ဗဟုသုတ

ခေါင်းနောက်စေ့မှ ခေါင်းကိုက်လျှင် သတိထားကြပါ

ခေါင်းနောက်စေ့မှ ခေါင်းကိုက်လျှင် သတိထားကြပါ

နေပူထဲ မှ ပြန်လာသူတစ်ဦးသည် ခြေထောက် ရေဆေး လိုက်ပြီးနောက် သူ၏ ဦးခေါင်း နောက်စေ့ မှ ခေါင်းကိုက် လာ သည် ။ ထို့နောက် ခန္ဓာကိုယ် တစ်ခြမ်း လေး လာ ပြီး လေဖြတ် သကဲ့သို့ ဖြစ်သဖြင့် ဆေးရုံ တက် ရ သည် –

ဦးနှောက် နဲ့ အာရုံကြောတွင် ပြသပြီး ဦးခေါင်း ဓာတ်မှန်CT HEAD ရိုက်သော အ ခါ ဦးနှောက် အတွင်းရှိ သွေးကြောငယ် တစ်ခု စိမ့်ပေါက်ပြီး သွေးယို နေ ကြောင်း တွေ့ ရ သည် ။ နဂို မူလ သွေးတိုးရောဂါ အခံရှိသူများသည် အပူ လွန်ကဲသည့် ရာသီဥတုတွင် ခေါင်းလျော်ခြင်းနဲ့ ခြေထောက် ရေဆေးခြင်းကို အထူး သတိပြုပြီး လုပ်ဆောင်ရန် လိုသည် ။

အပူ အအေး ဆန့်ကျင်ဘက် အပြုအမူကြောင့် ရုတ်တရတ် သွေးဖိအား သွေးပေါင်တက်ပြီး သွေးတိုးရာမှ အခန့်မသင့်လျှင် လေဖြတ်ခြင်း ဦးနှောက် သွေးကြောပြတ်ခြင်းများ ဖြစ်နိုင်သည်ကို သတိပြုသင့်သည် ။

နေပူထဲမှ လာပြီး မဝင်မဖြစ် အအေးခန်း ဝင်မည့်သူများ – စူပါမတ်ကက်ကြီးများတွင် ဈေးဝယ်သည့်သူများအတွက် အကြံပြု လိုသည်မှာ …

– မဝင်မီ ရေသန့်ဘူး ဆောင်သွားပြီး ရေအေးတစ်ခွက်သောက်ပြီးမှ ဝင်လျှင် အကောင်းဆုံး ဖြစ်သည် ။

– သောက်လိုက်သောရေသည် အလွန်အမင်း အေးသော ရေခဲရေလည်း မဖြစ်စေရ၊ သဘာဝရေအေးသာ ဖြစ်ရမည် ။

အစာအိမ်မှတဆင့် ရေအေးသည် သွေးလှည့်အဖွဲ့တွင်းသို့ ရောက်ရှိပြီး သွားသောအခါတွေ့ထိရမည့် အအေးဓာတ်အတွက် လှုံ့ဆော် ပေးထားရာ ရောက်သည် ။ အစာအိမ်မှ ကိုယ်တွင်းသို့ ရေအေးဝင်သွားသည်နှင့် ပြင်ပမှ ထိတွေ့သော အအေးတို့သည် ရုတ်တရတ် သွေးတိုးဆောင့်တက်ခြင်းကို ကောင်းစွာ ကာကွယ်နိုင်ပေသည် ။

အအေးခန်းထဲမှ နေပူထဲသို့ ထွက်သွားသူများလည်း ထို့အတူပင် ဖြစ်သည်။ အပူအအေး မမျှတသော ပြောင်းလဲမူကြောင့် ခေါင်းနောက်စေ့မှ ခေါင်းကိုက်လာလျှင် သတိထားသင့်သည် ။

အရိပ်ရသော နေရာသို့ သွား၍ နားနေရမည် –

– ချက်ချင်းရေအေး မတ်ခွက်တစ်ခွက်စာမျှ သောက်ပေးရမည် – ရေမသောက်ပဲ မျက်နှာ ရေဆွတ်ခြင်း ဦးခေါင်းရေဆွတ်ခြင်း၊ မျက်နှာသစ်ခြင်း၊ ခြေဆေးခြင်းများ မပြုလုပ်သင့်ပေ ။

– ကားအတွင်း အဲယားကွန်းဖွင့်ပြီး သွားလာနေသူများလည်း အကြောင်း ကြောင်းကြောင့် ကားရပ်ပြီး နေပူထဲ ဆင်းရမည်ဆိုပါက ကားအတွင်းတွင် ရေသန့်ဘူးဆောင်ထားပြီး ရေအနည်းငယ်သောက်ပြီးမှ ဆင်းလျှင် အကောင်းဆုံးဖြစ်သည် ။

သက်ကြီးရွယ်အိုများမှာ နေပူပြင်းချိန်တွင် အဲယားကွန်းကားနဲ့ သွားလာခြင်းကို လုံးဝ မပြုလုပ်သင့်ပေ – ဦးနှောက်သွေးကြောများ၏ ခံနိုင်ရည်မှာ လူငယ်နှင့်လူကြီးတွင် မတူညီသဖြင့် ခရီးမသွားဘဲ အရိပ်အာဝါသအတွင်း နေထိုင်ခြင်းက အကောင်းဆုံးဖြစ်သည် ။

ေခါင္းေနာက္ေစ့မွ ေခါင္းကိုက္လွ်င္ သတိထားၾကပါ

ေနပူထဲ မွ ျပန္လာသူတစ္ဦးသည္ ေျခေထာက္ ေရေဆး လိုက္ၿပီးေနာက္ သူ၏ ဦးေခါင္း ေနာက္ေစ့ မွ ေခါင္းကိုက္ လာ သည္ ။ ထို႔ေနာက္ ခႏၶာကိုယ္ တစ္ျခမ္း ေလး လာ ၿပီး ေလျဖတ္ သကဲ့သို႔ ျဖစ္သျဖင့္ ေဆး႐ုံ တက္ ရ သည္ –

ဦးေႏွာက္ နဲ႔ အာ႐ုံေၾကာတြင္ ျပသၿပီး ဦးေခါင္း ဓာတ္မွန္CT HEAD ႐ိုက္ေသာ အ ခါ ဦးေႏွာက္ အတြင္းရွိ ေသြးေၾကာငယ္ တစ္ခု စိမ့္ေပါက္ၿပီး ေသြးယို ေန ေၾကာင္း ေတြ႕ ရ သည္ ။ နဂို မူလ ေသြးတိုးေရာဂါ အခံရွိသူမ်ားသည္ အပူ လြန္ကဲသည့္ ရာသီဥတုတြင္ ေခါင္းေလ်ာ္ျခင္းနဲ႔ ေျခေထာက္ ေရေဆးျခင္းကို အထူး သတိျပဳၿပီး လုပ္ေဆာင္ရန္ လိုသည္ ။

အပူ အေအး ဆန႔္က်င္ဘက္ အျပဳအမူေၾကာင့္ ႐ုတ္တရတ္ ေသြးဖိအား ေသြးေပါင္တက္ၿပီး ေသြးတိုးရာမွ အခန႔္မသင့္လွ်င္ ေလျဖတ္ျခင္း ဦးေႏွာက္ ေသြးေၾကာျပတ္ျခင္းမ်ား ျဖစ္ႏိုင္သည္ကို သတိျပဳသင့္သည္ ။

ေနပူထဲမွ လာၿပီး မဝင္မျဖစ္ အေအးခန္း ဝင္မည့္သူမ်ား – စူပါမတ္ကက္ႀကီးမ်ားတြင္ ေဈးဝယ္သည့္သူမ်ားအတြက္ အႀကံျပဳ လိုသည္မွာ …

– မဝင္မီ ေရသန႔္ဘူး ေဆာင္သြားၿပီး ေရေအးတစ္ခြက္ေသာက္ၿပီးမွ ဝင္လွ်င္ အေကာင္းဆုံး ျဖစ္သည္ ။

– ေသာက္လိုက္ေသာေရသည္ အလြန္အမင္း ေအးေသာ ေရခဲေရလည္း မျဖစ္ေစရ၊ သဘာဝေရေအးသာ ျဖစ္ရမည္ ။

အစာအိမ္မွတဆင့္ ေရေအးသည္ ေသြးလွည့္အဖြဲ႕တြင္းသို႔ ေရာက္ရွိၿပီး သြားေသာအခါေတြ႕ထိရမည့္ အေအးဓာတ္အတြက္ လႈံ႕ေဆာ္ ေပးထားရာ ေရာက္သည္ ။ အစာအိမ္မွ ကိုယ္တြင္းသို႔ ေရေအးဝင္သြားသည္ႏွင့္ ျပင္ပမွ ထိေတြ႕ေသာ အေအးတို႔သည္ ႐ုတ္တရတ္ ေသြးတိုးေဆာင့္တက္ျခင္းကို ေကာင္းစြာ ကာကြယ္ႏိုင္ေပသည္ ။

အေအးခန္းထဲမွ ေနပူထဲသို႔ ထြက္သြားသူမ်ားလည္း ထို႔အတူပင္ ျဖစ္သည္။ အပူအေအး မမွ်တေသာ ေျပာင္းလဲမူေၾကာင့္ ေခါင္းေနာက္ေစ့မွ ေခါင္းကိုက္လာလွ်င္ သတိထားသင့္သည္ ။

အရိပ္ရေသာ ေနရာသို႔ သြား၍ နားေနရမည္ –

– ခ်က္ခ်င္းေရေအး မတ္ခြက္တစ္ခြက္စာမွ် ေသာက္ေပးရမည္ – ေရမေသာက္ပဲ မ်က္ႏွာ ေရဆြတ္ျခင္း ဦးေခါင္းေရဆြတ္ျခင္း၊ မ်က္ႏွာသစ္ျခင္း၊ ေျခေဆးျခင္းမ်ား မျပဳလုပ္သင့္ေပ ။

– ကားအတြင္း အဲယားကြန္းဖြင့္ၿပီး သြားလာေနသူမ်ားလည္း အေၾကာင္း ေၾကာင္းေၾကာင့္ ကားရပ္ၿပီး ေနပူထဲ ဆင္းရမည္ဆိုပါက ကားအတြင္းတြင္ ေရသန႔္ဘူးေဆာင္ထားၿပီး ေရအနည္းငယ္ေသာက္ၿပီးမွ ဆင္းလွ်င္ အေကာင္းဆုံးျဖစ္သည္ ။

သက္ႀကီး႐ြယ္အိုမ်ားမွာ ေနပူျပင္းခ်ိန္တြင္ အဲယားကြန္းကားနဲ႔ သြားလာျခင္းကို လုံးဝ မျပဳလုပ္သင့္ေပ – ဦးေႏွာက္ေသြးေၾကာမ်ား၏ ခံႏိုင္ရည္မွာ လူငယ္ႏွင့္လူႀကီးတြင္ မတူညီသျဖင့္ ခရီးမသြားဘဲ အရိပ္အာဝါသအတြင္း ေနထိုင္ျခင္းက အေကာင္းဆုံးျဖစ္သည္ ။