ဆီးအရောင်နီခြင်း မဲခြင်းအတွက် ဖလံတောင်ဝှေး နဲ့ထန်းလျက် ပြုတ်သောက်ခြင်းခုအချိန် မိုးရာသီ ဖလံတောင်ဝှေး ၅၀၀ ဘိုးဆို ၃ ပင်ရောင်းသူ ၅ ပင်ရောင်းသူ နဲ့ ဝယ်လို့ရနေတဲ့အချိန်ပါ ။
အိမ်မှာ ခေါင်းတခါကိုက်ရင် ၂နာရီ ကြာပြီးရင် ဆီးအညို ကိုခက်ခဲစွာ စွန့်ထုတ်ရတဲ့ သားလေးအတွက်အဆင်ပြေတဲ့အချိန်ပါ ။
ဖလံတောင်ဝှေး ၃ ပင်ကို အပိုင်းပိုင်း ခုတ်ထစ်ပါ – အရွက်ရော ပင်စည်ပါ (ရောင်းသူတွေဆီမှာ အမြစ်နဲ့ ပဉ္စငါးပါးမရပါ)
ရေဆေးပါ
အပိုင်းပိုင်းဖြစ်သွားတဲ့ ဖလံတောင်ဝှေးကို ပြားသွားအောင်ထုပါ( ရေပြန်မဆေးရ )
ထန်းလျက် ၃ လုံး နဲအတူ (ဆန် ၂လုံးချက် အိုး ) အိုးတခုတွင် ဖလံတောင်ဝှေးကိုရေအပြည့် ထည့် ပြုတ်ပါ ။
နာနာဆူအောင်ကျိုချက်ပါ –
လက်တစ်လုံးခန့် ရေခမ်းသွားပြီးဆိုလျှင် အအေးခံပါကော်ဖီခွက် ၁ ခွက်စာ – မနက် နေ့လည် ညနေ ၃ ကြိမ် တိုက်ပါတယ်။
ညကို ဆီးသွားအိပ်ရေးပျက်မည်စိုးလို့ သားကိုမတိုက်ပါ။
ဆေးတကြိမ် ကျိုလျှင်၂ ရက်လောက် သောက်လို့ရပါတယ် –
ကုန်သွားလျှင် အသစ်ပြန်ကျိုပါ။
အင်္ဂလိပ်ဆေး မြန်မာဆေး ၂ မျိုးလုံး ဖြတ်ထားပြီး တိုက်တာပါ။
ဆီးအနီရောင် အမဲရောင်တွေ မှ ဆီးအရောင်က အပူလုံးဝကင်းပြီး ဆီးဖြူ အမြုပ်နည်း သက်သာ ကောင်းသွားပါတယ်။
တကယ်ကို မဆင်ပြေတဲ့ မိုးရာသီရဲ့ ဖလံတောင်ဝှေး အစွမ်းထက်ခြင်းပါ။
အရင်ကအညွှန်းမပါတဲ့post တခု ဖတ်ဘူးပါတယ်။
ကျောက်ကပ်ဆေးနေရတဲ့သူတောင် ကောင်းသွားတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။
ရာသီပေါ်သီးနှံမဟုတ်ပဲ တစ်နှစ်ပတ်လုံးသာ ဖလံတောင်ဝှေးက ဝယ်လို့ရနေမယ်ဆိုရင်…
ကျောက်ကပ်ကြောင့် ဆီးသွားရခက်သူ ရေကြောက်နေသူ မလန်းဆန်းပဲအစာမစားချင် နုံးခွေမလူပ်ချင်…
ဆီးအရောင်ညိုမဲနေတဲ့ သူတွေ ပြန်ကောင်းသွားနိုင်တယ်ဆိုတာ ကိုယ့်အိမ်က သားငယ် အောင်ခန့်ကျော် က ကိုယ်တွေ့ပါ။
#မခင်နီဝင်း( အောင်ခန့်ကျော်မိခင်)
Photo 👇အိမ်မှာဆေးရည်ကျိုထားသည့်အိုး