“နောက်ဆုံးပလန်နဲ့ဂိမ်းအိုဗာ”
ဒီနေ့မနက်အလုံမှာဗလီမီးလောင်ပါတယ်။
ဘာ့ကြောင့်၊ဘယ်သူ့ကြောင့်ဘယ်သတင်းဌာနမှမတက်သေးလို့ကျနော်လည်းအကြောင်းရင်းကိုမသိပါဘူး။
ဒါပေမဲ့..
ဗလီမီးလောင်ပြီးရင်ဗုဒ္ဓဘာသာနဲ့ပါတ်သက်တဲ့အဆောက်အအုံတွေသတိထားကြပါ။
ဗလီကိုရှို့လို့ဘုန်းကြီးကျောင်းပြန်ရှို့တယ်ဆိုတဲ့ဖဲထုပ်ကြီးနဲ့လိမ်ရိုက်လာတာကြာပါပြီ။
မအလတို့ရဲ့နောက်ဆုံး(Final Plan)အကြံဆိုးကဘာသာရေးနဲ့လမ်းလွှဲဖို့ပါ။
ဒီနိုင်ငံမှာဗုဒ္ဓဘာသာဝင်(80%)ကျော်ရှိပြီးအများစုကမိရိုးဖလာတွေပါ။
ကိုယ်ကိုးကွယ်တဲ့ဗုဒ္ဓကဘယ်လိုဆုံးမထားတယ်သာမသိတာ..ငါတို့ဘာသာကိုထိကြည့်မီးပွင့်သွားမယ်ဆိုတဲ့ဂျလေဗီတွေကအများကြီးပါ။
ဒါ့ကြောင့်..လိုတဲ့အချိန်မှာအကွက်ကျကျသုံးဖို့မဘသအဖွဲ့ကြီးကိုသေချာကျွေးမွေးပြုစုပျိုးထောင်ထားတာပါ။
အားလုံးသတိကြီးကြီးထားကြဖို့အချိန်ရောက်ပြီထင်ပါတယ်။
ဒီနေ့မနက်အစောပိုင်းမှာ အလုံက ဗလီတစ်လုံး မီးလောင်မှုဖြစ်ပွါးခဲ့ပါတယ်။ ကိုယ်တို့ဟာ ဒီအကွက်မျိုးကို ပြီးခဲ့တဲ့နှစ်လလောက်ကတည်းက ကြိုတင်တွေးတောမိပြီးကြပြီးသားပါ။ စစ်တပ်က ဥာဏ်ပုတွေရဲ့ အတွေးအခေါ်ဟာ အမြဲတမ်း ဒီနားတစ်ဝိုက်ပဲ ပတ်လည်ရိုက်နေတာမို့ အရမ်းကြီး စဉ်းစားရခက်နေစရာ မလိုပါဘူး။
စစ်ကောင်စီဟာ အာဏာသိမ်းကာလ ငါးလနီးပါးဖြစ်လာတဲ့အထိ တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း မရှိသလို သံတမန်ရေးရာမှာလည်း အကြီးအကျယ် ရှုံးနိမ့်နေပါပြီ။ Legitimacy ရဖို့မပြောနဲ့ ဘယ်နေရာမှာမှ လူရာမဝင်သလို ဘယ်သူကလည်း စောက်ဖက်လုပ်မခံရပါဘူး။ အဆိုးဆုံးက ပြည်သူလူထုဟာ သူတို့ကို ခါးခါးသီးသီး ငြင်းဆန်တာပါပဲ။ တိုင်းပြည်ကို အုပ်ချုပ်သူ အစိုးရအဆင့်မပြောနဲ့၊ လူသတ်သမား သူခိုးဓါးပြအဆင့်ထက် ဘာမှကို မပိုပါဘူး။
စစ်အာဏာသိမ်းမှုဟာ Fail Mission ပါ။ စကစက ဝန်မခံတာပဲ ရှိတယ်။ ပြန်လမ်းမရှိလို့ ဆက်မိုက်နေတာပဲ ရှိတယ်။ ဒီMission ဟာ အကြီးအကျယ် Fail ဖြစ်နေပြီဆိုတာ သူတို့ကိုယ်တိုင် သိပါတယ်။ သူတို့ရဲ့ အကြောက်တရားနဲ့ စိတ်မလုံခြုံမှုဟာ တစ်နေ့တစ်ခြား ပြင်းထန်လာနေပါပြီ။ စကစရဲ့ အဆုံးရောက်ခါနီးတိုင်း သုံးနေကျ အကွက်ဟာ ဘာသာရေးသွေးထိုးမှုပါပဲ။
ဗလီ မီးလောင်မှုဖြစ်တယ်။ မကြာခင်မှာ အခြားဘာသာရေးအဆောက်အအုံတွေဟာ ပစ်မှတ်ထပ်ဖြစ်လာနိုင်တယ်။ ဗုဒ္ဓဘာသာတွေရဲ့ အထွတ်အမြတ်နေရာတစ်ခုကို အန္တရာယ်ပေးမယ်။ ဗလီကို ဗုဒ္ဓဘာသာဝင်တွေက မီးရှို့လို့ မွတ်စလင်မ်တွေက ဗုဒ္ဓဘာသာ အဆောက်အဦကို မီးပြန်ရှို့တယ်လို့ ဝါဒဖြန့်မယ်။
ငြိမ်းချမ်းနေတဲ့ ဗုဒ္ဓဘာသာဝင်နဲ့ အစ္စလာမ်ဘာသာဝင်တွေကြား သံသယပွါးလာအောင် ရန်တိုက်မယ်။ ဘာသာရေးအဓိကရုဏ်းနဲ့ အမုန်းတရားတွေ ဖန်တီးမယ်။ ဘုံရန်သူကို မေ့သွားပြီး အချင်းချင်း ပြန်ချရင်း မအားရအောင် လုပ်ထားမယ်။ ပြီးရင် စိတ်ကြိုက်အုပ်ချုပ်မယ်။ ဒီလိုဘာသာရေးအခြေခံမတည်ငြိမ်မှုတွေကြောင့် ဒီတိုင်းပြည်ကို စစ်တပ်က ထိန်းသိမ်းထားတာပါလို့ အကြောင်းပြချက်ပေးပြီး ကမ္ဘာ့နိုင်ငံတွေဆီ နားသွင်းမယ်။ Legitimacy ရဖို့ ကြိုးစားမယ်။ ဒါပါပဲ။
အစ္စလာမ်ဘာသာဝင် ညီအစ်ကိုမောင်နှမတွေရဲ့ ဆုံးရှုံးမှုကို နားလည်ပါတယ်။ ဝမ်းနည်းရပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ရပ်မျိုးကို ပြည်သူတွေကလည်း လုံးဝလုပ်စရာအကြောင်းမရှိသလို အခုလိုဖြစ်အောင် ဖန်တီးနေတဲ့ ပျူစောထီးလို အဖွဲ့တွေဟာလည်း ဗုဒ္ဓဘာသာဝင်တွေကို ကိုယ်စားမပြုပါဘူး။
ဗုဒ္ဓဘာသာ အဆောက်အဦတွေအပါအဝင် ဘာသာရေးအဆောက်အဦတွေအားလုံးကို လုံခြုံရေး အသိသတိကြီးကြီးနဲ့ ကာကွယ်စောင့်ရှောက်ကြဖို့ ပြင်ဆင်ကြရအောင်ပါ။
ဘုံရန်သူဟာ မင်းအောင်လှိုင်စစ်တပ်ပါ။ ဒါကို စွဲမြဲခိုင်မာနေဖို့ လိုပါတယ်။ ဗလီကို ဖျက်ဆီးတာဟာ ဒီမိုကရေစီရဖို့ အဝေးကြီး၊ ဘာမှမဆိုင်တာမို့ ဘယ်ဒီမိုကရေစီလိုလားသူကမှ မလုပ်ပါဘူး။ ဒီလိုလုပ်ရပ်တွေအတွက် အကျိုးအမြတ်ရနိုင်တာ ဘယ်သူတွေဆိုတာ အားလုံးနားလည်သဘောပေါက်ကြမှာပါ။
အာရုံမလွှဲနဲ့။
လာသွေးမခွဲနဲ့။
တရေးနိုးထမေးလည်း မင်းအောင်လှိုင်သည် မအိမ်လုံးပဲ။ မအိမ်လုံးသည် မင်းအောင်လှိုင်ပဲ။ စစ်တပ်သည် အကြမ်းဖက်အဖွဲ့။ သူခိုးဓါးပြသူပုန်သည် စစ်တပ်ပဲ။
NLD နဲ့ စစ်တပ်ရဲ့ ပြသနာမဟုတ်ဘူး။ NLD နဲ့ ကြံ့ဖွတ်နဲ့ နေရာလုနေတာ မဟုတ်ဘူး။ ဒီပွဲဟာ ဓမ္မနဲ့ အဓမ္မ ရွေးချယ်ကြတဲ့ပွဲ။ ပြည်သူနဲ့ အာဏာရှင်အပြီးသတ် ဖောင်ဖျက်တိုက်တဲ့ပွဲ။
သွေးမကွဲဘူး၊ နောက်မတွန့်ဘူး။ ပေးဆပ်လိုက်ရတဲ့ အသက်ပေါင်းထောင်ချီ၊ ဘဝပေါင်းသောင်းချီအတွက် လူထုဟာ ဘာနဲ့လှည့်တိုက်တိုက် ဦးတည်ချက် မပြောင်းတော့ဘူး။
၈၈ က စောက်ချိုးတွေ ၂၁ မှာ လာမချိုးနဲ့ဆိုတာ ပြည်သူက ပြောတဲ့စကား။ ဇော်မဲလုံးပြောတဲ့စကားမဟုတ်ဘူး။
ငါတို့က တကယ်ပြောတာ။
နိုင်အောင်တိုက်မှာ။
ဒီ(plan)ပြီးရင်သူတို့မှာ(game over)ဖြစ်ပါပြီ။
သတိတို့ညဏ်ပညာတို့နဲ့ကျော်ဖြတ်ကြပါစို့ ။
#originalwritter