တစ္ေန႔ မိနစ္(၃၀) အခ်ိန္ ေပး႐ုံနဲ႔ ဗိုက္နဲ႔ခါးက အဆီေတြကို ယူပစ္ သလို က်သြား ေစမယ့္ ေလ့က်င့္ခန္းမ်ား
ဗိုက္မွာ အဆီစုၿပီး ခါးတုတ္တာက လြယ္လြယ္ေလး ျဖစ္ႏိုင္ ေပမယ့္ ခါးက အဆီေတြ ျပန္ခ်ဖို႔ က်ေတာ့ ေတာ္ေတာ္ေလး မလြယ္ ပါဘူး ။
ဒါေပမယ့္ ဝမ္းဗိုက္ အဆီေတြ က်ေစၿပီး ခါးျပန္ ေသးသြား ဖို႔ အတြက္ တစ္ေန႔ကို မိနစ္(၃၀) အခ်ိန္ေပးၿပီး အခုေဖာ္ျပမယ့္ ေလ့က်င့္ခန္း ေလးေတြ လုပ္ေပးလိုက္ ႐ုံ ပါပဲေနာ္ … ။
ေလ့က်င့္ခန္း (၁)
ဖ်ာေပၚမွာ လဲအိပ္ၿပီး ဒူးေကြး ထားလိုက္ ပါ ။ ဘယ္ဘက္လက္နဲ႔ ဘယ္ဘက္ ေျခေထာက္ကို ထိလိုက္ပါ။ အဲ့ဒီအေနအထားမွာ စကၠန႔္ အနည္းငယ္ ေလာက္ ေနၿပီး နဂိုပုံစံ အတိုင္း ျပန္ေနပါ။
ညာဘက္ ကိုလည္း အဲ့ဒီ အတိုင္း လုပ္ပါ။ ဘယ္ညာ တလွည့္စီ အႀကိမ္ ၃၀ လုပ္ေပးပါ။
ေလ့က်င့္ခန္း (၂)
ဖ်ာေပၚမွာ တေစာင္းလဲွအိပ္ၿပီး လက္တစ္ဖက္ကို ေခါင္းေနာက္ဘက္မွာ ကိုင္ထားကာ လက္တစ္ဖက္က ဗိုက္ေရွ႕ကေန ခါးကို ကိုင္ထားပါ။ ၿပီးရင္ ေျခေထာက္ ႏွစ္ဖက္ကို ကပ္ၿပီး ေဘးဘက္ကို ေျမႇာက္ႏိုင္ သေလာက္ ေျမႇာက္လိုက္ပါ ။
အဲ့ဒီ အေနအထားမွာ စကၠန႔္ အနည္းငယ္ ေလာက္ေနၿပီး နဂို အေနအထား အတိုင္း ျပန္ေန လိုက္ပါ ။ ဘယ္ဘက္ ၁၅ ႀကိမ္၊ ညာဘက္ ၁၅ ႀကိမ္ လုပ္ ပါ ။
ေလ့က်င့္ခန္း (၃)
ေျခလက္ေတြကို ဆန႔္ကားၿပီး လဲွေနပါ။ ဆန႔္ကားထားတဲ့ ေျခနဲ႔လက္ေတြကို ေကြးလိုက္ၿပီး ဒူးနဲ႔တံေတာင္ဆစ္ေတြကိုထိလိုက္ပါ။ အဲ့ဒီအေနအထားမွာ စကၠန႔္အနည္းငယ္ေလာက္ေနၿပီး နဂိုအတိုင္းျပန္ဆန႔္လိုက္ပါ။ အဲ့ဒါကို အႀကိမ္ (၂၀) လုပ္ေပးပါ။
ေလ့က်င့္ခန္း (၄)
ပုံမွာျပထားတဲ့အတိုင္း ေနလိုက္ၿပီး ေျခေထာက္တစ္ဖက္ကို အေနာက္ဘက္ကို ကန္လိုက္တဲ့ ပုံစံမ်ိဳးလုပ္ပါ။ ၿပီးရင္ နဂိုပုံစံအတိုင္းျပန္ေနၿပီး ေနာက္ေျခေထာက္တစ္ဖက္ကိုလည္း အဲ့ဒီလိုလုပ္ပါ။ ဘယ္ညာတလွည့္စီ အႀကိမ္ (၂၀) လုပ္ေပးပါ။
ေလ့က်င့္ခန္း (၅)
ခႏၶာကိုယ္အေပၚပိုင္းကို ဖ်ာေပၚမွာ လဲေွနၿပီး ေျခေထာက္ေတြကို နံရံမွာ ေထာက္ၿပီး ေကြးထားပါ။ ဒူးႏွစ္ဖက္ကို ညာဘက္ကိုေကြးၿပီး အဲ့ဒီအေနအထားမွာ စကၠန႔္အနည္းငယ္ေလာက္ေနပါ။
ၿပီးရင္ နဂိုအတိုင္းျပန္ေနပါ။ ေနာက္ ဘယ္ဘက္ကို ထပ္ေကြးပါ။ အဲ့ဒါကို ဘယ္ညာတလွည့္စီ အႀကိမ္ (၃၀) လုပ္ေပးပါ။
MAY THAZINHTOO
Unicode
တစ်နေ့မိနစ်(၃၀)အချိန်ပေးရုံနဲ့ ဗိုက်နဲ့ခါးကအဆီတွေကိုယူပစ်သလိုကျသွားစေမယ့် လေ့ကျင့်ခန်းများ
တစ်နေ့ မိနစ်(၃၀) အချိန် ပေးရုံနဲ့ ဗိုက်နဲ့ခါးက အဆီတွေကို ယူပစ် သလို ကျသွား စေမယ့် လေ့ကျင့်ခန်းများ
ဗိုက်မှာ အဆီစုပြီး ခါးတုတ်တာက လွယ်လွယ်လေး ဖြစ်နိုင် ပေမယ့် ခါးက အဆီတွေ ပြန်ချဖို့ ကျတော့ တော်တော်လေး မလွယ် ပါဘူး ။
ဒါပေမယ့် ဝမ်းဗိုက် အဆီတွေ ကျစေပြီး ခါးပြန် သေးသွား ဖို့ အတွက် တစ်နေ့ကို မိနစ်(၃၀) အချိန်ပေးပြီး အခုဖော်ပြမယ့် လေ့ကျင့်ခန်း လေးတွေ လုပ်ပေးလိုက် ရုံ ပါပဲနော် … ။
လေ့ကျင့်ခန်း (၁)
ဖျာပေါ်မှာ လဲအိပ်ပြီး ဒူးကွေး ထားလိုက် ပါ ။ ဘယ်ဘက်လက်နဲ့ ဘယ်ဘက် ခြေထောက်ကို ထိလိုက်ပါ။ အဲ့ဒီအနေအထားမှာ စက္ကန့် အနည်းငယ် လောက် နေပြီး နဂိုပုံစံ အတိုင်း ပြန်နေပါ။
ညာဘက် ကိုလည်း အဲ့ဒီ အတိုင်း လုပ်ပါ။ ဘယ်ညာ တလှည့်စီ အကြိမ် ၃၀ လုပ်ပေးပါ။
လေ့ကျင့်ခန်း (၂)
ဖျာပေါ်မှာ တစောင်းလဲှအိပ်ပြီး လက်တစ်ဖက်ကို ခေါင်းနောက်ဘက်မှာ ကိုင်ထားကာ လက်တစ်ဖက်က ဗိုက်ရှေ့ကနေ ခါးကို ကိုင်ထားပါ။ ပြီးရင် ခြေထောက် နှစ်ဖက်ကို ကပ်ပြီး ဘေးဘက်ကို မြှောက်နိုင် သလောက် မြှောက်လိုက်ပါ ။
အဲ့ဒီ အနေအထားမှာ စက္ကန့် အနည်းငယ် လောက်နေပြီး နဂို အနေအထား အတိုင်း ပြန်နေ လိုက်ပါ ။ ဘယ်ဘက် ၁၅ ကြိမ်၊ ညာဘက် ၁၅ ကြိမ် လုပ် ပါ ။
လေ့ကျင့်ခန်း (၃)
ခြေလက်တွေကို ဆန့်ကားပြီး လဲှနေပါ။ ဆန့်ကားထားတဲ့ ခြေနဲ့လက်တွေကို ကွေးလိုက်ပြီး ဒူးနဲ့တံတောင်ဆစ်တွေကိုထိလိုက်ပါ။ အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်လောက်နေပြီး နဂိုအတိုင်းပြန်ဆန့်လိုက်ပါ။ အဲ့ဒါကို အကြိမ် (၂၀) လုပ်ပေးပါ။
လေ့ကျင့်ခန်း (၄)
ပုံမှာပြထားတဲ့အတိုင်း နေလိုက်ပြီး ခြေထောက်တစ်ဖက်ကို အနောက်ဘက်ကို ကန်လိုက်တဲ့ ပုံစံမျိုးလုပ်ပါ။ ပြီးရင် နဂိုပုံစံအတိုင်းပြန်နေပြီး နောက်ခြေထောက်တစ်ဖက်ကိုလည်း အဲ့ဒီလိုလုပ်ပါ။ ဘယ်ညာတလှည့်စီ အကြိမ် (၂၀) လုပ်ပေးပါ။
လေ့ကျင့်ခန်း (၅)
ခန္ဓာကိုယ်အပေါ်ပိုင်းကို ဖျာပေါ်မှာ လဲေှနပြီး ခြေထောက်တွေကို နံရံမှာ ထောက်ပြီး ကွေးထားပါ။ ဒူးနှစ်ဖက်ကို ညာဘက်ကိုကွေးပြီး အဲ့ဒီအနေအထားမှာ စက္ကန့်အနည်းငယ်လောက်နေပါ။
ပြီးရင် နဂိုအတိုင်းပြန်နေပါ။ နောက် ဘယ်ဘက်ကို ထပ်ကွေးပါ။ အဲ့ဒါကို ဘယ်ညာတလှည့်စီ အကြိမ် (၃၀) လုပ်ပေးပါ။