Photo – CJ
#SHANBurmese
ရေထဲခုန်ချသည့် ချစ်သူနှစ်ဦး နှင့် လိုက်လံကယ်သူ တစ်ဦး ရေနှစ်သေဆုံး
သျှမ်းသံတော်ဆင့် ၊ဇွန် ၂၃
သျှမ်းပြည်တောင်းပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ် ရုရှားရေကန်းအနီးတွင် သည့် ချစ်သူနှစ်ဦးရန်ဖြစ်ကာ ရေထဲခုန်ချပြီး အမျိုးသားသူငယ်ချင်းတစ်ဦးကလိုက်လံကူညီကာ (၃)ဦးစလုံး ရေနှစ် သေဆုံး သွားရကြောင်း သတင်းသိရသည်။
ဖြစ်စဉ်မှာ ယနေ့ ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်း ၉ နာရီ ဝန်းကျင်တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဘုရားဖြူရပ် ရုရှားရေကန်အနီးတွင် ချစ်သူ နစ်ဦး ရန်ဖြစ်ရင်းရေထဲခုန်ချခဲ့ရာ မြင်တွေ့ရသည့် သူငယ်ချင်းက ကယ်ဆယ်ရန် အတွက် လိုက်ခုန်ဆင်းရာမှ သုံးဦးစလုံး ရေနှစ် သေဆုံးကြောင်း သိရသည်။
တောင်ကြီးမြို့ရှိ ကယ်ဆယ်ရေးနှင့် မီးသတ်တပ်ဖွဲ့ များ စုပေါင်းကာ အလောင်းကို ပြန်လည်ရှာဖွေပြီး တစ်ဦးချင်းစီအလိုက် သုံးဦးစလုံးကို နံနက် ၁၀ နာရီခွဲ ခန့်တွင် တွေ့ရကြောင်း သိရသည်။
Photo – CJ
#SHANBurmese