News

“ကိုငှက်ရေ…..ခင်ဗျားအဖြစ်အပျက်နဲ့ နှစ်ပေါင်း(၃၀) အကွာ၊ 2021.မိုးရေချိန်သိပ်ထူတဲ့လကြီးမှာ..ဒီလူငယ်လေးကတော့ ခင်ဗျားလောက် ကံမကောင်းရှာဘူး”

တချိန်က 1988 မာနယ်ပလော လွတ်မြောက်နယ်မြေ တဲစုတ်လေးတစ်ခုမှာ ပိန်သွယ်သွယ် ယိုင်လုလု ကိုယ်ခန္ဓာနဲ့မမျှအောင် ငှက်ဖျားဒဏ်ကို အလူးအလဲခံရင်း အိမ်ကိုအမေ့ကိုလွမ်းတဲ့စိတ်နဲ့မျက်ရည်ကြိတ်ကျခဲ့ဖူးရှာတဲ့အနုပညာ လူကြမ်းကြီးတစ်ယောက်ရှိခဲ့ဖူးတယ်။

လူနံမည် “ကိုငှက်”သာဆိုတယ် တောကြီးငှက်နဲ့တွေ့တော့သူမနေသာဘူး။အလူးအလဲခံရရှာတယ်။တသက်လုံးစာ အဲ့ဒီငှက်ဖျားဒဏ်ကြောင့်နှားထင်ကြီးညိုကွက်လို့နေသွားရရှာတာ။

ငှက်ဖျားကနာလံလဲထူတော့ သူ့ခဗျာ ကျောင်းသားတပ်ဥကဌကိုထွန်းအောင်ကျော်ကို ကုန်းကန်တော့ရင်း “ဥကဌ ကျွန်တော်အိမ်ကိုပြန်တော့မယ်။အမေ့ကိုလွမ်းတယ်”တဲ့။

ဟိုကလည်း..ပြန်ပေါ့..ဒါပေမဲ့ကျောင်းသားတပ်ကို အလေးမြတ်ထားတဲ့အနေနဲ့ အာဏာရှင်ရဲ့ဝါဒဖြန့်မူအတွက် မင့်အနုပညာကိုဘယ်တော့မှအသုံးမချဘူးလို့ကတိပေးပါ။လို့မှာလိုက်တယ်…။

ကိုငှက်တစ်ယောက် သေသည်ထိ ဝါဒဖြန့်သီချင်းတစ်ပုဒ် မရေးသွားဘူး၊မဆိုသွားဘူး။ဘယ်လိုဝါဒဖြန့်ရာမှာမှသူ့အနုပညာနို့ရည်တစက်ချမသွားဘူး။

သေသည်ထိ သစ္စာ စောင့်သိသွားခဲ့တယ်။အခု..အသက်လေးဆယ်ငါးဆယ်တန်းတွေ..ခဗျားတို့သိပ်ကံကောင်းတယ်။ကိုငှက်ရဲ့အနုပညာရေစင်ကို နောက်ထပ် ဆယ့်ခြောက်နှစ်စာလောက်ကောင်းကောင်းကြီး တဝကြီး ဆက်ခံစားခွသ့်ရခဲ့ကြတယ်။

ကျုပ်တို့အသက်အရွယ် လူငယ် မျိုးဆက်တွေအလှည့်ကျ ကံမကောင်းဘူးဗျ။နောက်ထပ် ထပ်ကြားခွင့်မရှိတော့တဲ့ အပြင်းပြဆုံးအာသီသတွေကို ရင်ဘတ်နဲ့သွေးထားတဲ့ ခပ်ရှရှတေးသံတွေ ပြန်ကြားခွင့်မရှိတော့လို့ ကံမကောင်းကြီးမကောင်းတာ။

ကိုငှက်ရေ…..အဲ့ဒီအဖြစ်အပျက်နဲ့ နှစ်ပေါင်းသုံးဆယ်အကွာ 2021.မိုးရေချိန်သိပ်ထူတဲ့လကြီးမှာ တောကြီးမျက်မဲထဲ…ပိန်သွယ်သွယ် ပါရမီရှင်

လေးတစ်ယောက်ဟာ ယုံကြည်ရာအတွက်…သူချစ်တဲ့နိုင်ငံအတွက်…လူးလိမ့်နေအောင်ငှက်ဖျားbဒဏ်တွေလူးလိမ့်ခံရင်း..ခင်ဗျားလိုပဲ..ညတချို့ကိုဖြတ်ကျော်ခဲ့ရတယ်။

ဒါပေမဲ့ခဗျားလောက်တော့သူကံမကောင်းခဲ့ရှာဘူး။သူ့အမေနဲ့လဲသူပြန်မတွေ့သွားလိုက်ရဘူး။သူချစ်တဲ့ပရိတ်သတ်တွေကိုလဲလက်ပြခွင့်မရခဲ့ရှာဘူး။သူလိုချင်တဲ့ ဖိနှိပ်သူအာဏာရှင်ကင်းစင်နိုင်ံတော်သစ်ကြီးကိုလည်း မခံစားသွားရပြန်ဘူး။

သူ့လောက်မအောင်မြင်တဲ့လူတွေ နှုတ်ဆိတ်ရေငုံပြီး နှမ်းစေ့လောက်အောင်မြင်မူ နေရာပျောက်မဲ့အရေးနဲ့ မတရားတာကိုတွန်းလှန်ရဲတဲ့ သတ်တိမလှဲနိုင်ဖြစ်နေရတဲ့ကြားထဲ…တကယ့်လူဗျာ…

သူ့ ကိုယ်ခန္ဓာ​လေးမှသူအားမနာ တိုင်းပြည်အနာဂတ်အတွက်ဆိုပြီး ရွှေပုံပေါ်ကခုန်ဆင်းခဲ့သတဲ့။မိုက်ချက်ဗျာ……..

ကိုငှက်ရေ…ခဗျားတို့ ကောင်းကင်ဘုံမှာဆုံကြတဲ့အခါ…အဲ့ကောင်လေးပုခုံးကိုဖက်ရင်း..အကောင်းဆုံးစကားလုံးတွေနဲ့.. နှစ်သိမ့်အားပေးရင်း..ကျုပ်တို့တနိုင်ငံလုံးကို…စိတ်ဖြောင့်ဖြောင့်နဲ့သာချန်ခဲ့လို့…..တစ်ချက်လောက်မှာပေးလိုက်စမ်းပါဗျာ။

အလွမ်းပြေ သီချင်းလေး(၁)

အလွမ်းပြေ သီချင်းလေး (၂)

ပြီးတော့ ခဗျားတို့နှစ်ယောက် သူသိပ်ကြိုက်တဲ့

Kurt Kobain ဆီစကားတပြောပြောနဲ့အလည်သွားကြပေါ့။

မော် စီ ထူး