လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကနေ ရပ်တည်ကြတဲ့အဆိုတော်တွေထဲမှာ နိုဗန်ထူးတစ်ယောက်လည်း အပါအဝင် ဖြစ်ပါတယ်။
နေ့စဉ်လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့တဲ့အတွက် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆို အရေးယူထားတာ ဖြစ်ပါတယ်။ဒါ့ကြောင့် ဘေးကင်းလုံခြုံရာသို့ ခေတ္တတိမ်းရှောင်နေတာ ဖြစ်ပါတယ်။
အခက်အခဲတွေများစွာနဲ့ ရင်ဆိုင်ရပေမယ့်လည်း နောက်မဆုတ်ဘဲ တော်လှန်ရေးတိုက်ပွဲအတွက် လွတ်မြောက်နယ်မြေတွင် ကြိုးစားပြင်ဆင်နေတာ ဖြစ်ပါတယ်။
မကြာသေးခင် ရက်ပိုင်းလောက်ကလည်း နိုဗန်ထူးရဲ့ လူမှုကွန်ယက်မှာ ဗီဒီယိုဖိုင်လေးတစ်ခု တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ တောထဲမှာ စားနပ်ရိက္ခာများကို ခက်ခက်ခဲခဲသယ်ယူရတာတွေကို မှတ်တမ်း ဗီဒီယို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ရွံ့နွံတွေထဲမှာ ရိက္ခာပစ္စည်းတွေကို သယ်ယူနေတာတွေကို ကြည့်ရှုပြီး ပရိသတ်တွေက တောထဲရောက်နေတဲ့ လူငယ်လေးတွေအတွက် ကရုဏာသက်နေကြတာ ဖြစ်ပါတယ်။
သူကလည်း ” နာကျင်စရာတွေနဲ့ မကင်းဘဲ အရင်းအနှီးတွေများတဲ့ တိုက်ပွဲ မိုးလင်း မျက်လုံးနှစ်လုံးပွင့်တာနဲ့သေဆုံးသွားတဲ့ ရဲဘော်တွေ၊ ထောင်ကျနေတဲ့ရဲဘော်တွေ၊
CDM လုပ်နေတဲ့ရဲဘော်တွေ၊ ဆက်လက် သပိတ်မှောက်နေတဲ့ ရဲဘော်တွေ၊တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ သူတို့ အကြောင်းတွေပဲ စဉ်းစားပြီး နေ့စဉ် တာဝန်မှန်သမျှတိုးလုပ်နေတာပဲ။
ရုပ္သံၾကည့္ရန္
#သွေးအေးစရာအကြောင်းမရှိ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း လူငယ်လေးတွေအခုလို ကြိုးစားနေကြတာကိုကြည့်ပြီး စိတ်ဓာတ်မကျဖို့ အားပေးစကားတွေ ပြောနေကြတာကို မြင်တွေ့ရပါတယ်။အားလုံးကြည့်ရှုနိုင်ရန်အတွက် ဒီဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက် ရပါတယ်။