့ Stroke လို့ခေါ်ပါတယ်။ လေဖြတ်ခြင်းမှာ အဓိကအားဖြင့် ၂မျိုးရှိပါတယ်။ ထို ၂မျိုးကတော့
၁။ ဦးနှောက်အတွင်း သွေးကြောပိတ်လို့ လေဖြတ်ခြင်း(ဦးနှောက်ထဲ မှာရှိတဲ့ သွေးကြောငယ်လေးတွေ ကျဉ်းပြီး ပိတ်နေတာကြောင့် သို့မဟုတ် တစ်ခြား သွေးကြောကြီးတွေထဲက သွေးခဲဟာ လာပိတ်တာကြောင့် ဖြစ်တဲ့လေဖြတ်ခြင်း) ဆိုတဲ့ Ischaemic stroke နဲ့
၂။ ဦးနှောက်အတွင်း သွေးကြောပေါက်လို့ လေဖြတ်ခြင်း (ဦးနှောက်အတွင်းသွေးကြောလေးများ သွေးပေါင်ချိန်တက်လို့ ပေါက်ထွက် တာကြောင့် ဖြစ်လာတဲ့လေဖြတ်ခြင်း) ဆိုတဲ့ Hypertensive stroke ဆိုပြီးတော့ နှစ်မျိုးရှိပါတယ်။
ရုတ်တရက် လေဖြတ်ပြီးပြီးချင်း တစ်မိနစ်ကြာတိုင်းမှာ ဦးနှောက်အတွင်းရှိဆဲလ်ပေါင်း ၁ဒသာမ ၉သန်းဟာ သွေးကောင်းစွာ မရတဲ့ အတွက် ပျက်စီ းရပါတယ်။ လေဖြတ်တဲ့အချိန်နဲ့ ဆေးကုသမှုရတဲ့ အချိန်နှစ်ခုကြား အချိန်ကာလဟာ ကြာလာလေလေ ဦးနှောက်ထဲက ဆဲလ်တွေက ထိခိုက် ပျက်စီးမှုနှုန်း များလေလေပါပဲ။
လေဖြတ်ဖြတ်ချင်း စောစီးစွာကုသမှု ခံယူရခဲ့ပါက ဦးနှောက်အတွင်းရှိ ဆဲလ်ပျက်စီးမှု အရမ်းမများသေးတဲ့အတွက် လူနာဟာ အကောင်းပတိအတိုင်း ပြန်လည်ကောင်းမွန်ဖို့အတွက် အခွင့်အရေးပိုများပါတယ်။
လေဖြတ်မှု အချိန်ကြာမြင့်လာရင်(ဆိုလိုတာက လေဖြတ်ဖြတ်ချင်း သင့်တော်တဲ့ဆေးကုသမှုမရဘဲ ကြာနေရင်) ဦးနောက် အတွင်းရှိ ဆဲလ်ပျက်စီးမှုများတဲ့အတွက် လူနာဟာ စကားပြောဖို့ ခက်ခဲတာ၊ မှတ်ဉာဏ်တွေဆုံးရှုံးတာနဲ့ ခြေလက်ပြန်လည် လှုပ်ရှားနိုင်ခြေ နည်းသွားတာတွေဖြစ်ဖို့ ပိုအခွင့်အရေးများ ပါတယ်။
ဒါကြောင့် လေဖြတ်ရောဂါလက္ခဏာ ခံစား ရရချင်းမှာ ဆေးခန်း ဆေးရုံပြပြီး စောစီးစွာကုသမှုခံယူဖို့က အလွန်အရေးကြီး ပါတယ်။
ဒီအတွက် ဒီတစ်ပတ်ရဲ့သောကြာနေ့ညချမ်းလေးမှာ လူအများ သတိထားလေ့မရှိတဲ့ လေဖြတ်ခါနီးရင် ပြတတ်သော လက္ခဏာ (၆)ချက်ကို အခုလိုပဲ မေတ္တာနဲ့ ရေးသားတင်ပြပေးလိုက်ပါတယ်။
၁။ ခေါင်းတအားကိုက်ခြင်း
လူတိုင်းနီးပါး မကြာခဏ ခေါင်းကိုက်တတ် ပါတယ်။ ခေါင်းကိုက်ရခြင်း အကြောင်းတွေကလည်း အများကြီးပါပဲ။ ဒါကြောင့်ခေါင်းကိုက် တာကို လူအများစုက သိပ်အလေးထားလေ့ မရှိတတ်ကြပါဘူး။
သို့သော် အခုတစ်ခါ ခေါင်းကိုက်တာက အရင်အခါတွေနဲ့မတူ တအားပြင်းပြင်းထန်ထန်ကိုက်တာ သို့မဟုတ် အရင်က တစ်ခါမှ ခေါင်းကိုက်တာမဖြစ်ဘဲ စပြီးတော့ ခုမှခေါင်းကိုက်တာမျိုးဆိုရင်တော့ ဒါဟာ လေဖြတ်ရောဂါလက္ခဏာ ဖြစ်နိုင်ခြေ ရှိပါတယ်။
ကွဲကွဲပြားပြားကတော့ ဆရာဝန်တွေက စမ်းသပ် စစ်ဆေးကြည့်မှ သိမှာဖြစ်တဲ့အတွက် ပေါ့ပေါ့တန်တန်သဘော မထားဘဲ နီးစပ်ရာဆေးရုံ ဆေးခန်းပြသဖို့အတွက် ကောင်းကောင်း လိုအပ်ပါတယ်။
၂။ အမြင်အာရုံက တစ်ခုကို နှစ်ရိပ်နှစ်ထပ်မြင်ရခြင်း
အရာဝတ္ထုတစ်ခုကို နှစ်ရိပ်နှစ်ထပ်မြင်ရခြင်း ၊ အမြင်မှုန်ဝါးခြင်း၊ မျက်စိတစ်ဖက် ရုတ်တရက် မမြင်ရခြင်းစတာတွေဟာ လေဖြတ်ခြင်းရဲ့ ရောဂါလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူအများစုဟာ ဒီလို နှစ်ရိပ်နှစ်ထပ်ဖြစ်တာ ၊
အမြင်မှုန်ဝါးတာတွေဖြစ်ရခြင်းက ပင်ပန်းနွမ်းနယ်လို့ ၊ အသက်ကြီးလို့ ၊ ဖြစ်ရတာလို့ပဲ မှတ်ယူပြီးတော့ ပေါ့ပေါ့ဆဆနေတာတွေ များပါတယ်။ အရေးပေါ်ဆေးကုသမှုပညာရပ်အထူးကု ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာကာရိုလင်း ကတော့ လူအများစုဟာ ထင်သလို မြင်ကွင်းအာရုံ နှစ်ရိပ်နှစ်ထပ်မြင်ရခြင်း ၊
အမြင်ဝါးခြင်းတွေဟာ အသက်ကြီးလို့ ဖြစ်တာ ပင်ပန်းနွမ်းနယ်လို့ မျက်စိအသုံးပြုတာများလို့ ဖြစ်တာ မဟုတ်နိုင်ဘဲ လေဖြတ်ခြင်းရဲ့ လက္ခဏာ ဖြစ်နိုင်ခြေ ပိုများကြောင်း ပြောပြထားပါတယ်။
၃။ အိပ်ရာအထ လက်မောင်းနဲ့ခြေထောက်များ ထုံကျင်နေခြင်း
တရေးအိပ်ပြီးတော့ နိုးလာတဲ့အခါ ခြေလက်တွေ ထုံကျင်တာမျိုးဖြစ်ရင် ငါ အချိန်ကြာကြီး ဖိအိပ်မိလို့ဖြစ်တာပဲ ဆိုပြီး လူအများစုက အလွယ်တကူ ပေါ့ပေါ့လျော့လျော့ပဲ ယူဆတတ်ကြပါတယ်။
သို့သော် ဒီလို ထုံကျင်နေတာဟာ ၁၅မိနစ် ကနေ နာရီဝက်ကြာတဲ့အချိန်ထိ ပျောက်ကင်းသက်သာမှုမရှိရင်တော့ ဆေးခန်းပြသဖို့ လိုအပ်ပါတယ်။
ဘာလို့လဲဆိုတော့ ဒီလိုထုံတာကျင်တာဆက်ဖြစ်နေခြင်းက သင့်ကျောရိုးမှ ဦးခေါင်း နောက်ပိုင်းသို့သွားတဲ့ သွေးကြောထဲမှာ အကြောင်းတစ်ခုခုကြောင့် သွေးစီးဆင်းမှု လျော့နည်းသွားခြင်းကြောင့်လည်း ဖြစ်နိုင်လို့ပါ။
၄။ စကားပြောရာတွင် ဗလုံးဗထွေးဖြစ်နေခြင်း
လူတစ်ချို့က စကားပြောရာမှာ ဗလုံးဗထွေးဖြစ်လာရင် စိုးရိမ်ပြီး ဆေးခန်းပြတတ်ကြပေမယ့် လူအများစုကတော့ ဒီလိုစကားပြောရာမှ ဗလုံးဗထွေးဖြစ်တာဟာ ပင်ပန်းလို့ သို့မဟုတ် မိမိသောက်သုံးနေတဲ့ တစ်ချို့သော ဆေးဝါးများရဲ့ (ဥပမာ တချို့ကိုက်ခဲနာကျင်မှုပျောက်ဆေးများ) ဘေးထွက်ဆိုးကျိုးဖြစ်မယ်လို့
ယူဆပြီးတော့ပဲ ပေါ့ပေါ့ဆဆ နေတတ်ကြ ပါတယ်။ စကားများ ဗလုံးဗထွေးဖြစ်တာဟာ လေဖြတ်နိုင်တဲ့ အကြောင်းအရင်း တစ်ခုဖြစ်ဖို့ အတွက် ဖြစ်နိုင်ခြေပို များတာကြောင့် ဆရာဝန်နဲ့ပြသစစ်ဆေးပြီး ကောင်းကောင်း ကုသမှုခံ ယူဖို့တော့ လိုပါတယ်။
စကား ဗလုံးဗထွေးဖြစ်တာနဲ့ တွဲဖြစ်တတ်တာတွေကတော့ မျက်နှာတစ်ခြမ်းရွဲ့သွားတာ ဖြစ်ပါတယ်။
၅။ ခန္ဓာကိုယ်ကို ဟန်ချက်မထိန်းနိုင်ဘဲ ဒယိမ်းဒယိုင်ဖြစ်ခြင်း
လူတစ်ချို့က အထူးသဖြင့် အရက်သောက်တဲ့သူတွေဆိုရင် ခန္ဓာကိုယ်ဟန်ချက်ပျက်ပြီးတော့ ဒယိမ်းဒယိုင်ဖြစ် တာဟာ သူတို့ မနေ့ညတုန်းက အသောက်များသွားလို့ ဒီမနက်ဒီလိုဖြစ်တာလို့ ယူဆတတ်ကြ ပါတယ်။ တစ်ချို့ကျတော့လည်း အိပ်ရေးပျက်လို့ ၊ ပင်ပန်းလို့ ၊ အစားသောက်နည်းလို့ ၊
ချွေးထွက်လွန်လို့ ဖြစ်တယ်လို့ ယူဆထား တတ်ကြပါတယ်။ ဒယိမ်းဒယိုင်းဖြစ်ပြီး ဟန်ချက်ပျက်တာဟာ သင့်ရဲ့ ဦးနှောက်ဆီကို သွေးစီးဆင်းမှု လျော့နည်းသွားတာကြောင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ရုတ်တရက် ဒီလိုမျိုးတွေ ဖြစ်လာပြီ ဆိုပါက နီးစပ်ရာကို အကူအညီတောင်းပြီးတော့ ဆေးခန်းပြသဖို့ လိုအပ် ပါတယ်။
၆။ ဇဝေဇဝါဖြစ်ပြီး စိတ်ရှုပ်ထွေးကာ စိတ်ခံစားမှုများ မကြည်မလင်ဖြစ်ခြင်း
ဒီဘက်ခေတ်မှာ စားဝတ်နေရေးကြပ်တည်းလို့ ရုန်းကန်နေရပြီး စိတ်ရှုပ်ထွေးမှုတွေလည်း မကြာခဏ ခံစားရတတ်ပြီး စိတ်မကြည်မလင် တာတွေ ဖြစ်တတ် ပါတယ်။ စိတ်ရှုပ်ထွေးတဲ့အခါ အကြောင်းအရာတစ်ခုကို ပြန်မှတ်မိရန်၊
စကားတစ်လုံးပြောရန် အတွက် အချိန်ပေးစဉ်းစားရတဲ့ အခါ မျိုးတွေ လူတိုင်းမှာရှိနိုင်ပေမယ့် အချိန်ကြာမြင့်စွာစဉ်းစားမရခြင်း ၊ တစ်ခုခုကိုပြောရန် အချိန်အကြာကြီး အာရုံစိုက်စဉ်းစားသော်လည်း ပေါ်မလာခြင်း ၊
ပြောမရခြင်းတွေဖြစ်ခဲ့ရင်တော့ ဆေးခန်းပြပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်လို့ အရေးပေါ်ဆေးပညာရှင် အထူးကုဆရာဝန် ဒေါက်တာကာရိုလင်းက အကြံပြုထားပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ရုတ်တရက် စိတ်ရှုပ်ထွေးကာ စိတ်ခံစားမှုတွေ မကြည်မလင်ဖြစ်ခြင်းဟာလည်း လေဖြတ်ခါနီးရင် လက္ခဏာတစ်ခုအနေနဲ့ ဖြစ်နိုင်ခြေများတဲ့ လက္ခဏာတစ်ရပ် ဖြစ်နေလို့ပါပဲ။