“တချို့လူတွေဟာ တိရစ္ဆာန်လောက်တောင် အသိတရား မေတ္တာတရား မရှိကြပါဘူး”
ပိုလာဝက်ဝံမ အသတ်ခံရရင် ပိုလာဝက်ဝံထီးဟာ အနားကမခွာဘဲ နေ့နေ့ညည မစားမသောက် ရက်အတော်ကြာ စောင့်နေတတ်သတဲ့။
ဝေလငါးမ ဒဏ်ရာရရင် ဝေလငါးထီးဟာ အနားကမခွာဘဲ စောင့်နေတတ်တယ်။
ဝေလငါးဖမ်းသူတွေ ထိုးနှက် တိုက်ခိုက်ရင်လည်း ဝေလငါးထီးဟာ ဝေလငါးမနား အသက်မသေမချင်း တဖဝါးမခွာရှိနေတတ်သတဲ့။
ချန်ပန်ဇီမျောက်မဟာ မျောက်ငယ်လေးသေသွားရင် ချက်ချင်းမစွန့်ပစ်တတ်ဘူး။ မျောက်ကလေး အသက် ပြန်ရှင်လာနိုင်တယ်လို့ ထင်လို့ပါတဲ့။
မျောက်မဟာ မျောက်ကလေးသေပြီး အရိုးတွေ ပေါ်လာတဲ့အထိ မျှော်လင့်နေတတ်ပါသတဲ့။
အမဲလိုက်မုဆိုးတွေက သေနတ်ပြောင်းနဲ့ ကတိုးကောင်အုပ်စုကို ထိုးချိန်ထားရင် ကတိုးကောင်အထီးတွေဟာ ရှေ့ကို ထိုးတက်လာတတ်တယ်။
ကတိုးကောင်အထီးတွေရဲ့နောက်မှာတော့ ကတိုးကောင်အမတွေ ကပ်လိုက်လာတတ်ပါတယ်။
သေနတ်ဒဏ်ကြောင့် ရှေ့မှာကာထားတဲ့ ကတိုးကောင်တွေ တစ်ကောင်ပြီး တစ်ကောင် လဲကုန်ပေမယ့် တစ်ကောင်မှ ကြောက်ရွံ့တွန့်ဆုတ်သွားတာမျိုး မရှိဘူး။
တကယ်လို့ မုဆိုးတွေဟာ ကတိုးကောင်ပေါက်လေးတစ်ကောင်ရချင်ရင် အရွယ်ရောက်ကတိုးကောင်အားလုံးကို အရင်သတ်ပစ်မှ ရနိုင်မှာပါ။
တောင်ဆိတ်အိုဟာ တောင်ဆိတ်ငယ်လေးလွတ်မြောက်ဖို့အတွက် သူကိုယ်တိုင် ချောက်ထဲခုန်ချပြီး တောင်ဆိတ်ငယ် တစ်ဖက် ချောက်ကမ်းပါးပေါ်ရောက်အောင် သူ့ခန္ဓာကိုယ်နဲ့ တစ်ဆင့်ခံပြီး ခုန်စေပါသတဲ့။
မုဆိုးအလိုက်ခံရတဲ့ မျောက်မဟာ မုဆိုးလက်က ပြေးလို့မလွတ်မှန်း သိတဲ့အခါ မုဆိုးကို တအောင့်နေမှ ပစ်ဖို့ လက်ဝေ့ယမ်းပြတတ်တယ်။
သူမသေခင် သူ့ရင်ခွင်ထက်က မျောက်ကလေးကို နို့တိုက်ခဲ့ချင်လို့ပါတဲ့…..။
တိရစ္ဆာန်တွေက လူသားဆန်တယ်လို့ တချို့ကပြောကြတယ်။ သူတို့ရဲ့ သံယောဇဉ်၊ သူတို့ရဲ့ချစ်ခြင်းက ကောင်းကင်ထက်တောင် မြင့်မားတယ်လို့ ဆိုကြတယ်။
လူက လူကို ဆဲတဲ့အခါ မင်းတိရစ္ဆာန်ထက်တောင် အသိတရား ခေါင်းပါးလှချည်လားလို့ ဆဲဆိုတတ်တယ်။
တကယ်တမ်းမှာလည်း လူတချို့ဟာ ဒီတိရစ္ဆာန်လောက်တောင် အသိတရား မရှိခဲ့ကြပါဘူး။
#credit
Zawgyi
“တခ်ိဳ႕လူေတြဟာ တိရစာၦန္ေလာက္ေတာင္ အသိတရား ေမတၱာတရား မရွိၾကပါဘူး”
ပိုလာဝက္ဝံမ အသတ္ခံရရင္ ပိုလာဝက္ဝံထီးဟာ အနားကမခြာဘဲ ေန႔ေန႔ညည မစားမေသာက္ ရက္အေတာ္ၾကာ ေစာင့္ေနတတ္သတဲ့။
ေဝလငါးမ ဒဏ္ရာရရင္ ေဝလငါးထီးဟာ အနားကမခြာဘဲ ေစာင့္ေနတတ္တယ္။
ေဝလငါးဖမ္းသူေတြ ထိုးႏွက္ တိုက္ခိုက္ရင္လည္း ေဝလငါးထီးဟာ ေဝလငါးမနား အသက္မေသမခ်င္း တဖဝါးမခြာရွိေနတတ္သတဲ့။
ခ်န္ပန္ဇီေမ်ာက္မဟာ ေမ်ာက္ငယ္ေလးေသသြားရင္ ခ်က္ခ်င္းမစြန႔္ပစ္တတ္ဘူး။ ေမ်ာက္ကေလး အသက္ ျပန္ရွင္လာႏိုင္တယ္လို႔ ထင္လို႔ပါတဲ့။
ေမ်ာက္မဟာ ေမ်ာက္ကေလးေသၿပီး အ႐ိုးေတြ ေပၚလာတဲ့အထိ ေမွ်ာ္လင့္ေနတတ္ပါသတဲ့။
အမဲလိုက္မုဆိုးေတြက ေသနတ္ေျပာင္းနဲ႔ ကတိုးေကာင္အုပ္စုကို ထိုးခ်ိန္ထားရင္ ကတိုးေကာင္အထီးေတြဟာ ေရွ႕ကို ထိုးတက္လာတတ္တယ္။
ကတိုးေကာင္အထီးေတြရဲ႕ေနာက္မွာေတာ့ ကတိုးေကာင္အမေတြ ကပ္လိုက္လာတတ္ပါတယ္။
ေသနတ္ဒဏ္ေၾကာင့္ ေရွ႕မွာကာထားတဲ့ ကတိုးေကာင္ေတြ တစ္ေကာင္ၿပီး တစ္ေကာင္ လဲကုန္ေပမယ့္ တစ္ေကာင္မွ ေၾကာက္႐ြံ႕တြန႔္ဆုတ္သြားတာမ်ိဳး မရွိဘူး။
တကယ္လို႔ မုဆိုးေတြဟာ ကတိုးေကာင္ေပါက္ေလးတစ္ေကာင္ရခ်င္ရင္ အ႐ြယ္ေရာက္ကတိုးေကာင္အားလုံးကို အရင္သတ္ပစ္မွ ရႏိုင္မွာပါ။
ေတာင္ဆိတ္အိုဟာ ေတာင္ဆိတ္ငယ္ေလးလြတ္ေျမာက္ဖို႔အတြက္ သူကိုယ္တိုင္ ေခ်ာက္ထဲခုန္ခ်ၿပီး ေတာင္ဆိတ္ငယ္ တစ္ဖက္ ေခ်ာက္ကမ္းပါးေပၚေရာက္ေအာင္ သူ႔ခႏၶာကိုယ္နဲ႔ တစ္ဆင့္ခံၿပီး ခုန္ေစပါသတဲ့။
မုဆိုးအလိုက္ခံရတဲ့ ေမ်ာက္မဟာ မုဆိုးလက္က ေျပးလို႔မလြတ္မွန္း သိတဲ့အခါ မုဆိုးကို တေအာင့္ေနမွ ပစ္ဖို႔ လက္ေဝ့ယမ္းျပတတ္တယ္။
သူမေသခင္ သူ႔ရင္ခြင္ထက္က ေမ်ာက္ကေလးကို ႏို႔တိုက္ခဲ့ခ်င္လို႔ပါတဲ့…..။
တိရစာၦန္ေတြက လူသားဆန္တယ္လို႔ တခ်ိဳ႕ကေျပာၾကတယ္။ သူတို႔ရဲ႕ သံေယာဇဥ္၊ သူတို႔ရဲ႕ခ်စ္ျခင္းက ေကာင္းကင္ထက္ေတာင္ ျမင့္မားတယ္လို႔ ဆိုၾကတယ္။
လူက လူကို ဆဲတဲ့အခါ မင္းတိရစာၦန္ထက္ေတာင္ အသိတရား ေခါင္းပါးလွခ်ည္လားလို႔ ဆဲဆိုတတ္တယ္။
တကယ္တမ္းမွာလည္း လူတခ်ိဳ႕ဟာ ဒီတိရစာၦန္ေလာက္ေတာင္ အသိတရား မရွိခဲ့ၾကပါဘူး။