မျက်နှာပေါ်က မလိုအပ်တဲ့ အမွှေး အမျှင်တွေကို သဘာဝနည်းအတိုင်း ဖယ်ရှားမယ်
မျက်နှာပေါ်မှာ အမွှေးတွေများနေတာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။ မျက်နှာပေါ်က အမွှေးတွေကို ဖယ်ရှားနို်ငဖို့အတွက် Waxing လုပ်ပေးကြပါတယ်။ အခုစာရေးသူကတော့ သဘာဝနည်းလမ်းနဲ့ Waxing ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
အသားအရေအတွက်လည်းကောင်းမွန်ပြီး သဘာဝပါဝင်ပစ္စည်းတွေနဲ့မို့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ရှောင်နိုင်မှာပါ။
စာရေးသူတစ်ခုပြောချင်တာက မျက်နှာပေါ်မှာ အမွေးတွေရှိနေလို့ သင်မလှတာမဟုတ်ပါဘူး။ လူတိုင်းဟာ မပြည့်စုံပါဘူး။ သင့်ဟာ ဘယ်လိုပဲဖြစ်နေနေ confident ရှိရင် သင့်အလှဟာ ပြည့်စုံနေမှာပါ။
အခုနည်းလမ်းလေးကို ရေရှည်လုပ်ပေးမယ်ဆိုရင် သင့်မျက်နှာပေါ်က အမွှေးလေးတွေ တဖြည်းဖြည်း သက်သာပျောက်ကင်းသွားမှာပါ။
ပါဝင်ပစ္စည်းတွေကတော့
အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
ဂျုံကြမ်း (Wholemeal Flour) စားပွဲတင်ဇွန်း ၃ ဇွန်း
ရေနည်းနည်း
ပြုလုပ်နည်း
မျက်နှာကိုသေချာ သစ်ထားပါ။ ပြီးရင် မျက်နှာပေါ်မှာ Moisturizer ကို စိမ့်ဝင်သွားအောင်လိမ်းပေးပါ။ ပြီးရင် ပါဝင်ပ္စစည်းတွေကို ရောလိုက်ပါ။ ရေကို အများကြီးမထည့်ပါနဲ့။ ခပ်ပျစ်ပျစ်လေးဖျော်ပြီး မျက်နှာပေါ်မှာ လိမ်းပေးပါ။ ပြီးရင် အရမ်းခြောက်အောင်မဟုတ်ဘဲ ၉၀% လောက် ခြောက်အောင်ထားပါ။ မိနစ် ၂၀ လောက်ကြာနိုင်ပါတယ်။
ပြီးရင် အမွေးရဲ့ ဦးတည်ချက်နဲ့ လားရာဖက် ဦးတည်ပြီး စောစောက လိမ်းထားတာကို ပွတ်ချလိုက်ပါ။ ပြီးရင် မျက်နှာကို ရေအေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင် ခြောက်အောင်သုတ်ပြီး Toner ကိုလိမ်းပေးကာ Moisturizer လိမ်းပေးလိုက်ပါ။
တစ်ပတ်ကို ၂ ကြိမ်ထိလုပ်ပေးပါ။ တစ်ခါလုပ်ပြီးရင် အနည်းဆုံး ၂ ရက်ခြားပါ။
မ်က္ႏွာေပၚက မလိုအပ္တဲ့ အေမႊး အမွ်င္ေတြကို သဘာဝနည္းအတိုင္း ဖယ္ရွားမယ္
မ်က္ႏွာေပၚမွာ အေမႊးေတြမ်ားေနတာဟာ စိတ္အေႏွာင့္အယွက္ျဖစ္စရာပါပဲ။ မ်က္ႏွာေပၚက အေမႊးေတြကို ဖယ္ရွားႏို္ငဖုိ႔အတြက္ Waxing လုပ္ေပးၾကပါတယ္။ အခုစာေရးသူကေတာ့ သဘာ၀နည္းလမ္းနဲ႔ Waxing ျပဳလုပ္နည္းကို မွ်ေ၀ေပးသြားမွာျဖစ္ပါတယ္။
အသားအေရအတြက္လည္းေကာင္းမြန္ၿပီး သဘာ၀ပါ၀င္ပစၥည္းေတြနဲ႔မို႔ ေဘးထြက္ဆိုးက်ိဳးေတြကိုလည္း ေရွာင္ႏိုင္မွာပါ။
စာေရးသူတစ္ခုေျပာခ်င္တာက မ်က္ႏွာေပၚမွာ အေမြးေတြရွိေနလို႔ သင္မလွတာမဟုတ္ပါဘူး။ လူတိုင္းဟာ မျပည့္စံုပါဘူး။ သင့္ဟာ ဘယ္လိုပဲျဖစ္ေနေန confident ရွိရင္ သင့္အလွဟာ ျပည့္စံုေနမွာပါ။
အခုနည္းလမ္းေလးကို ေရရွည္လုပ္ေပးမယ္ဆိုရင္ သင့္မ်က္ႏွာေပၚက အေမႊးေလးေတြ တျဖည္းျဖည္း သက္သာေပ်ာက္ကင္းသြားမွာပါ။
ပါ၀င္ပစၥည္းေတြကေတာ့
အုန္းဆီ လက္ဖက္ရည္ဇြန္း တစ္၀က္
ဂ်ံဳၾကမ္း (Wholemeal Flour) စားပြဲတင္ဇြန္း ၃ ဇြန္း
ေရနည္းနည္း
ျပဳလုပ္နည္း
မ်က္ႏွာကိုေသခ်ာ သစ္ထားပါ။ ၿပီးရင္ မ်က္ႏွာေပၚမွာ Moisturizer ကို စိမ့္၀င္သြားေအာင္လိမ္းေပးပါ။ ၿပီးရင္ ပါ၀င္ပၥစည္းေတြကို ေရာလိုက္ပါ။ ေရကို အမ်ားႀကီးမထည့္ပါနဲ႔။ ခပ္ပ်စ္ပ်စ္ေလးေဖ်ာ္ၿပီး မ်က္ႏွာေပၚမွာ လိမ္းေပးပါ။ ၿပီးရင္ အရမ္းေျခာက္ေအာင္မဟုတ္ဘဲ ၉၀% ေလာက္ ေျခာက္ေအာင္ထားပါ။
မိနစ္ ၂၀ ေလာက္ၾကာႏိုင္ပါတယ္။ ၿပီးရင္ အေမြးရဲ့ ဦးတည္ခ်က္နဲ႔ လားရာဖက္ ဦးတည္ၿပီး ေစာေစာက လိမ္းထားတာကို ပြတ္ခ်လိုက္ပါ။ ၿပီးရင္ မ်က္ႏွာကို ေရေအးနဲ႔ ေဆးခ်လိုက္ပါ။ ၿပီးရင္ ေျခာက္ေအာင္သုတ္ၿပီး Toner ကိုလိမ္းေပးကာ Moisturizer လိမ္းေပးလိုက္ပါ။
တစ္ပတ္ကို ၂ ႀကိမ္ထိလုပ္ေပးပါ။ တစ္ခါလုပ္ၿပီးရင္ အနည္းဆံုး ၂ ရက္ျခားပါ။