ဗဟုသုတ

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ One Stop Mart ဆိုင် သုံးဆိုင် တစ်ရက်တည်း မီးလောင်ကျွမ်းမှု ဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ One Stop Mart ဆိုင် သုံးဆိုင် တစ်ရက်တည်း မီးလောင်ကျွမ်းမှု ဇွန် ၂၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ဇွန် ၂၀ ရက် ၊ နံနက် ၃ နာရီ ၄၅ မိနစ်တွင် ကျောက်တံတားမြို့နယ် ၊ ဗိုလ်ချုပ်လမ်းနှင့် ၃၉ လမ်းထောင့်ရှိ One Stop Mart. ဆိုင် မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရသဖြင့် မီးသတ်တပ်ဖွဲ့မှ သွားရောက်မီးငြိမ်းသတ်ခဲ့ကြောင်း ၊ မီးသတ်တပ်ဖွဲ့မှ မီးလောင်ကျွမ်းမှု အား level 1 သတ်မှတ်ကာ တစ်နာရီကျော်ခန့် မီးငြိမ်းသတ်ခဲ့ရသည်။

အလားတူ အဆိုပါအချိန်တွင် ဗဟန်းမြို့နယ် ၊ ဖိုးစိန်လမ်းရှိ One Stop Mart ဆိုင်လည်း မီးလောင်ကျွမ်း ခဲ့ပြီး အဆိုပါ မီးလောင်ကျွမ်းမှု အား မီးသတ်တပ်ဖွဲ့မှ ဆယ်မိနစ်ခန့် မီးသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါဆိုင်ရှိသည့် ဖိုးစိန်လမ်းအား ဇွန် ၂၀ ရက် ၊ မွန်းလွဲပိုင်းအထိ ပိတ်ထားသည်ကို တွေ့မြင်ခဲ့ရသည်။

“ပစ္စည်းတွေ ရွေ့နေတယ်လို့ သိရတယ်။လမ်းကတော့ ပိတ်ထားတယ်” ဟု အဆိုပါနေရာ အနီးနေသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဇွန် ၂၀ ရက် ၊ နံနက် ၄ နာရီတွင် မဂ်လာတောင်ညွန့်မြို့နယ် ၊ အထက်ပုဇွန်တောင်လမ်းရှိ One Stop Mart. ဆိုင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။