ဗဟုသုတ

သရဏဂုံံသုံးပါးကို ရွတ်ဖတ် ပွားများစေလို(ကပ််ရောဂါဖြစ်ရခြင်းအကြောင််းရင်း)

သရဏဂုံံသုံးပါးကို ရွတ်ဖတ် ပွားများစေလို(ကပ််ရောဂါဖြစ်ရခြင်းအကြောင််းရင်း)

ကပ််ရောဂါဖြစ်ရခြင်းအကြောင််းရင်း

လူတို့ အသက်တမ်း ၅၀၀- တမ််းအောက်၌ လောကတွင် အယုတ်တရားကြီး ၃-မျိုး ဖြစ်ပေါ်လာ၏။

၁။ အဓမ်မရာဂ။

၂။ ဝိသမလောဘ။

၃။ မိိစ္ဆာ ဓမ္မ ဆိုပြီး သုံးမျိုးရှိတယ်။

အဓမ္မရာဂ ဟူသည်

ယောက်ျား မိိန်းမတို့သည် မိိမိတို့ဆိုင်ရာ အာရုံများနှင့် မတင်းတိမ်နိုင်ကြဘဲ၊ အခြားတစ်ပါး၌စွန်းငြိကျူးလွန်သော ရာဂတရားဖြစ်၏။ (လယ်တီဆရာတော်)

(တစ်နည်း)

အမေ အဒေါ် အမ စသော ရာဂမဖြစ်သင့်သူတို့၌ တက်မက်သော ရာဂ တရားကို အဓမ္မရာဂ ဟု ခေါ်သည်။ (အဋ္ဌကထာ)

ယခုခေတ်မှာအဖနဲ့သမီး၊ အမိနဲ့သား၊ အကိုနဲ့နှမ၊ဦးလေးနဲ့ တူမတွေပါ မကျန်ရအောင်ဖတ်လိုက်ရ၊ ကြားလိုက်ရတဲ့ သတင်းတွေက ဟုတ်မှ ဟုတ်ပါရဲ့လို့တောင် ထင်နေရတာဒါတွေဟာ တစ်ကယ်တော့ အဓမ္မရာဂ။

မဖြစ်သင့် မဖြစ်ထိုက်ဖူး ဆိုပေမယ့်ဆုတ်ကပ် ရောက်လာတဲ့အချိန်မှာ ကပ်ဆိုက်ဖို့အတွက် မကောင်းကြံတော့ကပ်ဘေးကြီးဆိုက်ဖို့ အတွက် အကြောင်းတရားတွေ ဖန်တီးသလိုဖြစ်နေတာပေါ့။

ဝိသမလောဘ ဟူသည်

ပစ္စည်းဥစ္စာတို့၌ သူ့ဖို့ကိုယ့်ဖို့ မျှတခြင်း မရှိကြဘဲ ကိုယ့်ဖို့ကိိုယ်သာလုယက်ဆွဲငင်ကြသော လောဘတရား ဖြစ်၏။

ရသမျှ ပစ္စည်းတွေက ဘယ်တော့မှပြည့်တယ်တော်ပီ တန်ပါပြီဆို ရှိမလာခဲ့ကြဘူးဖြည့်သာဖြည့်နေကြတာ ပြည့််သွားပြီဆိုတာ မရှိကြဘူး။ ရလေ လိုလေ အို တစ္ဆေ ဘဝဖြစ်နေကြတာတွေက များလှပလေ။

မိိစ်ဆာဓမ်မ ဟူသည်

တိိရစ္ဆာန်ကို သတ်မှုသည် အပြစ်မရှိ၊အရက်သောက်ခြင်းသည် အပြစ်မရှိအစရှိသဖြင့် ယူဆမှုမျိုး ဖြစ်၏။ (လယ်တီဆရာတော်)

အမှားကို အမှန်ထင်၊ အမှန်ပြင်သူကိုတော့ အများကမုန်း၊ ကိုယ့်ကိုယ် လုံလုံးမထိရင် အမှားတွေကို အမှန်လိုသုံးတဲ့ခေတ်။

(တစ်နည်း)

ယောက်ျားအချင်းချင်း တပ်မက်ခြင်း၊ မိန်းမအချင်းချင်း တပ်မက်ခြင်းသည် မိစ္ဆာဓမ္မ မည်၏။

(အဋ္ဌကထာ)

ထိုအခါ နတ်ဗြဟ္မာတို့သည် လူတို့ကို မကြည်ညိုတော့ပြီ။ လူ့လောကကို မစောင့်ရှောက်ကြတော့ပြီ။ နတ်ဆိုးတို့ကို ထိန်းချုပ်ထားခြင်း မရှိတော့ဘဲ လွှတ်ထားကြကုန်၏။

နတ်ဆိုး သရဲ သဘက်တို့သည် လူတို့နေရာသို့ လာရောက်၍ လူတို့အား ကပ်ရောဂါအမျိုးမျိုးပေး၍အသွေးအဆီတို့ကို စားသောက်ကြကုန်၏။

လူတို့ကို မရခဲ့သော် ကျွဲ နွား မြင်း သိုး စသော သတ္တဝါတို့အား ကပ်ရောဂါအမျိုးမျိုးပေး၍ အသွေး အဆီတို့ကို စားသောက်ကြကုန်၏။

ထိုကပ်ဆိုက်ရာ မြို့ရွာတို့၌ လူ ကျွဲ နွားတို့သည် ထောင် သောင်းများစွာ သေဆုံးကြကုန်တော့၏။ဤသည်မှာ ကပ်ရောဂါဆိုက်ရခြင်းအကြောင်းဖြစ်၏။

ခုလိုမျိုးကပ်ကြီးဆိုက်နေချိန်တောင်မှ တစ်ချို့တွေက ရတာလေးတွေကိုလောဘကြီးပြီး မဖြစ်သင့်တာတွေဖြစ်နေကြတယ်။တစ်ချို့ကလိုချင်မှုလောဘတွေ မထိန်းနိူင်ကြတော့

ဒေါသဖြစ်ကာ သူတစ်ပါးအသက်ကို သတ်မိကြတယ်။တစ်ချို့တွေက အတတ်ပညာရှိကြပြီးအသိပညာ အလိမ္မာဉာဏ်ပညာတရားတွေကင်းမဲ့သွားကာမလုပ်သင့် မဖြစ်သင့်တာတွေ မောဟဆိုတဲ့ မသိမှုကြောင့် ထပ်ခါတစ်လဲလဲ မှားနေကြတယ်။

တစ်ကယ်တော့ဒါတွေဟာ လောဘ ဒေါသ မောဟ တရားဆိုးသုံးပါးကြောင့် ရောဂန္တရကပ် ၊ သတ္တန္တရကပ် ၊ ဒုဗ္ဘိက္ခန္တရကပ် တွေ ဆိုက်လာကြတာပါ။

လူ့လောက၌ လူ့အသက်တမ်း ၅၀၀ အထက်တွင် အယုတ်တရားကြီး ၃ ခု မရှိသေးလျှင်နတ် သိကြား ဗြဟ္မာတို့သည် လူတို့ကို ကြည်ညို လေးစားကြကုန်၏။

လူ့လောကကို ကြည့်ရှု စောင့်ရှောက်ကြကုန်၏။ လူတို့ကို ထိပါးခြင်း မရှိရအောင်နတ်ဆိုးတို့ကို ထိန်းချုပ်ထားကြကုန်၏။

ထိိုအခါ လူ့လောကတွင် မည့်သည့် ကပ်ရောဂါမျှ မရှိ။ထို့ကြောင့် လူ့ပြည် လူ့လောကတွင် ကပ်ရောဂါများ မပေါ်ပေါက်လိုလျှင် အယုတ်တရားကြီး ၃ခုကို ဂရုပြုကြကုန်ရာ၏။

ကျမ်းကိုး။

၁။ အင်္ဂုတ္တိုရ် တိိကနိပါတ်၊ ပလောကသုတ််

၂။ ပါထိကဝဂ္ဂအဋ္ဌကထာ ၃၆၊ ရောဂန္တရဒီပနီ။

သရဏဂုံစွဲမြဲသူ သရဏဂုံသုံးပါးကို မပြတ်ရွတ်ဖတ် ပူဇော်နေသူတို့အားမည်သည့် နတ်ယုတ်မာတို့ကမှ နှောက်ယှက်ဖျက်ဆီးခွင့်မရှိနှောက်ယှက်ဖျက်ဆီး၍ မရပါချေ။

ထို့ကြောင့် သရဏဂုံသုံးပါးကိုရွတ်ဖတ်ပွားများ ထုံမွှန်းထားပြီး ဘေးဒုက္ခကပ်အပေါင်းမှ ကျော်လွှားနိုင်ကြပါစေသတည်း။

ကမ္ဘာသူ ကမ္ဘာသားအားလုံး နှင့် မြန်မာပြည်သူ ပြည်သားအားလုံးကပ်ရောဂါဆိုးကြီးမှ ကျော်လွှားနိုင်ကြပါစေ…။

သရဏဂုံံသုံးပါးကို ရြတ္ဖတ္ ပြားမ်ားေစလို(ကပ္္ေရာဂါျဖစ္ရျခင္းအေၾကာင္္းရင္း)

ကပ္္ေရာဂါျဖစ္ရျခင္းအေၾကာင္္းရင္း

လူတို႔ အသက္တမ္း ၅၀၀- တမ္္းေအာက္၌ ေလာကတြင္ အယုတ္တရားႀကီး ၃-မ်ိဳး ျဖစ္ေပၚလာ၏။

၁။ အဓမ္မရာဂ။

၂။ ဝိသမေလာဘ။

၃။ မိိစၧာ ဓမၼ ဆိုၿပီး သုံးမ်ိဳးရွိတယ္။

အဓမၼရာဂ ဟူသည္

ေယာက္်ား မိိန္းမတို႔သည္ မိိမိတို႔ဆိုင္ရာ အာ႐ုံမ်ားႏွင့္ မတင္းတိမ္နိုင္ၾကဘဲ၊ အျခားတစ္ပါး၌စြန္းၿငိက်ဴးလြန္ေသာ ရာဂတရားျဖစ္၏။ (လယ္တီဆရာေတာ္)

(တစ္နည္း)

အေမ အေဒၚ အမ စေသာ ရာဂမျဖစ္သင့္သူတို႔၌ တက္မက္ေသာ ရာဂ တရားကို အဓမၼရာဂ ဟု ေခၚသည္။ (အ႒ကထာ)

ယခုေခတ္မွာအဖနဲ႔သမီး၊ အမိနဲ႔သား၊ အကိုနဲ႔ႏွမ၊ဦးေလးနဲ႔ တူမေတြပါ မက်န္ရေအာင္ဖတ္လိုက္ရ၊ ၾကားလိုက္ရတဲ့ သတင္းေတြက ဟုတ္မွ ဟုတ္ပါရဲ့လို႔ေတာင္ ထင္ေနရတာဒါေတြဟာ တစ္ကယ္ေတာ့ အဓမၼရာဂ။

မျဖစ္သင့္ မျဖစ္ထိုက္ဖူး ဆိုေပမယ့္ဆုတ္ကပ္ ေရာက္လာတဲ့အခ်ိန္မွာ ကပ္ဆိုက္ဖို႔အတြက္ မေကာင္းႀကံေတာ့ကပ္ေဘးႀကီးဆိုက္ဖို႔ အတြက္ အေၾကာင္းတရားေတြ ဖန္တီးသလိုျဖစ္ေနတာေပါ့။

ဝိသမေလာဘ ဟူသည္

ပစၥည္းဥစၥာတို႔၌ သူ႔ဖို႔ကိုယ့္ဖို႔ မၽွတျခင္း မရွိၾကဘဲ ကိုယ့္ဖို႔ကိုိယ္သာလုယက္ဆြဲငင္ၾကေသာ ေလာဘတရား ျဖစ္၏။

ရသမၽွ ပစၥည္းေတြက ဘယ္ေတာ့မွျပည့္တယ္ေတာ္ပီ တန္ပါၿပီဆို ရွိမလာခဲ့ၾကဘူးျဖည့္သာျဖည့္ေနၾကတာ ျပည့္္သြားၿပီဆိုတာ မရွိၾကဘူး။ ရေလ လိုေလ အို တေစၧ ဘဝျဖစ္ေနၾကတာေတြက မ်ားလွပေလ။

မိိစ္ဆာဓမ္မ ဟူသည္

တိိရစၧာန္ကို သတ္မွုသည္ အျပစ္မရွိ၊အရက္ေသာက္ျခင္းသည္ အျပစ္မရွိအစရွိသျဖင့္ ယူဆမွုမ်ိဳး ျဖစ္၏။ (လယ္တီဆရာေတာ္)

အမွားကို အမွန္ထင္၊ အမွန္ျပင္သူကိုေတာ့ အမ်ားကမုန္း၊ ကိုယ့္ကိုယ္ လုံလုံးမထိရင္ အမွားေတြကို အမွန္လိုသုံးတဲ့ေခတ္။

(တစ္နည္း)

ေယာက္်ားအခ်င္းခ်င္း တပ္မက္ျခင္း၊ မိန္းမအခ်င္းခ်င္း တပ္မက္ျခင္းသည္ မိစၧာဓမၼ မည္၏။

(အ႒ကထာ)

ထိုအခါ နတ္ျဗဟၼာတို႔သည္ လူတို႔ကို မၾကည္ညိဳေတာ့ၿပီ။ လူ႔ေလာကကို မေစာင့္ေရွာက္ၾကေတာ့ၿပီ။ နတ္ဆိုးတို႔ကို ထိန္းခ်ဳပ္ထားျခင္း မရွိေတာ့ဘဲ လႊတ္ထားၾကကုန္၏။

နတ္ဆိုး သရဲ သဘက္တို႔သည္ လူတို႔ေနရာသို႔ လာေရာက္၍ လူတို႔အား ကပ္ေရာဂါအမ်ိဳးမ်ိဳးေပး၍အေသြးအဆီတို႔ကို စားေသာက္ၾကကုန္၏။

လူတို႔ကို မရခဲ့ေသာ္ ကၽြဲ ႏြား ျမင္း သိုး စေသာ သတၱဝါတို႔အား ကပ္ေရာဂါအမ်ိဳးမ်ိဳးေပး၍ အေသြး အဆီတို႔ကို စားေသာက္ၾကကုန္၏။

ထိုကပ္ဆိုက္ရာ ၿမိဳ႕ရြာတို႔၌ လူ ကၽြဲ ႏြားတို႔သည္ ေထာင္ ေသာင္းမ်ားစြာ ေသဆုံးၾကကုန္ေတာ့၏။ဤသည္မွာ ကပ္ေရာဂါဆိုက္ရျခင္းအေၾကာင္းျဖစ္၏။

ခုလိုမ်ိဳးကပ္ႀကီးဆိုက္ေနခ်ိန္ေတာင္မွ တစ္ခ်ိဳ႕ေတြက ရတာေလးေတြကိုေလာဘႀကီးၿပီး မျဖစ္သင့္တာေတြျဖစ္ေနၾကတယ္။တစ္ခ်ိဳ႕ကလိုခ်င္မွုေလာဘေတြ မထိန္းနိူင္ၾကေတာ့

ေဒါသျဖစ္ကာ သူတစ္ပါးအသက္ကို သတ္မိၾကတယ္။တစ္ခ်ိဳ႕ေတြက အတတ္ပညာရွိၾကၿပီးအသိပညာ အလိမၼာဉာဏ္ပညာတရားေတြကင္းမဲ့သြားကာမလုပ္သင့္ မျဖစ္သင့္တာေတြ ေမာဟဆိုတဲ့ မသိမွုေၾကာင့္ ထပ္ခါတစ္လဲလဲ မွားေနၾကတယ္။

တစ္ကယ္ေတာ့ဒါေတြဟာ ေလာဘ ေဒါသ ေမာဟ တရားဆိုးသုံးပါးေၾကာင့္ ေရာဂႏၲရကပ္ ၊ သတၱႏၲရကပ္ ၊ ဒုဗၻိကၡႏၲရကပ္ ေတြ ဆိုက္လာၾကတာပါ။

လူ႔ေလာက၌ လူ႔အသက္တမ္း ၅၀၀ အထက္တြင္ အယုတ္တရားႀကီး ၃ ခု မရွိေသးလၽွင္နတ္ သိၾကား ျဗဟၼာတို႔သည္ လူတို႔ကို ၾကည္ညိဳ ေလးစားၾကကုန္၏။

လူ႔ေလာကကို ၾကည့္ရွု ေစာင့္ေရွာက္ၾကကုန္၏။ လူတို႔ကို ထိပါးျခင္း မရွိရေအာင္နတ္ဆိုးတို႔ကို ထိန္းခ်ဳပ္ထားၾကကုန္၏။

ထိုိအခါ လူ႔ေလာကတြင္ မည့္သည့္ ကပ္ေရာဂါမၽွ မရွိ။ထို႔ေၾကာင့္ လူ႔ျပည္ လူ႔ေလာကတြင္ ကပ္ေရာဂါမ်ား မေပၚေပါက္လိုလၽွင္ အယုတ္တရားႀကီး ၃ခုကို ဂ႐ုျပဳၾကကုန္ရာ၏။

က်မ္းကိုး။

၁။ အဂၤဳတၱိဳရ္ တိိကနိပါတ္၊ ပေလာကသုတ္္

၂။ ပါထိကဝဂၢအ႒ကထာ ၃၆၊ ေရာဂႏၲရဒီပနီ။

သရဏဂုံစြဲျမဲသူ သရဏဂုံသုံးပါးကို မျပတ္ရြတ္ဖတ္ ပူေဇာ္ေနသူတို႔အားမည္သည့္ နတ္ယုတ္မာတို႔ကမွ ေႏွာက္ယွက္ဖ်က္ဆီးခြင့္မရွိေႏွာက္ယွက္ဖ်က္ဆီး၍ မရပါေခ်။

ထို႔ေၾကာင့္ သရဏဂုံသုံးပါးကိုရြတ္ဖတ္ပြားမ်ား ထုံမႊန္းထားၿပီး ေဘးဒုကၡကပ္အေပါင္းမွ ေက်ာ္လႊားနိုင္ၾကပါေစသတည္း။

ကမၻာသူ ကမၻာသားအားလုံး ႏွင့္ ျမန္မာျပည္သူ ျပည္သားအားလုံးကပ္ေရာဂါဆိုးႀကီးမွ ေက်ာ္လႊားနိုင္ၾကပါေစ…။