ရွှေတို့မည်သည် အရည်အသွေးကောင်းပြီး နူးညံ့ပျော့ပျောင်းသည့်သဘောရှိသည်။
ရွှေအရည်အသွေးပေါ်မူတည်၍ အရည်အသွေးကောင်းပါက ကြေးနှင့်ဘော် ပါဝင်မှုနှုန်းနည်းပြီး ရွှေသန့်ပါဝင်မှုနှုန်းများ၍ ရွှေအရည်ကျပြီး အရောင်ပြောင်းလဲခြင်းမရှိပါ။
သို့ပေမဲ့ ရွှေထည်ကို ကြာရှည်စွာ ဒိုင်ခံ ဝတ်ဆင်ပါက အပြင်မှ အမှုန်အမွှားများ၊ဖုန်မှုန့်များကပ်လာ၍ အရောင်မှိန်လာတတ်
သလို၊ ခန္ဓာကိုယ်မှထွက်သော ချွေး၊အဆီနှင့် သနပ်ခါးဂျီးများကြောင့်လည်း မသိမသာ အရောင်ကျ၊အရောင်မှိန်သွားတတ်ပါတယ်ခင်ဗျ။
ရွှေထည်လေးများ ရေရှည် အရောင်မမှိန်၊အရောင်မကျစေပဲကိုယ်တိုင်လိုက်လုပ်ရလဲ လွယ်ကူစေမယ့် ဆောင်ရန်၊ရှောင်ရန် အချက်လေးတစ်ချို့ကို ဗဟုသုတအဖြစ်ပြောပြပေးလိုက်ပါတယ်ခင်ဗျ။
(1)ရွှေထည်လေးများသည် နူးညံ့သောကြောင့် lotion ၊ပေါင်ဒါတို့နှင့် မတည့်သလို၊ ဓာတ်မတည့်သည့် Chemical
ပစ္စည်းများ(ဥပမာ-ရေမွှေး)တို့နှင့် မတော်တဆ ထိမိတဲ့အခါ ဖြူသွားခြင်း၊ ကွက်သွားခြင်းမျိုးဖြစ်တတ်ပါတယ်။
(2)ဒါကြောင့် ရွှေထည်လေးများ အရောင်ဖျော့သွား၊ မှိန်သွားတဲ့အခါShampoo(သို့) ဆပ်ပြာဆီအပျော့ ၂စက်၃စက်ကို ရေမနွေးတနွေးနဲ့ အမြုတ်ထွက်လာအောင် မွှေပြီး ထွက်လာတဲ့
အမြုတ်လေးများကို သွားပိတ်တံဖြင့် ယူ၍ ရွှေထည်လေးများပေါ် ခပ်ဖွဖွလေးပွတ်၍ ရွှေအရောင်ပြန်တက်အောင် အိမ်တွင်အလွယ်တကူ ဂျီးချွတ်သန့်စင်နိုင်ပါတယ်ခင်ဗျ။
အထက်ပါဆောင်ရန်၊ ရှောင်ရန် အချက်လေးများကို သတိလေးထား၊ဆင်ခြင်ဝတ်ဆင်မယ်ဆိုရင်မိုးတွင်းသာမက ဥတုသုံးပါးစလုံး အချိန်အတော်ကြာကြာရွှေအရောင်မှိန်ခြင်း၊ အရောင်ကျခြင်းဘေးမှ ကင်းဝေးကြပါလိမ့်မယ်ခင်ဗျ။
ချစ်မိတ်ဆွေများအားလုံး အန္တရာယ်ကင်းဘေးရှင်းပြီး စီးပွားလာဘ်လာဘများလည်း တိုးတက်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော် crd
Zawgyi
ေ႐ႊတို႔မည္သည္ အရည္အေသြးေကာင္းၿပီး ႏူးညံ့ေပ်ာ့ေပ်ာင္းသည့္သေဘာရွိသည္။
ေ႐ႊအရည္အေသြးေပၚမူတည္၍ အရည္အေသြးေကာင္းပါက ေၾကးႏွင့္ေဘာ္ ပါဝင္မႈႏႈန္းနည္းၿပီး ေ႐ႊသန့္ပါဝင္မႈႏႈန္းမ်ား၍ ေ႐ႊအရည္က်ၿပီး အေရာင္ေျပာင္းလဲျခင္းမရွိပါ။
သို႔ေပမဲ့ ေ႐ႊထည္ကို ၾကာရွည္စြာ ဒိုင္ခံ ဝတ္ဆင္ပါက အျပင္မွ အမႈန္အမႊားမ်ား၊ဖုန္မႈန့္မ်ားကပ္လာ၍ အေရာင္မွိန္လာတတ္
သလို၊ ခႏၶာကိုယ္မွထြက္ေသာ ေခြၽး၊အဆီႏွင့္ သနပ္ခါးဂ်ီးမ်ားေၾကာင့္လည္း မသိမသာ အေရာင္က်၊အေရာင္မွိန္သြားတတ္ပါတယ္ခင္ဗ်။
ေ႐ႊထည္ေလးမ်ား ေရရွည္ အေရာင္မမွိန္၊အေရာင္မက်ေစပဲကိုယ္တိုင္လိုက္လုပ္ရလဲ လြယ္ကူေစမယ့္ ေဆာင္ရန္၊ေရွာင္ရန္ အခ်က္ေလးတစ္ခ်ိဳ႕ကို ဗဟုသုတအျဖစ္ေျပာျပေပးလိုက္ပါတယ္ခင္ဗ်။
(1)ေ႐ႊထည္ေလးမ်ားသည္ ႏူးညံ့ေသာေၾကာင့္ lotion ၊ေပါင္ဒါတို႔ႏွင့္ မတည့္သလို၊ ဓာတ္မတည့္သည့္ Chemical
ပစၥည္းမ်ား(ဥပမာ-ေရေမႊး)တို႔ႏွင့္ မေတာ္တဆ ထိမိတဲ့အခါ ျဖဴသြားျခင္း၊ ကြက္သြားျခင္းမ်ိဳးျဖစ္တတ္ပါတယ္။
(2)ဒါေၾကာင့္ ေ႐ႊထည္ေလးမ်ား အေရာင္ေဖ်ာ့သြား၊ မွိန္သြားတဲ့အခါShampoo(သို႔) ဆပ္ျပာဆီအေပ်ာ့ ၂စက္၃စက္ကို ေရမႏြေးတႏြေးနဲ႕ အျမဳတ္ထြက္လာေအာင္ ေမႊၿပီး ထြက္လာတဲ့
အျမဳတ္ေလးမ်ားကို သြားပိတ္တံျဖင့္ ယူ၍ ေ႐ႊထည္ေလးမ်ားေပၚ ခပ္ဖြဖြေလးပြတ္၍ ေ႐ႊအေရာင္ျပန္တက္ေအာင္ အိမ္တြင္အလြယ္တကူ ဂ်ီးခြၽတ္သန့္စင္နိုင္ပါတယ္ခင္ဗ်။
အထက္ပါေဆာင္ရန္၊ ေရွာင္ရန္ အခ်က္ေလးမ်ားကို သတိေလးထား၊ဆင္ျခင္ဝတ္ဆင္မယ္ဆိုရင္မိုးတြင္းသာမက ဥတုသုံးပါးစလုံး အခ်ိန္အေတာ္ၾကာၾကာေ႐ႊအေရာင္မွိန္ျခင္း၊ အေရာင္က်ျခင္းေဘးမွ ကင္းေဝးၾကပါလိမ့္မယ္ခင္ဗ်။
ခ်စ္မိတ္ေဆြမ်ားအားလုံး အႏၱရာယ္ကင္းေဘးရွင္းၿပီး စီးပြားလာဘ္လာဘမ်ားလည္း တိုးတက္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္