News

” ဒေါက်တာ တေဇာဆန်း ပြောပြတဲ့ ပန်းသပိတ်ရဲ့ အဓိပ္ပာယ်”

#၁၉ဇွန်_ပန်းသပိတ်

#တော်လှန်ပန်းတွေ_အကုန်ပွင့်လန်းကြသည့်_၁၉ဇွန်

#ဗေဒါပျံအံကိုခဲ_ပန်းပန်လျက်ပဲ

🌹🌹🌹🌹🌹

❏ အဓမ္မ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများအားလုံးကို လေးစား၊ ဦးညွတ်၊ ဂုဏ်ပြုပါ၏။

လက်ရှိ အဓမ္မ ဖမ်းဆီးခံထားရတဲ့ အသက် (၇၆) နှစ်ပြည့် မွေးနေ့ရှင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးခံခေါင်းဆောင်များ၊ ရဟန်းရှင်လူ ကျောင်းသားပြည်သူများ ပေါင်းထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား၊ အသိအမှတ်ပြု၊ အောက်မေ့သောအားဖြင့် ကျွန်တော်တို့ ပြည်သူလူထုအားလုံးက ယနေ့မှာ ပန်းသပိတ်လှုပ်ရှားမှု ဆင်နွှဲနေကြပါတယ်။

ဒီပန်းသပိတ်ရဲ့ အဓိပ္ပာယ်က ကျနော်တို့လူထုက ဒီစစ်အာဏာရူးတွေရဲ့ ရက်စက်ယုတ်မာ အကြမ်းဖက်မှုတွေကြောင့် ကြောက်ရွံ့၊ သွေးပျက်၊ ချောက်ခြားပြီး တော်လှန်ရေးကို နောက်ဆုတ်သွားမှာ မဟုတ်ဘူး၊ ဇွဲလျော့သွားမှာ မဟုတ်ဘူး၊ သွေးအေးသွားမှာ မဟုတ်ဘူး။

ကျနော်တို့ဟာ အာဏာရူးတွေကို ဆက်လက်ပြီးတော့ အစွန်းကုန် ရင်ဆိုင်တိုက်ပွဲဝင်သွားကြမှာ ဖြစ်တယ်၊ ကြောက်သွားမှာ မဟုတ်ဘူး၊ ကျနော်တို့ ပြည်သူတွေဟာ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲမျိုးစုံကို ခံနေရပါစေ၊ အာဏာရူးကို မောင်းထုတ်ဖို့အတွက်ဆို ကြံ့ကြံ့ခံလျက်ပဲ၊ ပန်းပန်လျက်ပဲဆိုတာကို ဖော်ညွှန်းခြင်းပဲ ဖြစ်ပါတယ်။

နောက်ထပ် အဓိပ္ပာယ်တစ်ခုကတော့ ဇွန် ၁၉ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ် ကမ္ဘာကကော၊ ကျနော်တို့မြန်မာပြည်သူတွေကပါ ပန်းနဲ့တွဲပြီး ရှုမြင်တတ်ကြတယ်မို့လား။

အာဏာရူးတွေ လက်နက်အားကိုး ဓားရေးတွေ ဘယ်လောက်ပဲပြပြ ကျနော်တို့ တော်လှန်ခြင်းရဲ့ ပန်းတွေ ဖွေးဖွေးလှုပ်အောင် ဆက်လက် ပွင့်လန်းနေမှာဖြစ်ကြောင်း ကျနော်တို့ လူထုက ယနေ့ သက်သေပြနေကြပါပြီ။

#ကြောက်ခေတ်ကို_မှောက်ပစ်

#Freedom_from_Fear

#June19FlowerStrike

#ကမ္ဘာမကြေဘူး

#မလျော့ဘူး

#သွေးမအေးဘူး

#နောက်မဆုတ်ဘူး

#တိုက်ပွဲရှိရင်_အောင်ပွဲရှိတယ်

#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်

#အရေးတော်ပုံ_အောင်ရမည်