ဗဟုသုတ

မိခင်ရဲ့ (၇၆) နှစ်ပြည့်မွေးနေ့လေးမှာ အမှတ်တရတီရှပ်လေးကို ဝတ်ဆင်ပြီး လက်သုံးချောင်းထောင်ထားတဲ့ အမေစုရဲ့သားငယ်ကင်မ်

ပြည်သူလူထုကတော့ အမေစုနဲ့ ခေါင်းဆောင်တွေ အမြန်ဆုံးလွတ်မြောက်ဖို့အတွက် အဘက်ဘက်ကနေ ကြိုးစားဆောင်ရွက်ကြနေကြတာဖြစ်ပါတယ်။

ဒီနေ့ဆိုရင် အမေစုက အသက် (၇၆) နှစ်ပြည့်သွားပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ ဒီလိုနေ့ထူးနေ့မြတ်မှာ သူမကို အရမ်းလွမ်းနေကြရှာတာဖြစ်ပါတယ်။

ပြည်သူတွေကတောင် ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းချစ်ကြရင် သူမရဲ့သားလေးဆိုရင် မိခင်ကို အရမ်းလွမ်းပြီး စိတ်ပူနေရှာမှာပဲဖြစ်ပါတယ်။

အမေစုရဲ့ သားငယ် ကင်မ်အဲရစ်က ဖမ်းဆီးခံထားရတဲ့ မိခင်ကို တွေ့ခွင့်ရဖို့အတွက်လည်း တောင်းဆိုခဲ့ဖူးပါတယ်။

နော်ဝေနိုင်ငံမှာ တည်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ ဇွန်လ (၁၆) ရက်နေ့က အမေစုရဲ့ မွေးနေ့အကြိုကျင်းပတဲ့ အခမ်းအနားကိုလည်း သားငယ်ကင်မ်က မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတဲ့ သဝဏ်လွှာလေးကိုပေးပို့ခဲ့တာဖြစ်ပါတယ်။

သားငယ်ကင်မ်က နောက်နှစ်မွေးနေ့တွေကျရင် သူရဲ့မိခင်အနေနဲ့ လူကိုယ်တိုင် မွေးနေ့ဆုမွန်ကောင်းတွေ လက်ခံရရှိနိုင်ဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဒီနေ့၊ဇွန်လ (၁၉) ရက်နေ့မှာလည်း ကင်မ်က မိခင်ရဲ့မွေးနေ့အမှတ်တရအနေနဲ့ အမေစုရုပ်ပုံပါတဲ့ တီရှပ်လေးကို ဝတ်ဆင်ထားတာဖြစ်ပါတယ်။

ကင်မ်အဲ့ရစ်က အခုချိန်မှာ မိခင်အနားမှာမနေရပေမယ့်လည်း အဝေးကနေ တတ်နိုင်သလောက်ကူညီပေးနေတာဖြစ်ပါတယ်။

သားအမိနှစ်ယောက်ဝေးကွာနေတဲ့အတွက်လည်း ပြည်သူလူထုက များစွာစိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။ပြည်သူတွေကတော့ အမေစုရဲ့မွေးနေ့အတွက် လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဆုမွန်ကောင်းတွေအမျိုးမျိုး ရေးသားထားကြတာဖြစ်ပါတယ်။

အမေစုလည်း အမြဲကျန်းမာပြီး အချုပ်အနှောင်၊အတားအဆီးတွေကနေ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းရင်း သားငယ်ကင်မ်ရဲ့ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။