ဗဟုသုတ






ရုပ်သံကြည့်ရန်

Source – Theingi Tun

Credit:Cele Zone

သူမဘာကြောင့် သာသနာ့ဘောင်ဝင်သွားရလဲဆိုတဲ့ အဓိကအကြောင်းအရင်းကို ပြောပြလာတဲ့ သင်္ဂီထွန်း

ပရိသတ်ကြီး ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးကြီး သင်္ဂီထွန်း ကတော့ ဒီနေ့ ဇွန်လ (၁၇)ရက်နေ့မှာ သာသနာ့ဘောင်ကို ဝင်ရောက် သွားခဲ့ပါတယ်။ သင်္ဂီထွန်းကတော့ ဒီနေ့မှာ သာသနာ့ဘောင်ကို ဝင်ရောက်သွားခဲ့တဲ့ အကြောင်းကို သူ့ကို ချစ်ခင်တဲ့ မိတ်ဆွေတွေနဲ့ ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်စေဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အခုလိုပဲမျှဝေဖော်ပြထားခဲ့ပါတယ်။

“သူတစ်ပါးကို စိတ်စေတနာ သန့်သန့်နဲ့ ကူညီမူတွေမြောက်များစွာ ပြုရပြီး ‌နောက်နစ်နာ ဆုံးရှူံးမူတွေနဲ့ သံဝေဂတရားတွေရပြီး စိတ်ပြေပျောက်ဖို့ ဒီလိုမိုးသည်းနေ့မှာ တောင်ပေါ်အကွေ့ကောက်လမ်းလေးတွေနဲ့ သဘာဝတိုင်း အေးချမ်းသာယာပြီး တိတ်ဆိတ်တဲ့တောငိခြေ ကဓမ္မရိပ်သာမှာ ကားကိုကိုယ်တိုင်မောင်းပြီး တစ်ယောက်ထဲ သီလရှင်ဝတ်ဖြစ်မယ်လို့ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိဘူးး ဆရာလေး သုနန္ဒာ ပြုံးနေစဲပါ။ဝမ်းနည်းမိတာက ကွယ်လွန်သွားကြတဲ့မိဘတွေကို ဆံချတဲ့ချိန်တမ်းတမိလို့ပါ။လူအချင်းချင်း လှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။လူ့ဘဝတိုတောင်းပါတယ် ကိုယ်ချင်းစာတရားထားကြပါဂတိသစ္စာတည်ကြပါ။

ကျေးဇူးတရား သိတတ်ဖို့ မလိုတာအကြောင်း မဟုတ် ကျေးမစွတ်ဖို့ အရေးတွေးမိပြီး သတိတရား အသိတရားလေးတွေနဲ ့စိတ်ထားဖြူစင်စွာ ကျင့်ကြံနေထိုင် ကြပါမှ သံသရာကောင်းကျိုး မတောင့်တဘဲ ရရှိမှာအမှန်ပါ။”ဆိုပြီး လူဘောင်ကနေ သာသနာ့ဘောင်ကို ကူးပြောင်းစဉ် ပုံရိပ်လေးတွေကိုပါ ဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေလည်း ကြည်နူးပီတိဖြစ်သာဓုခေါ်ဆိုနိုင်အောင် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်။

Source – Theingi Tun