စစ်တွေမြို့ ရပ်ကွက်တစ်ခု၏လူနေအိမ်တစ်လုံးမှ အရှည် ၁၁ ပေခွဲ စပါးအုံးမြွေတစ်ကောင် ဖမ်းမိ
ထက်အောင်
နိရဉ္စရာ၊ ဇွန် ၁၉/ ၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကန်တော်ကြီးရပ်ကွက်၊ နတ်စင်လမ်းရှိ လူနေအိမ်တစ်အိမ်ထဲမှ စပါးအုံးမြွေတစ်ကောင်အား ဖမ်းဆီးရမိကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် စပါးအုံးမြွေကြီးသည် အရှည် ၁၁ ပေခွဲ၊ လုံးပတ် ၁ ပေပတ်လည်ရှိ ပြီး နေအိမ်ပိုင်ရှင်များက လာရောက်ဖမ်းဆီးပေးရန် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းအား အကူအညီတောင်းခံလာသဖြင့် ဖမ်းဆီးပေးရခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ကိုမင်းထည်ဝါက ပြောသည်။
ရွှေရောင်မေတ္တာ ဖောင်ဒေရှင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဥက္ကဌ ကိုမင်းထည်ဝါက “ သူတို့ အိမ်ထဲမှာ မြွေတစ်ကောင်ရှိနေတယ်ဆိုပြီး ကျနော်တို့ရုံးကို အကူအညီလာ တောင်းပါတယ်။ မြွေတစ်ကောင် ရောက်နေတယ်။ မိသားစုဝင်တွေကလည်း ကြောက်တယ်။ အိမ်ထဲမှာ မနေရဲတဲ့အတွက် ဖမ်းပေးပါဆိုပြီး အကူအညီလာတောင်းတယ်။ ဒါကြောင့် ကျနော်တို့က သွားရောက်ဖမ်းပေးပါတယ်။ အဓိကတော့ အကူအညီတောင်းလာတာကို ကျနော်တို့က အကူအညီပေးရပါမယ်။ ဒါက အသင်းရဲ့ မူဝါဒပါ” ဟု ပြောသည်။
ယနေ့ ကူညီကယ်ဆယ်ရေးအဖွဲ့မှ ဖမ်းဆီးရမိသည့် စပါးအုံးမြွေကြီးအား မြန်မာနိုင်ငံသစ်တောဦးစီးဌာနကို လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း သူကပြောသည်။
“ မြွေကိုဖမ်းတဲ့အခါမှာတော့ အခက်အခဲသိပ်မရှိပါဘူး။ ကျနော်တို့မှာက မြွေဖမ်းရာမှာ အထောက်အကူပြုတဲ့ ပစ္စည်းတွေရှိတယ်။ ဒါကြောင့် ကျနော်တို့ လူမှုကယ်ဆယ်ရေးအဖွဲ့က ဖမ်းရတာလွယ်ကူပါတယ်။ အခု နောက်ပိုင်းမှာလည်း ကျနော်တို့အသင်းက စပါးအုံးမြွေတွေအများကြီး ဖမ်းမိပါတယ်” ဟု ကိုမင်းထည်ဝါက ဆိုသည်။
ယနေ့ ဇွန် ၁၉ ရက်နေ့ နံနက် ၁၁ နာရီခွဲလောက်က ဖမ်းဆီးရမိသော စပါးအုံးမြွေတွေ့ရှိသည့် အိမ်အနီးပတ်ဝန်းကျင်မှာ တောထူထပ်ခြင်းကြောင့် မဟုတ်ပဲ မိုးရွာသည့်အခါ ရေတက်မှုကြောင့် အိမ်ထဲထိ ဝင်ရောက် လာခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
Zawgyi
စစ္ေတြၿမိဳ႕ ရပ္ကြက္တစ္ခု၏လူေနအိမ္တစ္လုံးမွ အရွည္ ၁၁ ေပခြဲ စပါးအုံးေႁမြတစ္ေကာင္ ဖမ္းမိ
ထက္ေအာင္
နိရဥၥရာ၊ ဇြန္ ၁၉/ ၂၀၂၁
ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕၊ ကန္ေတာ္ႀကီးရပ္ကြက္၊ နတ္စင္လမ္းရွိ လူေနအိမ္တစ္အိမ္ထဲမွ စပါးအုံးေႁမြတစ္ေကာင္အား ဖမ္းဆီးရမိေၾကာင္း သိရသည္။
ဖမ္းဆီးရမိသည့္ စပါးအုံးေႁမြႀကီးသည္ အရွည္ ၁၁ ေပခြဲ၊ လုံးပတ္ ၁ ေပပတ္လည္ရွိ ၿပီး ေနအိမ္ပိုင္ရွင္မ်ားက လာေရာက္ဖမ္းဆီးေပးရန္ ေရႊေရာင္ေမတၱာေဖာင္ေဒးရွင္းအား အကူအညီေတာင္းခံလာသျဖင့္ ဖမ္းဆီးေပးရျခင္းျဖစ္ေၾကာင္း ကယ္ဆယ္ေရးအဖြဲ႕ေခါင္းေဆာင္ ကိုမင္းထည္ဝါက ေျပာသည္။
ေရႊေရာင္ေမတၱာ ေဖာင္ေဒရွင္း လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ေခါင္းေဆာင္ ဥကၠဌ ကိုမင္းထည္ဝါက “ သူတို႔ အိမ္ထဲမွာ ေႁမြတစ္ေကာင္ရွိေနတယ္ဆိုၿပီး က်ေနာ္တို႔႐ုံးကို အကူအညီလာ ေတာင္းပါတယ္။ ေႁမြတစ္ေကာင္ ေရာက္ေနတယ္။ မိသားစုဝင္ေတြကလည္း ေၾကာက္တယ္။ အိမ္ထဲမွာ မေနရဲတဲ့အတြက္ ဖမ္းေပးပါဆိုၿပီး အကူအညီလာေတာင္းတယ္။ ဒါေၾကာင့္ က်ေနာ္တို႔က သြားေရာက္ဖမ္းေပးပါတယ္။ အဓိကေတာ့ အကူအညီေတာင္းလာတာကို က်ေနာ္တို႔က အကူအညီေပးရပါမယ္။ ဒါက အသင္းရဲ့ မူဝါဒပါ” ဟု ေျပာသည္။
ယေန႔ ကူညီကယ္ဆယ္ေရးအဖြဲ႕မွ ဖမ္းဆီးရမိသည့္ စပါးအုံးေႁမြႀကီးအား ျမန္မာနိုင္ငံသစ္ေတာဦးစီးဌာနကို လႊဲေျပာင္းေပးသြားမည္ျဖစ္ေၾကာင္း သူကေျပာသည္။
“ ေႁမြကိုဖမ္းတဲ့အခါမွာေတာ့ အခက္အခဲသိပ္မရွိပါဘူး။ က်ေနာ္တို႔မွာက ေႁမြဖမ္းရာမွာ အေထာက္အကူျပဳတဲ့ ပစၥည္းေတြရွိတယ္။ ဒါေၾကာင့္ က်ေနာ္တို႔ လူမႈကယ္ဆယ္ေရးအဖြဲ႕က ဖမ္းရတာလြယ္ကူပါတယ္။ အခု ေနာက္ပိုင္းမွာလည္း က်ေနာ္တို႔အသင္းက စပါးအုံးေႁမြေတြအမ်ားႀကီး ဖမ္းမိပါတယ္” ဟု ကိုမင္းထည္ဝါက ဆိုသည္။
ယေန႔ ဇြန္ ၁၉ ရက္ေန႔ နံနက္ ၁၁ နာရီခြဲေလာက္က ဖမ္းဆီးရမိေသာ စပါးအုံးေႁမြေတြ႕ရွိသည့္ အိမ္အနီးပတ္ဝန္းက်င္မွာ ေတာထူထပ္ျခင္းေၾကာင့္ မဟုတ္ပဲ မိုးရြာသည့္အခါ ေရတက္မႈေၾကာင့္ အိမ္ထဲထိ ဝင္ေရာက္ လာျခင္းျဖစ္ေၾကာင္း ကူညီကယ္ဆယ္ေရးအဖြဲ႕ထံမွ သိရသည္။