Source – Khin Poe PanChi
Credit:Cele Zone
မွေးနေ့မှာ ချစ်တဲ့ပရိသတ်ကြီးအတွက် အားလုံးဘေးအန္တရာယ်ကင်းစေဖို့ တောင်းဆုပြုခဲ့တဲ့ ခင်ပိုးပန်းချီ
ပရိသတ်ကြီးရေ ဒီနေ့ ကတော့ အသံချိုချိုလေးနဲ့ တရားဓမ္မတေးတွေ ကို သီဆိုခဲ့ ရာကနေ ပရိသတ်တွေနဲ့ ချီးကျူး အားပေးမှုကို အပြည့်အဝရရှိခဲ့သူ တစ်ယောက်ဖြစ်တဲ့ ခင်ပိုးပန်းချီရဲ့ မွေးနေ့ရက်မြတ်လေးကျရောက်တဲ့နေ့ရက်လေး ပဲဖြစ်ပါတယ်။ဒီနေ့မွေးနေ့ရက်လေး မှာတော့ ခင်ပိုးပန်းချီအသက် (၁၈)နှစ်ပြည့်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။
ခင်ပိုးပန်းချီ ကတော့ ဒီနေ့မွေးနေ့ရက် လေးမှာ သူရဲ့ နေအိမ်မှာရှိတဲ့ ဘုရားမှာပဲ သစ်သီးဆွမ်း ရေချမ်း ပန်းဆီမီးများနှင့် ကပ်လှူပူဇော်ကာ ကောင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ မွေးနေ့မှာ ပြုလုပ်ခဲ့တဲ့ကောင်းမှုအစုစုကိုလည်း ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြခဲ့ပါသေးတယ်။ ဒီနေ့မွေးနေ့ အတွက် တောင်းဆုအနေနဲ့ “သမီးအလှူလေးအတွက် သမီးရဲ့ချစ်ပရိသတ်အပေါင်း we love များ သူငယ်ချင်းများ ရွှေမျိုးမိတ်ဆွေများအားလုံး ကြည်နူးစွာနှင့်သာဓုခေါ်ပါရှင်။ သမီးဒီနေ့ ဒီရက်အထိ လှူခဲ့ဘူးသမျှ ကောင်းမှု့ကုသိုလ်များအားလုံးကို အမျှပေးပါတယ်။ အမျှရပြီး ဘေးဆိုးရန်းဆိုးအပေါင်းမှ ကင်းဝေးကြပါစေရှင်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေရှင်။
အလုပ်အကိုင်များ တိုးတက်ပါစေ အားလုံးကြားကြားသမျှ အမျှ အမျှအမျှ ယူတော်မူကြပါ ကုန်လော အမျှရ၍ ကိုယ်စိတ်နှစ်ပါး ချမ်းသာကြ ပါစေရှင်။”ဆိုပြီးပရိသတ်တွေ အားလုံး အလုပ်အကိုင်တွေအဆင်ပြေပြီး ဘေအန္တရာယ်ကင်းဝေးကြစေဖို့ တောင်းဆုပြုအမျှဝေထားခဲ့ပါတယ်။ ခင်ပိုးပန်းချီတစ်ယောက်လည်း ပရိသတ်တွေ အားပေးချစ်ခင်မှုကို များစွာရရှိပြီး အောင်မြင်မှုတွေများစွာရရှိပါစေလို့ မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။