ပရိသတ်ကြီးရေ ဒီနေ့ဟာ ပြည်သူတွေချစ်ကြတဲ့ အမေစုရဲ့ မွေးနေ့ နေ့ထူးနေ့မြတ်လေးပါပဲနော်။ အမေစုဟာ စကစဘက်မှ ဖမ်းဆီးထားတာကြောင့် နေအိမ်မှာအကျယ်ချုပ်ဘဝနဲ့ နေထိုင်နေရတာ ဖြစ်ပါတယ်နော်။ သူ့ရဲ့နေစရိတ်စားစရိတ်တွေကိုလည်း စကစထံမှ မယူလိုတာကြောင့် ရှေ့နေမှတစ်ဆင့် တောင်းခံခဲ့တဲ့ အာဂအမျိုးသမီးတစ်ဦးပါပဲနော်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကိုတော့ ထူးထူးခြားခြား နေရွှေသွေးအောင်မှ ဆုတောင်းပေးတာကို တွေ့ရပါတယ်နော်။ နေရွှေသွေးအောင်ဟာ မြန်မာနိုင်ငံကို နှစ်ပေါင်း (၄၀) ကျော် အုပ်ချုပ်လာခဲ့တဲ့ ဦးငန်းရွှေရဲ့ မြေးဖြစ်ပါတယ်နော်။ လူငယ်ဘဝက အရမ်းကိုဆိုးသွမ်းခဲ့ပြီး လူတိုင်းအပေါ်ဗိုလ်ကျလာတဲ့ နေရွှေသွေးအောင်ဟာအခုချိန်မှာတော့ လူကြီးလူကောင်းပုံစံသို့ ပြောင်းလာခဲ့ပါပြီနော်။
အရင်နှစ်တွေကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့တိုင်းသဝဏ်လွှာပေးပို့ခဲ့သူလည်း ဖြစ်ပါတယ်နော်။ သူ့စိတ်အတွင်းပိုင်းထဲမှာဘယ်လိုပုံစံနဲ့ဒီလိုတွေလုပ်နေတယ်ဆိုတာတော့ကာယကံရှင်ကိုယ်တိုင်ပဲ အသိဆုံးဖြစ်မယ်ထင်ပါတယ်နော်။ စာဖတ်ပရိသတ်ကြီးလည်း နိုင်ငံ့ခေါင်းဆောင်ရဲ့မွေးနေ့အတွက် ဆုတောင်းပေးခဲ့ကြပါဦးနော်။
Credit ; Celelucky