လူတစ်ယောက်မှာ အရေးကြီးဆုံးအချက်က ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသင့်တဲ့ အချက်လို့ထင်ပါတယ်။လူတစ်ယောက် ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမနေဘူးဆိုရင် ကိုယ်လုပ်တဲ့ အလုပ် တွေမှာလည်း မယုံကြည်တတ်တဲ့ စိတ်ကကြီးစိုးနေ တဲ့အခါ အလွဲလွဲအချော်ချော်ဖြစ်တတ်ပါတယ်။ ယုံကြည်မှု က မဖြစ်နိုင်ဘူးလို့ ထင်တဲ့အရာတွေကို ဖြစ်လာအောင် လုပ် ဆောင်ပေးမှာပဲ ဖြစ်ပါတယ်နော်။ ဒါလေးတွေကို ဂရုစိုက် လိုက်ရုံနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားသူ တစ်ယောက် ဖြစ်လာစေမှာပါ။
၁။ ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်ကို ဂရုစိုက်ပါ
လူတစ်ယောက်မှာ ရုပ်ရည်သွင်ပြင်က ပထမလို့ ပြောလို့ရ ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံကြတဲ့အခါ ကိုယ့်ရဲ့ရုပ်ရည်သွင်ပြင်ကိုကြည့်ပြီး ဆုံးဖြတ်တတ်ကြပါ တယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဝတ်စားဆင်ယင်ပုံ၊အပြင်အဆင် တွေက လူတစ်ယောက်ရဲ့ ယုံကြည်မှုကို တိုးစေပါတယ်။ မပြင်မဆင်ပဲ နေတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတတ် တာက လူတိုင်း ဖြစ်တတ်ပါတယ်နော်။ ဒါကြောင့်အပြင်သွား တဲ့ အခါတွေမှာ သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ခြင်းက သင့်ကိုယုံကြည်မှု ပိုရှိစေပါတယ်။
၂။ အမူအရာတစ်ချို့ကို ပြောင်းလဲသင့်ရင်ပြောင်းလဲပါ
လူတိုင်းမှာ ပြောင်းလဲသင့်တဲ့ အမူအရာတစ်ချို့ ရှိလို့နေပါ တယ်။ ကိုယ့်ကိုယ်ကို မနှစ်သက်တဲ့ အမူအရာ၊ ကိုယ့်ကိုယ် ယုံကြည်မှု မရှိဘူးလို့ ထင်ရစေတဲ့ အမူအရာတစ်ချို့ကို ပြောင်းလဲလိုက်ပါ။ ဥပမာ- လက်သည်းကိုက်တတ်တဲ့ အ ကျင့်၊ စကားပြောတဲ့အခါ ပြောရဲဆိုရဲ မရှိတဲ့အကျင့်စသ ဖြင့် ယုံကြည်မှုမဲ့စေတဲ့ အမူအကျင့်တစ်ချို့ကို ပြောင်းလဲ သင့်ပါတယ်။ ဒါတွေက သင့်ကိုယုံကြည်မှု မြင့်မားသူအဖြစ် မမြင်ရစေပါဘူး။
၃။ အားနာတတ်တဲ့ အကျင့်ကိုဖျောက်ပါ
အားနာတတ်တယ်ဆိုတာ တကယ်တမ်းမှာတော့ တဖြည်း ဖြည်းနဲ့ ယုံကြည်မှုလျော့နည်းလာ စေတာပါပဲ။တစ်ဖက် သား အပေါ် အားနာလွန်းအားကြီးတဲ့အခါ အသုံးချခံဖြစ် သွားစေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် အဆင်မ ပြေတဲ့ကိစ္စ၊ ကိုယ်မလုပ်ပေးနိုင်တဲ့ကိစ္စတွေကို ရဲရဲဝံ့ဝံ့ငြင်း ဆိုပါ။ ဒါက သင့်ကို ယုံကြည်မှုပိုရှိလာပြီး နေထိုင်ရတာ ပိုအဆင်ပြေလာပါလိမ့်မယ်။
၄။ ကိုယ့်ကိုယ်ကို challenge လုပ်ပါ
လူတွေဟာ တစ်ခြားသူတွေကို လိုက်ပြိုင်ဆိုင်တာတွေ လုပ် တတ်ပါတယ်။ တကယ်တမ်းမှာတော့ ဒါဟာတကယ့်ကို မှား ယွင်းခြင်း တစ်မျိုးပါပဲ။ သူများတွေကို ပြိုင်ဆိုင်နေတာ ထက် ကိုယ့်ကိုယ်ကို ပြိုင်ဆိုင်တာကမှ အကောင်းဆုံးသော နည်းလမ်းဖြစ်ပါတယ်။ အရင်နှစ်ကနဲ့ ဒီနှစ်မှာကိုယ်ဘာတွေ ပြောင်းလဲသွားခဲ့တယ်၊ ကိုယ်ဘာတွေကို ဖြစ်အောင်လုပ်ဖို့ လိုအပ်တယ် စသဖြင့် ကိုယ့်ကိုယ်ကို ပြိုင်ပါ။ ဒါက သင့်ကို ပိုကောင်းမွန်တဲ့ သူတစ်ယောက် ဖြစ်လာပြီး ကိုယ့်ရဲ့လုပ် ဆောင်နိုင်စွမ်းတွေအတွက် ယုံကြည်မှုလည်း တိုးလာမှာ ဖြစ်ပါတယ်။
၅။ ကိုယ့်ကိုယ်ကို အဆိုးမြင်တတ်တဲ့စိတ်ကို ပြင်ပါ
လူတွေမှာ ကိုယ့်ကိုယ်ကို အဆိုးမြင်တတ်တဲ့ စိတ်က တ ကယ့်ကို ဆိုးဝါးပါတယ်။ ဒါဟာ ယုံကြည်မှုပျောက်ဆုံးဖို့ အဓိကလမ်းစပဲ ဖြစ်ပါတယ်။ ငါကရုပ်ဆိုးတယ်၊ ငါက အ ဖြစ်မရှိဘူး၊ ငါကမတော်ဘူး စသဖြင့် ကိုယ့်ကိုယ်ကို အား ငယ်စိတ်ပျက်နေတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုတောင် ယုံ ကြည်မှုမရှိရင် တစ်ခြားသူက ကိုယ့်ကိုယုံကြည်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီလိုစိတ်တွေကို ဖျောက်ပစ်ပါ။ ကိုယ့်ကိုယ်ကို အကောင်းဆုံးလို့ မှတ်ယူထားခြင်းက သင့်ကို ယုံကြည်မှုမြင့်မားတဲ့သူတစ်ယောက်အဖြစ်ကို ရောက်ရှိစေ ပါတယ်