အန္တရာယ်ရန်အသွယ်သွွယ်နှင့်ကပ်ရောဂါဘေးဘယာမှကင်းဝေးစေမည့် ဓာရဏ ပရိိတ်တော််
အန္တရာယ်မှှန်သမျှကင််းဝေးစေသော ဓာရဏ ပရိတ်တော််
ဓာရဏသုတ်တော်(ဖြစ်စဉ်)
ဂေါတမ မြတ်စွာဘုရားသည် ညီတော််အာနန္ဒာအား ဓာရဏသုတ်တော်ကို ဟော၍ လူဒါယကာ-ဒါယိကာမတို့အား တစ်ဆင့် ဟောကြားရန်၊ ရှင်းလင်း သင်ပြရန် အမိန့်ရှိသော သုတ်တော် ဖြစ်ပါသည်။
ဓာရဏ ပရိတ်တော်တွင် ဝိပဿိ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ကောဏာဂုံ၊ ကဿပ၊ ဂေါတမ တည်းဟူသော ဘုရားခုနှစ်ဆူအား ရှိခိုးပါ၍ ကျရောက် လတ္တံ့သော ဘေးခပ်သိမ်း ရန်ခပ်သိမ်း ကင်းငြိမ်းအောင် ဗုဒ္ဓ၊ ဓမ္မ၊ သံဃဂုဏ်တော် ကျေးဇူးတော်တို့ကို ဖွဲ့ဆိုထားသည်မှစ၍ ဓာရဏသုတ်တော် ဖြစ်ပေါ်ရွတ်ဆို ပွားများခဲ့ကြပါသည်။
တိုက်တွန်းချက်။ ။ ဓာရဏပရိတ်တော်သည်မြတ်ဗုဒ္ဓ ရှင်တော်ဘုရား၏ အာဝေဏိကဂုဏ်တော် ၁၈-ပါးကို ဖော်ပြထားသည်။ ဤဂုဏ် ၁၈-ပါးသည် မြတ်စွာဘုရား၏ သီးခြား ကိုယ်ပိုင် ဂုဏ်တော်များ ဖြစ်သည်။ အခြား မည်သူ တစ်ဦးတစ်ယောက်၌မျှ ဤဂုဏ်မျိုး မရှိချေ။
ရဟန္တာနှင့် ပစ္စကေဗုဒ္ဓများ၌ သော်မှ ဤ ဂုဏ်သတ္တိမျိုး မရှိကြ။ စင်စစ်အားဖြင့် ဓာရဏပရိတ်တော်သည် မြတ်စွာဘုရား၏ အာဝေဏိက ဂုဏ်တော်တို့ကို ချီးကျူး ပူဇော်ခြင်းပင် ဖြစ်သည်။
ကောင်းမြတ်သော စေတနာဖြင့်် တာဝန် ဝတ္တရားများကို ထမ်းဆောင်နေသူ အားလုံးတို့သည် ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ပါမူ အ,ကာလ မရဏမှ လွတ်မြောက်နိုင် သည်။ အ,ကာလ မရဏနှင့် မတွေ့ကြုံရ-မတွေ့ ကြုံနိုင်။
အ,ကာလ မရဏ ဆိိုသည်မှာ သူတစ်ပါး လက်နက်ဖြင့် သေရခြင်း၊ သူတစ်ပါး ပယောဂဖြင့် သေရခြင်း၊ ကျားကိုက် သေရခြင်း၊ ချောက်ကမ်းပါးက သေရခြင််း၊ ကားမှောက်၍ သေရခြင်း စသည့် ဥပစ္ဆဒေက ကံကြောင့် သေရခြင်းမျိုးများကို ဆိုသည်။ ဓာရဏ ပရိတ်ကို ရွတ်ဖတ်သူမှာ အ,ကာလ မရဏ အမျိုးမျိုးတို့မှ လွတ်မြောက်သည်။
သတ္တဝါတိုင်း လူတိိုင်းပင် တစ်နေ့နေ့၌ သေရမည်မှာ ဓမ္မတာ ဖြစ်သည်။ အ,ကာလ မရဏမှ လွတ်မြောက်သည်ဟု ဆိုသည်မှာ ဥပစ္ဆဒေက ကံကြောင့် မသေရ၊ မသေနိုင်ခြင်းကို ဆိုသည်။ ဖြစ်မြဲ ဓမ္မတာအရ သေချိန်ကျမှသာ သေရသည်။
ရှင်းပြပါဦးအံ့-သေရခြင််း လေးမျိုးရှိသည်။
(၁) အသက်တမ်း ကုန်၍ သေရခြင်း “အာယုက္ခယမရဏ”၊ အသက်တစ်ရာတမ်း၌ အနှစ်တစ်ရာ ပတ်ဝန်းကျင်မျှသာ နေကြရသည်။ မြတ်စွာဘုရားသော်မှ အနှစ် ၈၀-သာ နေရသည်။
(၂) ကံကုန်၍ သေရခြင်း “ကမ္မက္ခယမရဏ”။ မိမိ ကုသိုလ်ကံအလျောက်သာ နေရသည်။ ကံကုန်လျှင် အရွယ် ကောင်းတုန်း၌လည်း သေရသည်။ နို့စို့ အရွယ် စသည်၌လည်း သေရသည်။
(၃) သက်တမ်းနှင့် ကံ ၂-ပါးလုံး ကုန်၍ သေရခြင်း “ဥဘယက္ခယမရဏ”။
(၄) အထက် မရဏ ၃-မျိုးမှ တစ်ပါး အခြားပယောဂ တစ်ခုခုကြောင့် သစ်စိမ်းချိုး ချိုးဖြတ်သကဲ့သို့ သေရခြင်းမျိုး “ဥပစ္ဆဒေက မရဏ” ဟူ၍ သေရခြင်းမျိုး ၄-မျိုးရှိသည်။
ပထမ သေခြင်း ၃-မျိုးကို ဘုရား၊ ရဟန္တာ၊ ပစ္စကေဗုဒ္ဓါ အရှင်မြတ်တို့သော်မှ မလွန်နိုင်။ ယင်း မရဏ ၃-မျိုးမှာ သေရိုး သေစဉ် ဓမ္မတာ မရဏ ဖြစ်သည်။
ဥပစ္ဆဒေက မရဏကို အ,ကာလမရဏ ဟု ခေါ်သည်။ သေချိန် မရောက်သေးဘဲ သေရခြင်းသည် အ,ကာလ မရဏ ဖြစ်သည်။ ဓာရဏ ပရိတ်တော်ကို ရွတ်ဖတ်ခြင်း အားဖြင့် အ,ကာလ မရဏကို တားမြစ် ပယ်ဖျောက်နိုင်သ ည်။ စေတနာ ဖြူစင်သူတို့ အ,ကာလ မရဏမှ ကင်းလွတ်ကြပါစေသော်။
ဓာရဏသုတ် (ပါဠိတော်) နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
၁။ ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
၂။ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိိဟတံ ဉာဏံ၊ အနာဂတံံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ၊ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ။
၃။ ဣမေဟိ တီဟိ ဓမ္မဟေိိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော သဗ္ဗွံ ကာယကမ္မံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ ဝစီကမံ ဉာဏပုဗ္ဗင်္ဂမံ ဉာဏာနုပရိဝတ္တံ၊ သဗ္ဗံ မနောကမ္မံ ဉာဏပုဗ္ဗမင်္ဂမံ ဉာဏာနုပရိဝတ္တံ။
၄။ ဣမေဟိ ဆဟိ ဓမ္မဟေိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဆန္ဒဿ ဟာနိ၊ နတ္ထိ ဓမ္မဒေသနာယ ဟာနိ၊ နတ္ထိ ဝီရိယဿ ဟာနိ၊ နတ္ထိ သမာဓိဿ ဟာနိ၊ နတ္ထိ ပညာယ ဟာနိ၊ နတ္ထိ ဝိမုတ္တိယာ ဟာနိ၊
၅။ ဣမေဟိ ဒွါဒသဟိ ဓမ္မဟေိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နတ္ထိ ဒဝါ၊ နတ္ထိ ရဝါ၊ နတ္ထိ အ,ဖုဋံ၊ နတ္ထိ ဝေဂါယိတတ္တံ၊ နတ္ထိ အ,ဗျာဝဋမနော၊ နတ္ထိ အပ္ပဋိသင်္ခါနုပေက္ခာ။ ဣမေဟိ အဋ္ဌာရသဟိ ဓမ္မဟေိ သမန္နာဂတဿ ဗုဒ္ဓဿ ဘဂဝတော နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
၆။ နတ္ထိ တထာဂတဿ ကာယဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ ဝစီဒုစ္စရိတံ၊ နတ္ထိ တထာဂတဿ မနောဒုစ္စရိတံ၊ နတ္ထိ အတီတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ အနာဂတံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ ပစ္စုပ္ပန္နံသေ ဗုဒ္ဓဿ ဘဂဝတော ပဋိဟတံ ဉာဏံ၊ နတ္ထိ သဗ္ဗံ ကာယကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ ဝစီကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ နတ္ထိ သဗ္ဗံ မနောကမ္မံ ဉာဏာပုဗ္ဗမင်္ဂမံ ဉာဏံ နာနုပရိဝတ္တံ၊ ဣမံ ဓာရဏံ အ,မိတံ အ,သမံ သဗ္ဗသတ္တာနံ တာဏံ လေဏံ သံသာရဘယဘီတာနံ အဂ္ဂံ မဟာတေဇံ။
၇။ ဣမံ အာနန္ဒ ဓာရဏပရိတ္တံ ဓာရေဟိ ဝါရေဟိ ပရိပုစ္ဆာဟိ။ တဿ ကာယေ ဝိသံ န ကမေယျ၊ ဥဒကေ န လဂ္ဂယျေ၊ အဂ္ဂိ န ဍဟေယျ၊ နာနာဘယဝိကော၊ န ဧကာဟာရကော၊ နဒွိဟာရကော၊ န တိဟာရကော၊ န စတုဟာရကော၊ န ဥမ္မတ္တကံ၊ န မူဠှကံ၊ မနုေဿဟိ အ,မနုေဿဟိ န ဟိံသကာ။
၈။ တံံ ဓာရဏပရိတ္တံ ယထာ ကတမေ၊ ဇာလော မဟာဇာလော၊ ဇာလိတ္တေ မဟာဇာလိတ္တေ၊ ပုဂ္ဂေ မဟာပုဂ္ဂေ၊ သမ္ပတ္တေ မဟာသမ္ပတ္တေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။ ဣမံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ နဝနဝုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ၊ ဝတ္တေ အ,ဝတ္တေ၊ ဂန္ဓဝေ အ,ဂန္ဓဝေ၊ နောမေ အ,နောမေ၊ သေဝေ အ,သေဝေ၊ ကာယေ အ,ကာယေ၊ ဓာရဏေ အ,ဓာရဏေ၊ ဣလ္လိ မိလ္လိ၊ တိလ္လိ မိလ္လိ၊ ယောရုက္ခ မဟာယောရုက္ခေ၊ ဘူတင်္ဂမှိ တမင်္ဂလံ။
၉။ ဣမံံ ခေါ ပနာနန္ဒ ဓာရဏပရိတ္တံ နဝနဝုတိယာ သမ္မာသမ္ဗုဒ္ဓကောဋီဟိ ဘာသိတံ။ ဒိဋ္ဌိလာ ဒဏ္ဍိလာ မန္တိလာ ရောဂိလာ ခရလာ ဒုဗ႓ိလာ။ ဧတေန သစ္စဝဇ္ဇနေ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
ဓာရဏသုတ် (မြန်မာပြန်)
၁။ မြတ်စွာဘုရားတို့၏ အသက်၏ ဘေးအန္တရယ်ကိို တစ်စုံတစ်ယောက်သော သူသည် ပြုခြင်းငှာ မတတ်နိုင်။ ထိို့အတူ အကျွန်ုပ်အား ဖြစ်ပါစေသတည်း။
၂။ ဘုန်းတော်ခြောက်ပါးနဲ့ ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လွန်လေပြီးသော အဖို့၌ နောင်လာလတ္တံသော အနာဂတ်အဖို့၌ ပစ္စုပ္ပန် မျက်မှောက် ဖြစ်သော အဖို့၌ အတားအဆီးအပိတ်အပင် မရှိသော ဉာဏ်တော်သည် ဖြစ်၏။
၃။ သုံးပါးကုန်သော ဤကျေးဇူးတရားတော်တိို့နှင့်ပြည့်စုံတော်မူသော ဘုန်းတော်ခြောက် ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား အလုံးစုံသော ကိုယ် နှုတ် နှလုံး ဖြင့်ပြုလုပ်သော အမှုသည် ဉာဏ်တော်ပြဋ္ဌာန်းခြင်း ရှိသည်။ ဉာဏ်တော်၏ နောက်သို့ အစဉ်လိုက်သည် ဖြစ်၏။
၄။ ခြောက်ပါးကုန်သော ဤ ကျေးဇူးတရားတိို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား သတ္တဝါတို့၏ အကျိုးစီးပွားကိုပြုလိိုသော ဆန္ဒတော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ တရားတော်ကို ဟောပြောခြင်း၏ ဆုတ်ယုတ်ခြင်းသည် မရှိ။
သူတစ်ပါးတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်း ၌ လုံ့လဝီရိယတော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ သင်္ခါရတရားတို့ကို အနိစ္စ အစရှိသော လက္ခဏာ သုံးပါးဖြင့် ရှုမှု ဉာဏ်တော်၏ ဆုတ်ယုတ်ခြင်းသည မရှိ။ စိတ်တည်ကြည်မှု သမာဓိတော်၏ ဆုတ်ယုတ်ခြင်းသည် မရှိ။ အရဟတ္တဖိုလ်ကို ဝင်စားတော် မူခြင်း၏ ဆုတ်ယုတ်ခြင်းသည် မရှိ။
၅။ တစ်ဆယ့်နှစ်ပါးကုန်သော ဤကျေးဇူးတရားတော်တိို့နှင့် ပြည့်စုံတော်မူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံံတော်မူသော မြတ်စွာဘုရားအား ရယ်မြူးလို၍ ပြုမူပြောဆိုခြင်းသည် မရှိ။ သတိလွတ်၍ ချွတ်ယွင်းပြောဆိုခြင်းသည် မရှိ။ ဉာဏ်တော်ဖြင့်မတွေ့မထိ မသိအပ်သောတရားသည် မရှိ။ဉာဏ်ဖြင့် မဆင်မခြင် အဆောတလျင် ပြုသောအမှုသည် မရှိ။ သူတစ်ပါးတို့အတွက် ကြောင့်ကြမဲ့ဖြစ်သော စိတ်နှလုံးတော်သည် မရှိ။
ဉာဏ်ဖြင့် မဆင်မခြင် လျစ်လျူရှုသောအမှုသည် မရှိ။ တစ်ဆယ့် ရှစ်ပါးကုန်သော ဤ ကျေးဇူးတရားတော်တို့နှင့် ပြည့်စုံတော်မူသော ဘုန်းတော်ခြောက် ပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ရှိခိုးပါ၏။ ခုနှစ်ဆူကုန်သော မြတ်စွာဘုရားရှင်တို့အား ရှိခိုးပါ၏။
၆။ ဝိပဿီ အစရှိသော ရှေးဘုရားတို့ကဲ့သိို့ လာခြင်းကောင်းတော်မူသော မြတ်စွာဘုရားအား ကိုယ်ဖြင့်ပြုလုပ်သောမကောင်းမှု ” ကာယဒုစရိုက် ” နှုတ်ဖြင့်ပြုလုပ်သော ” ဝစီဒုစရိုက် “စိတ်ဖြင့် ပြုလုပ်သော” မနောဒုစရိုက် ” သည် မရှိ။ လွန်လေပြီးသော အဖို့ကာလ၊နောင်လာလတ္တံသော အဖို့ကာလ ၊မျက်မှောက်သော အဖို့ကာလ၌ ဘုန်းတော်ကြီးသော မြတ်စွာဘုရားအား ဆီးတားပိတ်ပင်ခြင်းရှိသော ဉာဏ်တော်သည် မရှိ။
မြတ်စွာဘုရားအား အလုံးစုံသော ကိုယ်၊နှုတ် ၊ စိတ် သုံးပါး ဖြင့်ပြုလုပ်သောအမှုသည် ဉာဏ်တော်လျှင် ရှေ့သွားမရြှိခင်းသည် မရှိ။ ဉာဏ်တော်သို့ အစဉ်မလိုက်ခြင်းသည် မရှိ။ ဤဆောင်ထားအပ်သော ဓာရဏပရိတ်တော်သည် မနှိုင်းယှဉ်အပ်။ တူမျြှခင်းလည်းမရှိ။
ခပ်သိမ်းသော သတ္တဝါအပေါင်းတို့၏ မိုခိုကိုးကွယ်ရာလည်းဖြစ်၏။ ပုန်းအောင်းလဲလျောင်းရာလည်း ဖြစ်၏၊ သံသရာဘေးကိုကြောက်ရွံသော သူတို့၏ အလွန်မြတ်သော အရံအတားဖြစ်၏။ ကြီးသော တန်ခိုးရှိန်စော် အာနုဘော်ရှိသော အရံအတားဖြစ်၏။
၇။ ချစ်သားအာနန္ဒာ ဤတန်ခိုးတေဇော်် အာနုဘော်ကြီးမြတ်သော ဓာရဏပရိိတ်တော်ကိ ရွတ်ဆောင်လော့။ မှတ်သားလော့။ မေးမြန်းစူးစမ်း ဆင်ခြင်လော့။ ထိုသို့ ရွတ်ဆောင်မှတ်သား မေးမြန်း စူးစမ်းဆင်ခြင်သော သူ၏ ကိုယ်၌ မြွေနဂါး စသည်တို့၏ အဆိပ်သည် မကျရောက်နိုင်။
ရေ၌ မငြိတွယ် မနစ်မွန်းရာ။ မီးသည် မလောင်ကျွမ်းရာ။ အထူးထူး အပြားပြား များစွာသော ဘေးရန်တို့သည် မထိရောက်နိုင်ရာ။ မကောင်းကြံသောသူသည်လည်း မကြံနိုင်ရာ။ ရူးသွပ် ပျံ့လွင့်သော အနာလည်းမဖြစ်နိုင်ရာ။ တွေဝေမိုက်မဲသောအနာလည်းမဖြစ်နိုင်ရာ။ လူတို့သည် လည်းကောင်း၊ ဘီလူးတို့သည် လည်းကောင်း မညှဉ်းဆဲ မဖျက်ဆီး မနှိပ်စက်နိုင်ရာ။
၈။ ထိုဓာရဏပရိတ်တော်သည် အဘယ်သည်တိို့နည်း ဟူမူကား စကြဝဠာ ကမ႓ာတစ်သောင်းကိို လောင်ကျွမ်းစေသော နေခုနှစ်စင်း၏ အရှိန်အစော်ကဲ့သို့ဘေးရန် အန္တရာယ်အပေါင်းတို့ကို လောင်ကျွမ်းပယ်ေ ဖျာက်နိုင်သည့် တန်ခိုးရှိန်စော် အာနုဘော်ရှိ၏။ နတ် ၊ သိကြား ၊ နဂါး ၊ ဂဠုန် ၊ ကုမ႓ဏ် ၊ ဘီလူး ၊ ရက္ခုသ် အစရှိသည်တို့ကို တားမြစ်နိုင်သော သံကွန်ရက်နဲ့တူသော ဘုန်းတန်းခိုးရှိန်စော် အာနုဘော်ရှိ၏။
ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်လိုသော သူဟုဆိုအပ်သော ရန်သူအန္တရာယ်အပေါင်းတို့ကိုလည်း ပယ်ရှားတားမြစ်နိုင်၏။ ကပ်သုံးပါးတို့မှ ကင်းလွတ်စေနိုင်၏။ အမိဝမ်းတွင်း၌ ပိသန္ဇေ နေသော်လည်း အ,ခြင်း ၊ ဆွံ့ခြင်း၊ နားပင်းခြင်း၊ ရှုးသွပ်ပျံ့လွင့်ခြင်း အနာမျိုးတို့မှ လွတ်စေနိုင်၏။
သစ်ပင် တောင်ကမ်း ချောက်တို့မှ ကျငြားသော်လည်း မသေနိုင်ရာ။ မရသေးသော စည်းစိမ်ချမ်းသာ ၊ ဥစ္စာရတနာ အပေါင်းတို့ကိုလည်း ရစေနိုင်၏။ ရပြီးသော စည်းစိမ်ချမ်းသာ ရတနာဥစ္စာအပေါင်း တို့ကိုလည်း ကြီးကျယ်ပြန့်ပွားများစေ၏။ ဟုတ်မှန်သောအားဖြင့် အမိုက်ပျောက်၍ အလင်းရောက်နိုင်၏။
၉။ ချစ်သားအာနန္ဒာ စင်စစ်မူကား ဤဓာရဏပရိတ်တော်ကို ကိုးဆယ့်ကိုးကုေ ကုန်သော ဘုရားရှင်တို့သည် ဟောတော်မူအပ်ပြီ ။ မကောင်းသဖြင့် ကြံသော သူတို့၏ အကြံအစည်ကိုလည်း သိမြင်နိုင်၏။
ဓား ၊ လှံ ၊ လေး ၊ မြှား ၊ လက်နက် မီးပေါက်အမြှောက အစရှိသော ဘးတို့သည်လည်း မထိရောက်စေနိုင် ။ မန္တန်၊ မန္တရားဂါထာ၊ အင်းအိုင် တို့သည်လည်း ထက်မြက်စေနိုင်၏။ ရောဂါအန္တရာယ်မျိုးတို့ကိုလည်း ပယ်ဖျောက်စေနိုင်၏။
ကြမ်းတမ်းခက်မာသော အနာရောဂါမျိုး တို့သည်လည်း မထိရောက်နိုင်။ ကြိုး၊ ထိပ်၊ သံခြေကျင်း ၊ ကပ်ဖိ၊ တွင်းလှောင်၊ ပင်းသကား၊ လည်ထောက် ကိုလည်း လွတ်စေနိုင်၏။ ဤမှန်သော သစ္စာစကားကြောင့် အခါခပ်သိမ်း သင့်အား ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း။
ဓာရဏပရိတ်တော် (ရွတ်ဖတ်ခြင်း၏အ ကျိုးကျေးဇူး) ဓာရဏသုတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ်ပွားများ သရဇ္ဈာယ်ပါက ဘေးရန် ကင်းရှင်းပါသည်။
အခြားသော ရန်သူ၊ မနာလိုသူများက ရန်ပြုခြင်း၊ ဆေးပါးခပ်ခြင်း အဆိိပ်ခပ်ခြင်းတိို့မှ ကင်းဝေးစေပါသည်။ မြွေ၊ ကင်းစသော အဆိပ်ပြင်းထန်သော သတ္တဝါတို့၏ ကိုက်ခဲ ရန်ပြုခြင်းဘေးမှ ကင်းဝေးစေပါသည်။
အန္တရာယ်ရန်အသွယ်သွွယ်နှင့်ကပ်ရောဂါဘေးဘယာမှကင်းဝေးကြပါစေ…..