Cele News

“”အချိန်အတော်ကြာ လိုင်းပေါ်က ပျောက်သွားပြီးနောက် ပန်းသပိတ်လေးနဲ့ ပြန်လည်ထွက်ပေါ်လာတဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါ”

သရုပ်ဆောင် ခင်ဝင့်ဝါဟာ နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ ချစ်စရာ မင်းသမီးလေးဖြစ်ပါတယ်

နောက်ပိုင်းမှာတော့ စကစက သူမကို ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်ပြီး ဝရမ်းထုတ်ခဲ့ပါတယ်

ခုတော့ သူမဟာ လုံခြုံတဲ့ တစ်နေရာမှာ ရှောင်တိမ်းနေခဲ့တာဖြစ်ပါတယ်

အဲလိုရှောင်တိမ်းပြီးတဲ့နောက်မှာ သူမရဲ့ အကောင့်မှာ ဘာမှမတင်ပဲနေတာ တစ်လကျော်သွားပြီဖြစ်တဲ့အတွက် ဘာများဖြစ်နေပြီလဲလို့ ပရိတ်သတ်တွေ စိတ်ပူနေကြပါတယ်

ဒီနေမှာတော့ ချစ်စရာ မင်းသမီးချောလေး ခင်ဝင့်ဝါဟာ ပန်းသပိတ်မှာ ပါဝင်တဲ့ ပုံလေးနဲ့ လိုင်းပေါ်ပြန်တက်လာခဲ့ပါတယ်

သူမက ခုလိုတင်ထားပါတယ်

“အမေ ကျန်းမာပြီး သက်တော် ရာကျော်ရှည်ပါစေ 🙏🏻

အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ 🙏🏻

အမေ့ သားသမီးတွေလည်း အမေ့ကို လွမ်းလှပြီ အမေ…

You are the one and only irreplaceable leader ❤️” ဆိုပြီး တင်ထားတာဖြစ်ပါတယ်

မင်းသမီးလေး ခင်ဝင့်ဝါကို အားပေးလိုက်ကြပါဦးနော်

Zawgyi







