အထွက်နှုန်းကောင်းအောင် မာလကာပင် စိုက်ပျိုးနည်း
(မာလကာပင် စိုက်ပျိုးနည်း )လေးမျှဝေလိုက်တယ်နော်
၁။ ဒေသ၊ ရာသီဥတု၊ မြေအမျိုးအစားနှင့်မျိုးများ
မာလကာပင်သည် အမေရိကတိုက်နှင့် အပူပိုင်းဒေသ တိုင်းပြည်များ ဖြစ်သော မက္ကဆီကိုနှင့် ပီရူးတိုင်းပြည်များ စသည့် မူရင်းဒေသများမှ မြန်မာနိုင်ငံသို့ ပြန့်နှံ စိုက်ပျိုးလာကြ ပါသည်။
အလွန် စိုက်ပျိုးရ လွယ်ကူသော သီးပင်မျိုး ဖြစ်သည်။ မြေအမျိုးအစားမရွေး ဖြစ်ထွန်း နိုင်သော်လည်း ရေဝပ်ခြင်းကိုမူ မနှစ်သက်ပါ။ အပူပိုင်းသီးနှံဖြစ်သော်လည်း အပူသမပိုင်းများတွင်လည်း ဖြစ်ထွန်းသည်။
မာလကာ အပင်ကြီး သည် အပူဒဏ် နှင့်ရေငန်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိသော အပင်မျိုး ဖြစ်သည်။ သို့သော် ဆောင်းရာသီ သီးသန့် ရှိသောဒေသများတွင် အသီးအရသာပို၍ ချိုသည်ဟု အဆိုရှိသည်။
မာလကာတွင် အကြမ်းအားဖြင့် အူနီမျိုး နှင့် အူဖြူမျိုးဟူ၍ ရှိသည်။ အူနီမျိုးသည် အသီး အတွင်းသားသည် ပန်းရောင်မှ အနီရောင်ရှိ၍ စားသုံးရတာပျော့ပျောင်းသည်။
အသီး ပုံသဏ္ဍန် ဘူးင်္သီးပုံ ဖြစ်သည်။ အူဖြူမျိုးသည် အသီး အတွင်းသားသည် အဖြူရောင်ရှိပြီး အသီးမာကျစ်သည်။ အသီး ပုံသဏ္ဍန် အလုံးပုံ ရှိသည်။
၂။ စိုက်ပျိုးနည်း
မာလကာပင်ကို ဖေဖေါ်ဝါရီ-မတ်လ သို့မဟုတ် ဩဂုတ်-စက်တင်ဘာလ များတွင် စိုက်ပျိုးကြသည်။ မာလကာပင်ကို အစေ့မှသော်လည်းကောင်း ၊ ကိုင်းဆက်၍သော်လည်းကောင်း၊ မြေထုပ်စည်း၍သော်လည်းကောင်း၊ ကိုင်းဖြတ် ပျိုးအိုးတွင် အမြစ်ဖောက်၍ လည်းကောင်း ပျိုးပင် ပြုလုပ်၍ စိုက်ပျိုးနိုင်ပါသည်။
အစေ့ပျိုးပင် (သို့) မြေထုတ်စည်း ပျိုးပင်ကို တစ်နှစ်သား အရွယ်ရောက်လျှင် မြေချ စိုက်ပျိုးနိုင်ပါသည်။ တစ်ပင်နှင့် တစ်ပင် ပုံမှန် ၂၀_၂၀ ပေ(၆_၆ မီတာ) အကွာအဝေးထားပြီး
စိုက်ကြသော်လည်း အပင်အရေအတွက် ပါဝင်မှု ပိုမိုများရန် ၁၀_၁၀ ပေ (၃ _၃ မီတာ) အကွာ ကျင်းတူး စိုက်ပျိုးနိုင်သည်။ ကျင်းအနက်သည် စိုက်ပျိုးမည့် ပျိုးပင်၏ အနက်အတိုင်းတူးရမည်။
ပျိုးပင်အနက်သည် ပျိုးအိတ် အတွင်းရှိစဉ် ပျိုးပင်၏ ခါးအနက်အတိုင်း စိုက်ရမည် ဖြစ်ပြီး ကျင်းအလယ် တည့်တည့်တွင် မတ်မတ်ချ စိုက်ရမည်။ စိုက်ပြီး အပင်ခြေကို သေချာစွာ ဖိပေးပြီး အညွှန့်အသစ်များ လိုက်လာသည်
အထိ မိုးမရွာလျှင် ရေလောင်းပေးရပါမည်။ စိုက်ပျိုးပြီးစ အပင်ငယ်ချိန်တွင် မာလကာပင် တန်းကြားထဲ ကြားသီးနှံအဖြစ် မတ်ပဲ၊ ပဲလွမ်းစသည့် ပဲများနှင့် ဟင်းသီးဟင်းရွက် သီးနှံများ ဖြစ်သည့် ရုံးပတီ၊ ခရမ်းချဉ်၊ ငရုတ်၊ စသည့်ဖြင့် စိုက်ပျိုး၍ ဝင်ငွေတိုးနိုင်ပါသည်။
၃။အပင်ပြုစုနည်း
မာလကာပင် စိုက်ခင်းတွင် မြေဆွပေးခြင်း၊ ပေါင်းသင်ပေးခြင်း၊ ရေလောင်းပေးခြင်းများ ပြုလုပ်ရပါမည်။ အပင် အမြင့် ၄ပေခန့်အထိ မားမားမတ်မတ် တက်ရန်အတွက် အပင်ခြေရင်းမှ ကိုင်းတက်များ နှင့် ဘေးတက်များကို ဖြတ်တောက်ပေးရပါမည်။
အပင် လေဝင်လေထွက် ကောင်းရန် အပင် အတွင်းသို့ ထိုးဝင်နေသော ကိုင်းများကို ဖြတ်တောက် ပေးရပါမည်။ သို့မှသာ မာလကာပင် အသီးကိုင်းများ ပို၍ များပြားကာ အသီးဝေဆာပြီး ပိုမို အသီးသီးနိုင်ပါသည်။
အသီး အရည်အသွေး မြင့်ရန် နှင့် အသီး အတွင်း သီးထိုးယင် ကျရောက်မှု မရှိစေရန် အသီးအား အိတ်စွပ်ပေးခြင်းလည်း ပြုလုပ်သင့် ပါသည်။
၄။ ပိုးမွှားရောဂါ
ဖျက်ပိုးများအနေဖြင့် ပိုးစေးနှဲ၊ သီးထိုးယင်၊ ပျတို့ကျရောက်တတ်ပါသည်။ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ် ဆေးများကို ပက်ဖျန်း သုံးစွဲရမည် ဖြစ်ပါသည်။
ရောဂါများအနေဖြင့် မာလကာပင်ငယ် များတွင် မာလကာပင် ညိုးသေရောဂါ ကျရောက်၍ မာလကာပင်ငယ်များ ညှိုးနွမ်း သေဆုံး တတ်ပါသည်။ ငှက်မျက်စိ ကွက်ပြောက်ရောဂါ၊ ကြပ်ခိုးစွဲ ရောဂါများ ကျရောက်တတ်ပါသည်။ ဘော်ဒို မှိုသတ်ဆးကို အပတ်စဉ်သုံးစွဲ ပက်ဖျန်းခြင်း သို့မဟုတ် ကော့ပါးပါသော မှိုသတ်ဆေကို သုံးစွဲနှိမ်နင်း နိုင်ပါသည်။
၅။မြေဩဇာကျွေးနည်း
မာလကာတစ်ပင်လျှင် မတ်လတွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ် စသဖြင့် (၂)ကြိမ်ခွဲ၍ မြေဩ ဇာကျွေးသင့်ပါသည်။ မြေဩဇာပမာဏ (NPK Compound)
ဓာတ်မြေဩဇာ တစ်နှစ်လျှင် (၁.၅-၆ ပိဿာ)ကို ကျွေးသင့် ပါသည်။ ထိုသို့ ဓါတ်မြေဩဇာ ကျွေးတိုင်း နွားချေး မြေဆွေး သဘာဝ မြေဩဇာကို တစ်ပင်လျှင် (၂-၅)တောင်း ကျွေးသင့်ပါသည်။
၆။ ခူးဆွတ်ခြင်းနှင့် အထွက်နှုန်း
မာလကာပင်သည် အစေ့မှ စိုက်လျှင် ၄-၅ နှစ်ကြာမှ အသီးသီးသည်။ မြေထုပ်စည်း မျိုးပွားပင်မှ နှစ်နှစ်အတွင်း အသီးသီးသည်။ မြေဩဇာ အပြည့်အဝ ကျွေး၍ ရေသွင်းရေလောင်းပေးသော အပင်များက တစ်နှစ်ပတ်လုံး အသီးသီးနိုင်သည်။
မာလကာပင် တစ်ပင်လျှင် တစ်နှစ်ပတ်လုံး အသီး အများဆုံး ၁၀ဝ၀ခန့် အထိ အသီးသီးနိုင်သည်။
ပျမ်းမျှ တစ်ပင်လျှင် အသီး ၂၀ဝ မှ ၃၀ဝ ထိ သီးသည်။ မာလကာပင်သည် အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်းသာ အသီးအထွက်ကောင်းသည်။ ထို့ကြောင့် ထိုပင်သက်တမ်းသို့ ရောက်လျှင် ပင်ပျိုများ လဲလှယ် စိုက်သင့်ပါသည်။
ယခုအခါ မာလကာပင်ကို အပင် အရေအတွက် တိုးမြှင့်ခြင်း၊ ကိုင်းပြုပြင်ခြင်း တို့ဖြင့် အထွက်နှုန်းတိုးအောင် စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။
အထြက္ႏႈန္းေကာင္းေအာင္ မာလကာပင္ စိုက္ပ်ိဳးနည္း
(မာလကာပင္ စိုက္ပ်ိဳးနည္း )ေလးမၽွေဝလိုက္တယ္ေနာ္
၁။ ေဒသ၊ ရာသီဥတု၊ ေျမအမ်ိဳးအစားႏွင့္မ်ိဳးမ်ား
မာလကာပင္သည္ အေမရိကတိုက္ႏွင့္ အပူပိုင္းေဒသ တိုင္းျပည္မ်ား ျဖစ္ေသာ မကၠဆီကိုႏွင့္ ပီ႐ူးတိုင္းျပည္မ်ား စသည့္ မူရင္းေဒသမ်ားမွ ျမန္မာနိုင္ငံသို႔ ျပန္႔ႏွံ စိုက္ပ်ိဳးလာၾက ပါသည္။
အလြန္ စိုက္ပ်ိဳးရ လြယ္ကူေသာ သီးပင္မ်ိဳး ျဖစ္သည္။ ေျမအမ်ိဳးအစားမေရြး ျဖစ္ထြန္း နိုင္ေသာ္လည္း ေရဝပ္ျခင္းကိုမူ မႏွစ္သက္ပါ။ အပူပိုင္းသီးႏွံျဖစ္ေသာ္လည္း အပူသမပိုင္းမ်ားတြင္လည္း ျဖစ္ထြန္းသည္။
မာလကာ အပင္ႀကီး သည္ အပူဒဏ္ ႏွင့္ေရငန္ဒဏ္ကိုလည္း ခံနိုင္ရည္ရွိေသာ အပင္မ်ိဳး ျဖစ္သည္။ သို႔ေသာ္ ေဆာင္းရာသီ သီးသန္႔ ရွိေသာေဒသမ်ားတြင္ အသီးအရသာပို၍ ခ်ိဳသည္ဟု အဆိုရွိသည္။
မာလကာတြင္ အၾကမ္းအားျဖင့္ အူနီမ်ိဳး ႏွင့္ အူျဖဴမ်ိဳးဟူ၍ ရွိသည္။ အူနီမ်ိဳးသည္ အသီး အတြင္းသားသည္ ပန္းေရာင္မွ အနီေရာင္ရွိ၍ စားသုံးရတာေပ်ာ့ေပ်ာင္းသည္။
အသီး ပုံသ႑န္ ဘူးသႌးပုံ ျဖစ္သည္။ အူျဖဴမ်ိဳးသည္ အသီး အတြင္းသားသည္ အျဖဴေရာင္ရွိၿပီး အသီးမာက်စ္သည္။ အသီး ပုံသ႑န္ အလုံးပုံ ရွိသည္။
၂။ စိုက္ပ်ိဳးနည္း
မာလကာပင္ကို ေဖေဖၚဝါရီ-မတ္လ သို႔မဟုတ္ ဩဂုတ္-စက္တင္ဘာလ မ်ားတြင္ စိုက္ပ်ိဳးၾကသည္။ မာလကာပင္ကို အေစ့မွေသာ္လည္းေကာင္း ၊ ကိုင္းဆက္၍ေသာ္လည္းေကာင္း၊ ေျမထုပ္စည္း၍ေသာ္လည္းေကာင္း၊ ကိုင္းျဖတ္ ပ်ိဳးအိုးတြင္ အျမစ္ေဖာက္၍ လည္းေကာင္း ပ်ိဳးပင္ ျပဳလုပ္၍ စိုက္ပ်ိဳးနိုင္ပါသည္။
အေစ့ပ်ိဳးပင္ (သို႔) ေျမထုတ္စည္း ပ်ိဳးပင္ကို တစ္ႏွစ္သား အရြယ္ေရာက္လၽွင္ ေျမခ် စိုက္ပ်ိဳးနိုင္ပါသည္။ တစ္ပင္ႏွင့္ တစ္ပင္ ပုံမွန္ ၂၀_၂၀ ေပ(၆_၆ မီတာ) အကြာအေဝးထားၿပီး
စိုက္ၾကေသာ္လည္း အပင္အေရအတြက္ ပါဝင္မႈ ပိုမိုမ်ားရန္ ၁၀_၁၀ ေပ (၃ _၃ မီတာ) အကြာ က်င္းတူး စိုက္ပ်ိဳးနိုင္သည္။ က်င္းအနက္သည္ စိုက္ပ်ိဳးမည့္ ပ်ိဳးပင္၏ အနက္အတိုင္းတူးရမည္။
ပ်ိဳးပင္အနက္သည္ ပ်ိဳးအိတ္ အတြင္းရွိစဥ္ ပ်ိဳးပင္၏ ခါးအနက္အတိုင္း စိုက္ရမည္ ျဖစ္ၿပီး က်င္းအလယ္ တည့္တည့္တြင္ မတ္မတ္ခ် စိုက္ရမည္။ စိုက္ၿပီး အပင္ေျခကို ေသခ်ာစြာ ဖိေပးၿပီး အညႊန္႔အသစ္မ်ား လိုက္လာသည္
အထိ မိုးမရြာလၽွင္ ေရေလာင္းေပးရပါမည္။ စိုက္ပ်ိဳးၿပီးစ အပင္ငယ္ခ်ိန္တြင္ မာလကာပင္ တန္းၾကားထဲ ၾကားသီးႏွံအျဖစ္ မတ္ပဲ၊ ပဲလြမ္းစသည့္ ပဲမ်ားႏွင့္ ဟင္းသီးဟင္းရြက္ သီးႏွံမ်ား ျဖစ္သည့္ ႐ုံးပတီ၊ ခရမ္းခ်ဥ္၊ င႐ုတ္၊ စသည့္ျဖင့္ စိုက္ပ်ိဳး၍ ဝင္ေငြတိုးနိုင္ပါသည္။
၃။အပင္ျပဳစုနည္း
မာလကာပင္ စိုက္ခင္းတြင္ ေျမဆြေပးျခင္း၊ ေပါင္းသင္ေပးျခင္း၊ ေရေလာင္းေပးျခင္းမ်ား ျပဳလုပ္ရပါမည္။ အပင္ အျမင့္ ၄ေပခန္႔အထိ မားမားမတ္မတ္ တက္ရန္အတြက္ အပင္ေျခရင္းမွ ကိုင္းတက္မ်ား ႏွင့္ ေဘးတက္မ်ားကို ျဖတ္ေတာက္ေပးရပါမည္။
အပင္ ေလဝင္ေလထြက္ ေကာင္းရန္ အပင္ အတြင္းသို႔ ထိုးဝင္ေနေသာ ကိုင္းမ်ားကို ျဖတ္ေတာက္ ေပးရပါမည္။ သို႔မွသာ မာလကာပင္ အသီးကိုင္းမ်ား ပို၍ မ်ားျပားကာ အသီးေဝဆာၿပီး ပိုမို အသီးသီးနိုင္ပါသည္။
အသီး အရည္အေသြး ျမင့္ရန္ ႏွင့္ အသီး အတြင္း သီးထိုးယင္ က်ေရာက္မႈ မရွိေစရန္ အသီးအား အိတ္စြပ္ေပးျခင္းလည္း ျပဳလုပ္သင့္ ပါသည္။
၄။ ပိုးမႊားေရာဂါ
ဖ်က္ပိုးမ်ားအေနျဖင့္ ပိုးေစးႏွဲ၊ သီးထိုးယင္၊ ပ်တို႔က်ေရာက္တတ္ပါသည္။ ပင္လုံးျပန္႔အာနိသင္ရွိေသာ ပိုးသတ္ ေဆးမ်ားကို ပက္ဖ်န္း သုံးစြဲရမည္ ျဖစ္ပါသည္။
ေရာဂါမ်ားအေနျဖင့္ မာလကာပင္ငယ္ မ်ားတြင္ မာလကာပင္ ညိဳးေသေရာဂါ က်ေရာက္၍ မာလကာပင္ငယ္မ်ား ညႇိုးႏြမ္း ေသဆုံး တတ္ပါသည္။ ငွက္မ်က္စိ ကြက္ေျပာက္ေရာဂါ၊ ၾကပ္ခိုးစြဲ ေရာဂါမ်ား က်ေရာက္တတ္ပါသည္။ ေဘာ္ဒို မွိုသတ္ဆးကို အပတ္စဥ္သုံးစြဲ ပက္ဖ်န္းျခင္း သို႔မဟုတ္ ေကာ့ပါးပါေသာ မွိုသတ္ေဆကို သုံးစြဲႏွိမ္နင္း နိုင္ပါသည္။
၅။ေျမဩဇာေကၽြးနည္း
မာလကာတစ္ပင္လၽွင္ မတ္လတြင္ တစ္ႀကိမ္၊ ေအာက္တိုဘာလတြင္ တစ္ႀကိမ္ စသျဖင့္ (၂)ႀကိမ္ခြဲ၍ ေျမဩ ဇာေကၽြးသင့္ပါသည္။ ေျမဩဇာပမာဏ (NPK Compound)
ဓာတ္ေျမဩဇာ တစ္ႏွစ္လၽွင္ (၁.၅-၆ ပိႆာ)ကို ေကၽြးသင့္ ပါသည္။ ထိုသို႔ ဓါတ္ေျမဩဇာ ေကၽြးတိုင္း ႏြားေခ်း ေျမေဆြး သဘာဝ ေျမဩဇာကို တစ္ပင္လၽွင္ (၂-၅)ေတာင္း ေကၽြးသင့္ပါသည္။
၆။ ခူးဆြတ္ျခင္းႏွင့္ အထြက္ႏႈန္း
မာလကာပင္သည္ အေစ့မွ စိုက္လၽွင္ ၄-၅ ႏွစ္ၾကာမွ အသီးသီးသည္။ ေျမထုပ္စည္း မ်ိဳးပြားပင္မွ ႏွစ္ႏွစ္အတြင္း အသီးသီးသည္။ ေျမဩဇာ အျပည့္အဝ ေကၽြး၍ ေရသြင္းေရေလာင္းေပးေသာ အပင္မ်ားက တစ္ႏွစ္ပတ္လုံး အသီးသီးနိုင္သည္။
မာလကာပင္ တစ္ပင္လၽွင္ တစ္ႏွစ္ပတ္လုံး အသီး အမ်ားဆုံး ၁၀ဝ၀ခန္႔ အထိ အသီးသီးနိုင္သည္။
ပ်မ္းမၽွ တစ္ပင္လၽွင္ အသီး ၂၀ဝ မွ ၃၀ဝ ထိ သီးသည္။ မာလကာပင္သည္ အသက္ ၁၀ ႏွစ္မွ ၁၅ ႏွစ္အတြင္းသာ အသီးအထြက္ေကာင္းသည္။ ထို႔ေၾကာင့္ ထိုပင္သက္တမ္းသို႔ ေရာက္လၽွင္ ပင္ပ်ိဳမ်ား လဲလွယ္ စိုက္သင့္ပါသည္။
ယခုအခါ မာလကာပင္ကို အပင္ အေရအတြက္ တိုးျမႇင့္ျခင္း၊ ကိုင္းျပဳျပင္ျခင္း တို႔ျဖင့္ အထြက္ႏႈန္းတိုးေအာင္ စီးပြားျဖစ္ စိုက္ပ်ိဳးလာၾကပါသည္။