News

“စာမေးပွဲဖြေနေသည့် ကျောင်းသူ (၂၀) ဦးထံတွင် ကိုဗစ်ပိုးတွေ့”

မော်လမြိုင်၊ ဇွန် ၂၄

မော်လမြိုင်တက္ကသိုလ်အတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိမှုမြင့်တက်လာခဲ့ပြီးနောက် စာမေးပွဲဖြေဆိုနေသူ (၂၀) ဦးခန့်တွင် ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မော်လမြိုင်တက္ကသိုလ်သတင်းဌာနက ဖော်ပြထားသည်။

သီးသန့်ခွဲထားကာ အဆောင်တွင်း စာမေးပွဲဖြေဆိုနေသည့် မော်လမြိုင်တက္ကသိုလ် အင်ကြင်းဆောင် ကျောင်းသူ (၂၅) ဦးအနက် ကျောင်းသူ (၂၀) ဦးတွင် Covid-19 ရောဂါပိုး ထပ်မံတွေ့ရှိ‌ကြောင်း ဇွန်လ (၂၃) ရက်နေ့က စစ်ဆေးမှုများအရ သိရှိရသည်။

တက္ကသိုလ် တာဝန်ရှိသူများက ကျန်ရှိ‌သော ကျောင်းသူ/သားများအား စာမေးပွဲ ပြီးဆုံးသည်အထိ ဆက်လက်ဖြေဆိုနေစေပြီး အဆိုပါ ကျောင်းသူ (၂၀) ဦးကို စာမေးပွဲဖြေဆိုမှု ရပ်နားထားကာ ထားဝယ်ဆောင်၌ Quarantine ထားရှိကြောင်း သိရသည်။

လက်ရှိအချိန်အထိ မော်လမြိုင်တက္ကသိုလ်အတွင်း ရောဂါပိုး ကူးစက်ခံထားရသူ (၄၀) ဦးခန့်ရှိနေပြီဖြစ်သည်။

ကိုးကား – မော်လမြိုင်တက္ကသိုလ်သတင်း

ဓာတ်ပုံ – ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က Quarantine Center အဖြစ် ပြုလုပ်ထားရှိသော မော်လမြိုင်တက္ကသိုလ် ထားဝယ်ဆောင်ပုံ