ဗဟုသုတ

မြန်မာစစ်ကောင်စီရဲ့ကိုယ်စားလှယ်ခန့်အပ်လွှာကို FAO လူရာမသွင်း ပယ်ချခံရ

ဇွန်လ ၁၅ ရက်နေ့ကျင်းပတဲ့ FAO ကိုယ်စားလှယ်ခန့်အပ်လွှာစစ်ဆေးရေး ကော်မတီက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့တင်ပြလာတဲ့ ကိုယ်စားလှယ်အဖွဲ့ ခန့်အပ်လွှာကို ပယ်ချလိုက်ပြီး မြန်မာပြည်ကိုယ်စားပြုတဲ့ မည်သည့်ကိုယ်စားလှယ်ကိုမျှ အသိအမှတ်မပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အခုလို ဆုံးဖြတ်ချက်ချဖို့အတွက် FAO အနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ တခြား ကုလသမဂ္ဂအဖွဲ့အစည်းတွေဖြစ်ကြတဲ့ WHOနဲ့ILO နိုင်ငံတကာအလုပ်သမားအဖွဲ့ တို့ရဲ့ ဆုံးဖြတ်ချက်တွေကို သတိပြုလေ့လာခဲ့တယ်လို့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို အသိအမှတ်ပြုလက်ခံခြင်းမပြုဖို့ WHO နဲ့ ILO တို့က ဆုံးဖြတ်ခဲ့ပြီး ဖြစ်တဲ့အတွက်စစ်ကောင်စီကို ကုလအဖွဲ့တခုရဲ့ နောက်ဆုံး ငြင်းပယ်မှုဖြစ်ပါတယ်။