ဘာအလုပ် စလုပ်လုပ် အိမ်မက်ရှိရမယ်။ တော်တော်များများက အိမ်မက်ကို ဝင်ငွေအပေါ် မူတည်ပြီး မက်ကြတယ်။ တချို့က အိမ်မက်ကို မရှိကြဘူး။ အတွေးကို ပြောင်းပြန်တွေးလိုက်ပါ။ ဝင်ငွေအပေါ် မူတည်ပြီး အိမ်မက် မမက်ဘဲ အိမ်မက်အပေါ်မူတည်ပြီး ဝင်ငွေများအောင် လုပ်ရမယ်။ နောက်တခုက အိမ်မက်ပဲရှိလို့မရဘူး။ ပြင်းပြတဲ့စိတ်ဆန္ဒရှိပါစေ။
၁။ ကိုယ့်ပန်းတိုင်ကို စဉ်းစားလိုက်တိုင်း ပျော်ရွှင်ပါစေဒါမှလည်း ပိုလုပ်ချင်စိတ်များပြီး satisfied ဖြစ်ပါလိမ့်မယ်။
၂။ မအောင်မြင်တဲ့သူတွေရဲ့ ဘေးမှာ အိမ်မက်သူခိုးတွေ ရှိနေတတ်ပါတယ်တခုခုလုပ်တော့မယ်ဆို ဘေးကနေ ဒါကတော့မဖြစ်နိုင်ဘူး ၊ မင်းမလုပ်နိုင်ဘူးဆိုပြီးပြောတဲ့ အိမ်မက်သူခိုးတွေ ရှိနေတတ်ပါတယ်။ ဆန့်ကျင်ဘက် အောင်မြင်တဲ့သူတွေ ဘေးမှာတော့ အိမ်မက်ကို အမြဲ အားပေးတဲ့ ကူညီတဲ့ အပြု့သဘောဆောင်တဲ့သူတွေ ရှိနေတတ်တယ်။ ဒါကြောင့် အိမ်မက်သူခိုးတွေ အနားမှာ မရှိပါစေနဲ့။ မပတ်သက်မိပါစေနဲ့။
၃။ အကောင်းမြင်စကားများများပြောပါကိုယ်ပြောတဲ့စကားက ကိုယ့်ကိုဆုံးဖြတ်ပေးပါတယ်။ “ဒီနေ့တော့ကံမကောင်းဘူးကွာ”။ “ဒီနေ့အဆူခံရပြန်ပြီ”။”အဆင်မပြေလိုက်တာကွာ” မိတ်ဆွေရော? ဘယ်လိုငြီးတတ်လဲ? အောင်မြင်တဲ့သူတွေက အပြုသဘော ဆောင်တဲ့ စကားပဲပြောတယ်။ ဘာလို့လဲဆိုတော့ စကားလုံးတွေမှာ စွမ်းအားတွေရှိလို့ပါ။ တစုံတယောက်က အဆင်ပြေလားမေးရင် အကောင်းဆုံး အဆင်ပြေပါတယ်။ အခြေအနေကောင်းပါတယ် အစရှိတာတွေပဲ ဖြေပါ။
၄။ ဖြစ်ချင်တာကို ခဏခဏစဉ်းစားပါကိုယ့်အိမ်မက်အကြောင်းကို ကိုယ့်ဟာကို ပြန် remind လုပ်ပါ။ စဉ်းစားတိုင်းလည်းပျော်ရွှင်ပါစေ။
၅။ စာအုပ်တွေဖတ်ပါနောက်တခုက facebook ပေါ်က အဆိုးမြင်စာတွေကို လုံးဝမဖတ်ပါနဲ့။ သရောစာတွေ၊ ပျက်လုံးတွေ၊ negative စာပေတွေကို ရှောင်ပါ။ အဆိုးတွေဖတ်ပြီး အဆိုးတွေ တွေးရင် အဆိုးတွေရပါလိမ့်မယ်။ အတွေးအခေါ်တွေ မှန်အောင်တွေးပါ။ မှားနေရင် ဘယ်လိုပြင်မလဲ? စာဖတ်ပါ။ စိတ်ဓာတ်ခွန်အား ရမဲ့စာတွေ များများဖတ်ပါ။
၆။ ပညာပေး video file တွေ ၊ စာပေဟောပြောပွဲ ခွေတွေ တနေ့တခု ကြည့်ပါအကောင်းတွေသာ ပတ်ဝန်းကျင်မှာ ဝန်းရံနေပါစေ။
၇။ Seminar တွေ၊ ဟောပြောပွဲတွေ ခဏခဏ တက်ရောက်ပါအဲ့လို တက်ရောက်ခြင်းဖြင့် အကောင်းမြင်စိတ်လေး၊ ကောင်းတဲ့အတွေးလေး ရရှိနိုင်ပါမယ်။ အဲ့လိုပတ်ဝန်းကျင် ရဲ့ အကောင်းမြင်မူ ရိုက်ခတ်တဲ့ ကြိမ်နှုန်းက အရမ်းများရင် တနေ့တာလုပ်ရှားနေတဲ့ စိတ်အတွေးအခေါ် ကြိမ်နှုန်းတွေပါ လိုက်ပြီး ပြောင်းလဲသွားပါလိမ့်မယ်။
၈။ သူများအောင်မြင်မှုကို ချီးကျူးပါကိုယ့်ချီးကျူးသံကြောင့် သူတို့မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်လာနိုင်ပါတယ်။ ပိုကြိုးစားလာနိုင်ပါတယ်။ဒါကြောင့် အောင်မြင်သူတယောက်ကို တွေ့တာနဲ့ ဝမ်းမြှောက်ဝမ်းသာ အသိအမှတ်ပြုပေးဖို့လိုပါတယ်။ ကိုယ်ရဲ့ အသိအမှတ်ပြုတဲ့ တုန်ခါမှုလှိုင်းက အခြားတယောက်ဆီ ကူးစက်သွားနိုင်ပါတယ်။ ကူးစက်သွားတဲ့သူလည်း အကောင်းမြင်လှိုင်းရသလို ပို့လွှတ်လိုက်တဲ့ သူကိုယ်တိုင်လည်း အဲအတိုင်း ပြန်လည်ရရှိပါတယ်။ အမြင့်ကို ဆွဲခေါ်မဲ့ သူငယ်ချင်းမျိုး လိုပါတယ်။
၉။ စိတ်ဓာတ်အဆင့်အတန်းမြင့်သူ၊ ဝင်ငွေမြင့်မားသူ ၊ အိမ်မက်ကြီးသူတွေနဲ့ မိတ်ဆွေဖွဲ့ဖို့လိုပါတယ်။ကိုယ့်ကို ကိုယ်ရဲ့ အိမ်မက်တွေကို “ခင်ဗျား လုပ်နိုင်မယ်” လို့ ပြောတဲ့ သူငယ်ချင်းတွေ မိမိလိုပဲ အိမ်မက်ကြီးတဲ့ မိတ်ဆွေ အနားပဲနေပါ။
ကဲ…သင်လည်း လွတ်လပ်စွာ အိမ်မက်ကြီးကြီးမက်ပြီး အကောင်အထည် ချက်ချင်းဖော်နိုင်ပါစေ။
“ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှဝေဖို့မမေ့နဲ့နော်”
ဘာအလုပ္ စလုပ္လုပ္ အိမ္မက္ရွိရမယ္။ ေတာ္ေတာ္မ်ားမ်ားက အိမ္မက္ကို ဝင္ေငြအေပၚ မူတည္ၿပီး မက္ၾကတယ္။ တခ်ိဳ႕က အိမ္မက္ကို မရွိၾကဘူး။ အေတြးကို ေျပာင္းျပန္ေတြးလိုက္ပါ။ ဝင္ေငြအေပၚ မူတည္ၿပီး အိမ္မက္ မမက္ဘဲ အိမ္မက္အေပၚမူတည္ၿပီး ဝင္ေငြမ်ားေအာင္ လုပ္ရမယ္။ ေနာက္တခုက အိမ္မက္ပဲရွိလို႔မရဘူး။ ျပင္းျပတဲ့စိတ္ဆႏၵရွိပါေစ။
၁။ ကိုယ့္ပန္းတိုင္ကို စဥ္းစားလိုက္တိုင္း ေပ်ာ္႐ႊင္ပါေစဒါမွလည္း ပိုလုပ္ခ်င္စိတ္မ်ားၿပီး satisfied ျဖစ္ပါလိမ့္မယ္။
၂။ မေအာင္ျမင္တဲ့သူေတြရဲ႕ ေဘးမွာ အိမ္မက္သူခိုးေတြ ရွိေနတတ္ပါတယ္တခုခုလုပ္ေတာ့မယ္ဆို ေဘးကေန ဒါကေတာ့မျဖစ္ႏိုင္ဘူး ၊ မင္းမလုပ္ႏိုင္ဘူးဆိုၿပီးေျပာတဲ့ အိမ္မက္သူခိုးေတြ ရွိေနတတ္ပါတယ္။ ဆန္႔က်င္ဘက္ ေအာင္ျမင္တဲ့သူေတြ ေဘးမွာေတာ့ အိမ္မက္ကို အၿမဲ အားေပးတဲ့ ကူညီတဲ့ အျပဳ႕သေဘာေဆာင္တဲ့သူေတြ ရွိေနတတ္တယ္။ ဒါေၾကာင့္ အိမ္မက္သူခိုးေတြ အနားမွာ မရွိပါေစနဲ႔။ မပတ္သက္မိပါေစနဲ႔။
၃။ အေကာင္းျမင္စကားမ်ားမ်ားေျပာပါကိုယ္ေျပာတဲ့စကားက ကိုယ့္ကိုဆုံးျဖတ္ေပးပါတယ္။ “ဒီေန႔ေတာ့ကံမေကာင္းဘူးကြာ”။ “ဒီေန႔အဆူခံရျပန္ၿပီ”။”အဆင္မေျပလိုက္တာကြာ” မိတ္ေဆြေရာ? ဘယ္လိုၿငီးတတ္လဲ? ေအာင္ျမင္တဲ့သူေတြက အျပဳသေဘာ ေဆာင္တဲ့ စကားပဲေျပာတယ္။ ဘာလို႔လဲဆိုေတာ့ စကားလုံးေတြမွာ စြမ္းအားေတြရွိလို႔ပါ။ တစုံတေယာက္က အဆင္ေျပလားေမးရင္ အေကာင္းဆုံး အဆင္ေျပပါတယ္။ အေျခအေနေကာင္းပါတယ္ အစရွိတာေတြပဲ ေျဖပါ။
၄။ ျဖစ္ခ်င္တာကို ခဏခဏစဥ္းစားပါကိုယ့္အိမ္မက္အေၾကာင္းကို ကိုယ့္ဟာကို ျပန္ remind လုပ္ပါ။ စဥ္းစားတိုင္းလည္းေပ်ာ္႐ႊင္ပါေစ။
၅။ စာအုပ္ေတြဖတ္ပါေနာက္တခုက facebook ေပၚက အဆိုးျမင္စာေတြကို လုံးဝမဖတ္ပါနဲ႔။ သေရာစာေတြ၊ ပ်က္လုံးေတြ၊ negative စာေပေတြကို ေရွာင္ပါ။ အဆိုးေတြဖတ္ၿပီး အဆိုးေတြ ေတြးရင္ အဆိုးေတြရပါလိမ့္မယ္။ အေတြးအေခၚေတြ မွန္ေအာင္ေတြးပါ။ မွားေနရင္ ဘယ္လိုျပင္မလဲ? စာဖတ္ပါ။ စိတ္ဓာတ္ခြန္အား ရမဲ့စာေတြ မ်ားမ်ားဖတ္ပါ။
၆။ ပညာေပး video file ေတြ ၊ စာေပေဟာေျပာပြဲ ေခြေတြ တေန႔တခု ၾကည့္ပါအေကာင္းေတြသာ ပတ္ဝန္းက်င္မွာ ဝန္းရံေနပါေစ။
၇။ Seminar ေတြ၊ ေဟာေျပာပြဲေတြ ခဏခဏ တက္ေရာက္ပါအဲ့လို တက္ေရာက္ျခင္းျဖင့္ အေကာင္းျမင္စိတ္ေလး၊ ေကာင္းတဲ့အေတြးေလး ရရွိႏိုင္ပါမယ္။ အဲ့လိုပတ္ဝန္းက်င္ ရဲ႕ အေကာင္းျမင္မူ ႐ိုက္ခတ္တဲ့ ႀကိမ္ႏႈန္းက အရမ္းမ်ားရင္ တေန႔တာလုပ္ရွားေနတဲ့ စိတ္အေတြးအေခၚ ႀကိမ္ႏႈန္းေတြပါ လိုက္ၿပီး ေျပာင္းလဲသြားပါလိမ့္မယ္။
၈။ သူမ်ားေအာင္ျမင္မႈကို ခ်ီးက်ဴးပါကိုယ့္ခ်ီးက်ဴးသံေၾကာင့္ သူတို႔မွာ ေျပာင္းလဲမႈေတြ အမ်ားႀကီး ျဖစ္လာႏိုင္ပါတယ္။ ပိုႀကိဳးစားလာႏိုင္ပါတယ္။ဒါေၾကာင့္ ေအာင္ျမင္သူတေယာက္ကို ေတြ႕တာနဲ႔ ဝမ္းေျမႇာက္ဝမ္းသာ အသိအမွတ္ျပဳေပးဖို႔လိုပါတယ္။ ကိုယ္ရဲ႕ အသိအမွတ္ျပဳတဲ့ တုန္ခါမႈလႈိင္းက အျခားတေယာက္ဆီ ကူးစက္သြားႏိုင္ပါတယ္။ ကူးစက္သြားတဲ့သူလည္း အေကာင္းျမင္လႈိင္းရသလို ပို႔လႊတ္လိုက္တဲ့ သူကိုယ္တိုင္လည္း အဲအတိုင္း ျပန္လည္ရရွိပါတယ္။ အျမင့္ကို ဆြဲေခၚမဲ့ သူငယ္ခ်င္းမ်ိဳး လိုပါတယ္။
၉။ စိတ္ဓာတ္အဆင့္အတန္းျမင့္သူ၊ ဝင္ေငြျမင့္မားသူ ၊ အိမ္မက္ႀကီးသူေတြနဲ႔ မိတ္ေဆြဖြဲ႕ဖို႔လိုပါတယ္။ကိုယ့္ကို ကိုယ္ရဲ႕ အိမ္မက္ေတြကို “ခင္ဗ်ား လုပ္ႏိုင္မယ္” လို႔ ေျပာတဲ့ သူငယ္ခ်င္းေတြ မိမိလိုပဲ အိမ္မက္ႀကီးတဲ့ မိတ္ေဆြ အနားပဲေနပါ။
ကဲ…သင္လည္း လြတ္လပ္စြာ အိမ္မက္ႀကီးႀကီးမက္ၿပီး အေကာင္အထည္ ခ်က္ခ်င္းေဖာ္ႏိုင္ပါေစ။
“ကိုယ္ခ်စ္ရတဲ့သူေတြကို ျပန္မွ်ေဝဖို႔မေမ့နဲ႔ေနာ္”