ဗဟုသုတ

ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံ

ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံ

ရှမ်းနံနံသာ ပြောရတယ်၊ ရှမ်းတွေပဲစားကြတဲ့ ဟင်းခတ် မဟုတ်ပါဘူး။ မွန်ဟင်းတွေမှာလည်းပါတယ်၊ ရခိုင်ဟင်းတွေမှာလည်းပါတယ်၊

မြန်မာဟင်းတွေမှာလည်းပါတယ်၊ မြန်မာနိုင်ငံအနှံ့အပြားက နေရာဒေသအမျိုးမျိုးရဲ့ ဒေသအစားအစာတွေမှာ ပါဝင်လေ့ရှိပါတယ်။

ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများတယ်ဆိုပေမယ့် ကျိုက်ထီးရိုးတောင်ပေါ်မှာ စားခဲ့ရတဲ့ မုန့်ဟင်းခါးမှာ ရှမ်းနံနံတွေ နိုင်းချင်းထည့်စားကြတာ တွေ့ဖူးတယ်။

ရှမ်းနံနံက အစိမ်းပဲစားစား၊ ဟင်းထဲပဲ ခတ်ခတ် အညှီပျောက်တယ်၊ ဟင်းအနံ့ကို ပိုမွှေးစေတယ်လေ။

အစကတော့ မြန်မာမှာပဲ သုံးကြတယ်ထင်နေတာ။ သူ့နာမည်က ရှမ်းနံနံဆိုတာကိုး။ ဒါပေမယ့် သူ့အကြောင်းရှာကြည့်လိုက်တော့မှ မက္ကဆီကိုနဲ့ တောင်အမေရိကမှာရော၊ ကာရေးဘီးယား၊ လက်တင်အမေရိကတို့မှာပါ အသုံးများတာသိလိုက်ရတယ်။

ဆေးဖက်ဝင်လို့ ဆေးတွေတောင် ထုတ်တာနော်။ သွေးတိုးကျတယ်၊ အစာကြေတယ်၊ စတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် အရှေ့တောင်အာရှမှာဆို မြန်မာအပြင် အိန္ဒိယ၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ထိုင်းမှာလည်း စားသုံးကြပါတယ်။

ထိုင်းဟင်းလျာတွေမှာဆို နံနံပင်အမြစ်၊ ရှမ်းနံနံအမြစ်တွေထောင်းထည့်တော့ မွှေးနေရော။ သူတို့တွေဆီမှာ ဘယ်ရောဂါတွေအတွက် သုံးကြလဲဆိုတော့ –

ပန်းနာရင်ကျပ်

ဗိုက်အောင့်ခြင်း

နားကိုက်ဝေဒနာ

အစာခြေစနစ်ပြဿနာတွေ( သန်ထတာ၊ ဝမ်းပျက်တာ)

အင်းဆက် အကိုက်ခံရတာ

အဖျားတက်တာ

ငှက်ဖျားရောဂါတို့အတွက် ကုသနည်းအဖြစ်တောင် ထည့်သွင်းအသုံးပြုကြပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေရှိတာလဲ-

မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်တွေပါဝင်တယ်။ တုပ်ကွေးဖြစ်တဲ့အခါ သက်သာစေတယ်၊ သွေးတိုးကျစေတယ်၊ပန်းနာရင်ကျပ်ကို သက်သာစေတယ်၊ အရောင်ကျစေတယ် – နာကျင်တာ၊ ရောင်ရမ်းတာ၊ အဆစ်နာရောဂါတွေကိုသက်သာစေတယ်၊ အကိုက်အခဲပျောက်စေတယ်

– trimethylbenzaldehydes ပါဝင်လို့ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တယ်၊ နားကိုက်တာ၊ ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာတွေအတွက် ရှမ်းနံနံရေနွေးကြမ်းကို သောက်သုံးကြလေ့ရှိပါတယ်။

ဆီးချိုကျစေတယ်၊ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်၊ အဖျားကျစေတယ်၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အအေးမိခြင်း၊ နမိုးနီးယား၊ ဗိုက်အောင့်ဗိုက်နာခြင်းတွေအတွက် ရှမ်းနံနံကို အသုံးပြုလေ့ရှိပါတယ်။

ပင့်ကူကိုက်ခံရရင် ရှမ်းနံနံရွက်ကို ကြိတ်ခြေပြီးလိမ်းပေး၊ သက်သာတယ်လို့ ဆိုကြပါတယ်။ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးရှိသေးတယ်ဆိုပေမယ့် ဒီလောက်နဲ့တင် ရှမ်းနံနံကို စားသင့်နေပါပြီနော့။

ဈေးမှာ ပေါတော့ ဝယ်ရလည်းလွယ်တယ်၊ အိမ်မှာစိုက်ချင်လည်း အရွက်ကိုသုံးပြီး ကျန်တဲ့အမြစ်လေးတွေ ရှိတဲ့ပန်းအိုးထဲ ထည့်စိုက်ထားလိုက်ရုံပဲ။ လိုမှခူးစားလို့ ရတာပေါ

Zawgyi

ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံ

ရှမ်းနံနံသာ ပြောရတယ်၊ ရှမ်းတွေပဲစားကြတဲ့ ဟင်းခတ် မဟုတ်ပါဘူး။ မွန်ဟင်းတွေမှာလည်းပါတယ်၊ ရခိုင်ဟင်းတွေမှာလည်းပါတယ်၊

မြန်မာဟင်းတွေမှာလည်းပါတယ်၊ မြန်မာနိုင်ငံအနှံ့အပြားက နေရာဒေသအမျိုးမျိုးရဲ့ ဒေသအစားအစာတွေမှာ ပါဝင်လေ့ရှိပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများတယ်ဆိုပေမယ့် ကျိုက်ထီးရိုးတောင်ပေါ်မှာ စားခဲ့ရတဲ့ မုန့်ဟင်းခါးမှာ ရှမ်းနံနံတွေ နိုင်းချင်းထည့်စားကြတာ တွေ့ဖူးတယ်။

ရှမ်းနံနံက အစိမ်းပဲစားစား၊ ဟင်းထဲပဲ ခတ်ခတ် အညှီပျောက်တယ်၊ ဟင်းအနံ့ကို ပိုမွှေးစေတယ်လေ။

အစကတော့ မြန်မာမှာပဲ သုံးကြတယ်ထင်နေတာ။ သူ့နာမည်က ရှမ်းနံနံဆိုတာကိုး။ ဒါပေမယ့် သူ့အကြောင်းရှာကြည့်လိုက်တော့မှ မက္ကဆီကိုနဲ့ တောင်အမေရိကမှာရော၊ ကာရေးဘီးယား၊ လက်တင်အမေရိကတို့မှာပါ အသုံးများတာသိလိုက်ရတယ်။

ဆေးဖက်ဝင်လို့ ဆေးတွေတောင် ထုတ်တာနော်။ သွေးတိုးကျတယ်၊ အစာကြေတယ်၊ စတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် အရှေ့တောင်အာရှမှာဆို မြန်မာအပြင် အိန္ဒိယ၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ထိုင်းမှာလည်း စားသုံးကြပါတယ်။

ထိုင်းဟင်းလျာတွေမှာဆို နံနံပင်အမြစ်၊ ရှမ်းနံနံအမြစ်တွေထောင်းထည့်တော့ မွှေးနေရော။ သူတို့တွေဆီမှာ ဘယ်ရောဂါတွေအတွက် သုံးကြလဲဆိုတော့ –

ပန်းနာရင်ကျပ်

ဗိုက်အောင့်ခြင်း

နားကိုက်ဝေဒနာ

အစာခြေစနစ်ပြဿနာတွေ( သန်ထတာ၊ ဝမ်းပျက်တာ)

အင်းဆက် အကိုက်ခံရတာ

အဖျားတက်တာ

ငှက်ဖျားရောဂါတို့အတွက် ကုသနည်းအဖြစ်တောင် ထည့်သွင်းအသုံးပြုကြပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေရှိတာလဲ-

မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်တွေပါဝင်တယ်။ တုပ်ကွေးဖြစ်တဲ့အခါ သက်သာစေတယ်၊ သွေးတိုးကျစေတယ်၊ပန်းနာရင်ကျပ်ကို သက်သာစေတယ်၊ အရောင်ကျစေတယ် – နာကျင်တာ၊ ရောင်ရမ်းတာ၊ အဆစ်နာရောဂါတွေကိုသက်သာစေတယ်၊ အကိုက်အခဲပျောက်စေတယ်

– trimethylbenzaldehydes ပါဝင်လို့ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တယ်၊ နားကိုက်တာ၊ ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာတွေအတွက် ရှမ်းနံနံရေနွေးကြမ်းကို သောက်သုံးကြလေ့ရှိပါတယ်။ ဆီးချိုကျစေတယ်၊

ဝမ်းချုပ်ခြင်းကို သက်သာစေတယ်၊ အဖျားကျစေတယ်၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အအေးမိခြင်း၊ နမိုးနီးယား၊ ဗိုက်အောင့်ဗိုက်နာခြင်းတွေအတွက် ရှမ်းနံနံကို အသုံးပြုလေ့ရှိပါတယ်။

ပင့်ကူကိုက်ခံရရင် ရှမ်းနံနံရွက်ကို ကြိတ်ခြေပြီးလိမ်းပေး၊ သက်သာတယ်လို့ ဆိုကြပါတယ်။ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးရှိသေးတယ်ဆိုပေမယ့် ဒီလောက်နဲ့တင် ရှမ်းနံနံကို စားသင့်နေပါပြီနော့။

ဈေးမှာ ပေါတော့ ဝယ်ရလည်းလွယ်တယ်၊ အိမ်မှာစိုက်ချင်လည်း အရွက်ကိုသုံးပြီး ကျန်တဲ့အမြစ်လေးတွေ ရှိတဲ့ပန်းအိုးထဲ ထည့်စိုက်ထားလိုက်ရုံပဲ။ လိုမှခူးစားလို့ ရတာပေါ့။