ဗဟုသုတ

“နိုင်ငံရေးခရီးကြမ်းကိုဆက်လျှောက်ရမယ့်မွေးနေ့ရှင်”

နိုင်ငံရေးခရီးကြမ်းကိုဆက်လျှောက်ရမယ့်မွေးနေ့ရှင်

၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် အသက် ၇၆ နှစ်ပြည့်ပါပြီ။

ဒီနှစ် မွေးနေ့ဟာ သူ့အတွက် ဆယ်စုနှစ်တစ်ခုကျော်ကြာအပြီးမှာ ပထမအကြိမ် အထိန်းသိမ်းခံဘဝနဲ့ ပြန်လည်ဖြတ်သန်းရတာပါ။

လူထုရွေးကောက်တင်မြှောက်ပြီး နိုင်ငံကိုလက်တွေ့ဦးဆောင်မှုပေးခဲ့တဲ့၊ ငါးနှစ်တာနိုင်ငံရေးခရီးလမ်းကိုနောက်တစ်ကြိမ် ရှေ့ မဆက်နိုင်ခင်မှာပဲ အာဏာသိမ်းခံလိုက်ရတဲ့၊ ရွေးကောက်ပွဲတောင်ပြို ကမ်းပြိုအနိုင်ရ ပါတီခေါင်းဆောင်ဟာ အခုတော့ နိုင်ငံရေးခယောင်းလမ်းကို ဆက်လျှောက်ရဖွယ်ရှိ နေပါတယ်။

အာဏာသာမသိမ်းခဲ့ရင် ဒီအချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အစိုးရအဖွဲ့ နောက်သက်တမ်းတစ်ခုကို ဆက်လက်ဦးဆောင်နိုင်မယ့် မွေးနေ့ရှင်ဟာ အခုတော့ စစ် ကောင်စီက  တမှုပြီးတမှု ထပ်တိုးတရားစွဲဆိုနေတဲ့ပုဒ်မတွေကိုရင်ဆိုင်နေရတာပါ။