ဗဟုသုတ

အရမ္းဖတ္ေကာင္းတဲ့ ပညာေပး စာေလးပါ….

အရမ္းဖတ္ေကာင္းတဲ့ ပညာေပး စာေလးပါ….

” ေရာင္ျပန္ ”

( ၁ ) တစ္ေန႔မွာ လူတစ္ေယာက္ဟာ chattingမွာ ခင္တဲ့ ေကာင္မေလးနဲ႔ခ်ိန္းခဲ့တယ္။အဲဒီေကာင္မေလးကို သူ မျမင္ဖူးေသးေတာ့ အ႐ုပ္ဆိုးဆိုးေကာင္မေလး ျဖစ္မွာ စိုးတာနဲ႔သူ႔ သူငယ္ခ်င္း တစ္ေယာက္ကို ေကာင္မေလးနဲ႔ ေတြ႕ၿပီး ၁၀မိနစ္ အၾကာမွာသူ႔ဟမ္းဖုန္းကို ဆက္ဖို႔ မွာခဲ့တယ္။ ဒါမွ သူ လစ္ထြက္လို႔ အဆင္ေျပမယ္ေလ။

ဒီလိုနဲ႔ ခ်ိန္းထားတဲ့ ေနရာ ေရာက္ေတာ့ ေကာင္မေလး ေခ်ာေခ်ာ ျဖစ္ေနတာကိုေတြ႕လိုက္တယ္။ ဒါနဲ႔ ဖုန္းမျမည္ပါေစနဲ႔လို႔ သူက်ိတ္ၿပီး ဆုေတာင္းလိုက္တယ္။ဒါေပမယ့္ အဲဒီအခ်ိန္မွာ မေမွ်ာ္လင့္ဘဲ ေကာင္မေလးရဲ႕ဖုန္းက ျမည္လာတယ္။၂မိနစ္ေလာက္ စကားေျပာၿပီး ေကာင္မေလးက သူ႔ဖက္လွည့္ၿပီး “ ေဆာရီးေနာ္…အေရးႀကီးတဲ့ ကိစၥ ရွိလို႔ ကြၽန္မကို သြားခြင့္ျပဳပါဦး” တဲ့။

( ၂ ) ဝိုင္အရမ္းႀကိဳက္တဲ့ သူေဌးတစ္ေယာက္က ညအိပ္ယာ ဝင္တိုင္း ဝိုင္တစ္ခြက္ေသာက္ေလ့ရွိတယ္။ အခုတစ္ေလာ သူေသာက္ေနက်ဝိုင္က ေလ်ာ့ေလ်ာ့လာလို႔အိမ္က အေစခံ ခိုးေသာက္တယ္ အထင္နဲ႔ ဝိုင္ထဲကို က်င္ငယ္ေရ ေရာလိုက္တယ္။က်င္ငယ္ေရ ေရာထားလည္း ဝိုင္က ေလ်ာ့ေနတုန္းပဲမို႔ သူေဌးက စိတ္ဆိုးၿပီး အေစခံကို

ေခၚေမးပါေတာ့တယ္။ “ကြၽန္ေတာ္ မခိုးေသာက္ရပါဘူး” အေစခံက ျငင္းပါတယ္။ဆက္ၿပီး “ သူေဌးမင္းကို ဟင္းေကာင္းေတြ ခ်က္ေကြၽးခ်င္လို႔ ဟင္းေၾကာ္တဲ့အခ်ိန္ဝိုင္နည္းနည္း ထည့္မိတာပါ” လို႔ ေျဖပါတယ္။

( ၃ ) လူတစ္ေယာက္က ဘားတစ္ခုမွာ ဘီယာေသာက္ေနတုန္း အေပါ့ သြားခ်င္လာတာနဲ႔ အိမ္သာ သြားမလို႔ လုပ္ရင္း သူ႔ဘီယာကို တျခားလူ ခိုးေသာက္မွာ စိုးတာနဲ႔“ဘီယာထဲ တံေထြး ေထြးထည့္ထားတယ္” လို႔ စာေရးကပ္ထားလိုက္တယ္။အေပါ့သြားၿပီး ျပန္လာေတာ့ သူ႔စာေဘးမွာ “ငါလည္း ေထြးထည့္လိုက္ၿပီ” လို႔

ေရးထားတဲ့ စာကို ေတြ႕လိုက္တယ္။သူတစ္ပါးကို ေပးတဲ့အရာက ကိုယ့္အတြက္ ျဖစ္သြားတတ္တယ္။ မွန္ၾကည့္ ေနတဲ့လူတစ္ေယာက္လိုေပါ့။ ကိုယ္ၿပဳံးရင္ မွန္ထဲက လူလည္း လိုက္ၿပဳံးတယ္။ ကိုယ္မဲ့ရင္လိုက္မဲ့တယ္။ ဒါေၾကာင့္ ကဗ်ာဆရာ W.H.Auden က “မေကာင္းတာ လုပ္တဲ့လူဟာ

မေကာင္းတာကိုပဲ ျပန္ရမယ္” တဲ့။ လူတစ္ပါးကို ေခ်ာက္တြန္းရင္ ကိုယ္လည္း တစ္ေန႔ျပန္အတြန္းခံရမွာ မလြဲဘူး။ လူေတြကို ေပ်ာ္႐ႊင္တာေတြ ေပးရင္ ကိုယ္လည္းေပ်ာ္႐ႊင္တာျပန္ရမယ္။

လူေတြကို ခ်ီးက်ဴးရင္ ကိုယ္လည္း တစ္ေန႔ ျပန္အခ်ီးက်ဴးခံ ရမယ္။(ဤေနရာတြင္ ေျမႇာက္ ဖား ပင့္ ေကာ္လို႔ မထင္ေစခ်င္) “သူ႔ကို ေပးတာဟာေနာက္ေတာ့ ကိုယ့္အတြက္ပဲ ျဖစ္သြားတတ္တယ္”

( ၄ ) လယ္သမားတစ္ဦး စိုက္ထားတဲ့ ေျပာင္းဖူးက အသီးႏွံၿပိဳင္ပြဲမွာ ႏွစ္တိုင္း ဆုရတယ္။ ရတဲ့ဆုကို တစ္ျခားလယ္သမားေတြကို သူအၿမဲမွ်ေဝခဲ့တယ္။ ဘာေၾကာင့္လဲလို႔လူေတြက ေမးေတာ့ “ဝတ္မႈန္ေတြက ေလေၾကာင့္ အရပ္ေလးမ်က္ႏွာျပန႔္ေနတယ္။တကယ္လို႔ ကြၽန္ေတာ့္ၿခံေဘးက လယ္သမားေတြဟာ မ်ိဳးမေကာင္းတဲ့ ေျပာင္းဖူးကို

စိုက္ခဲ့ရင္ ကြၽန္ေတာ့္စိုက္ထားတဲ့ ေျပာင္းဖူးကိုလည္း ထိခိုက္ႏိုင္တယ္။ မ်ိဳးေကာင္းမ်ိဳးသန႔္ေတြကို သူတို႔စိုက္ခဲ့လို႔ ကြၽန္ေတာ္ဝမ္းသာပါတယ္။ ဆုေတြက ကြၽန္ေတာ့္ အတြက္ျဖစ္သလို သူတို႔အတြက္လည္းျဖစ္ပါတယ္” လို႔ ျပန္ေျဖခဲ့တယ္။ လူေတြရဲ႕ ေမတၱာကိုလိုခ်င္ရင္ လူေတြကို ေမတၱာအရင္ထားတတ္ရမယ္။ဂ႐ုစိုက္တာခံခ်င္ရင္ လူေတြကို အရင္ဂ႐ုစိုက္တတ္ရမယ္။အရာအားလုံးဟာ ေရာင္ျပန္ဟပ္စၿမဲပဲေလ..

Credit

Unicode

အရမ်းဖတ်ကောင်းတဲ့ ပညာပေး စာလေးပါ….

” ရောင်ပြန် ”

( ၁ ) တစ်နေ့မှာ လူတစ်ယောက်ဟာ chattingမှာ ခင်တဲ့ ကောင်မလေးနဲ့ချိန်းခဲ့တယ်။အဲဒီကောင်မလေးကို သူ မမြင်ဖူးသေးတော့ အရုပ်ဆိုးဆိုးကောင်မလေး ဖြစ်မှာ စိုးတာနဲ့သူ့ သူငယ်ချင်း တစ်ယောက်ကို ကောင်မလေးနဲ့ တွေ့ပြီး ၁၀မိနစ် အကြာမှာသူ့ဟမ်းဖုန်းကို ဆက်ဖို့ မှာခဲ့တယ်။ ဒါမှ သူ လစ်ထွက်လို့ အဆင်ပြေမယ်လေ။

ဒီလိုနဲ့ ချိန်းထားတဲ့ နေရာ ရောက်တော့ ကောင်မလေး ချောချော ဖြစ်နေတာကိုတွေ့လိုက်တယ်။ ဒါနဲ့ ဖုန်းမမြည်ပါစေနဲ့လို့ သူကျိတ်ပြီး ဆုတောင်းလိုက်တယ်။ဒါပေမယ့် အဲဒီအချိန်မှာ မမျှော်လင့်ဘဲ ကောင်မလေးရဲ့ဖုန်းက မြည်လာတယ်။၂မိနစ်လောက် စကားပြောပြီး ကောင်မလေးက သူ့ဖက်လှည့်ပြီး “ ဆောရီးနော်…အရေးကြီးတဲ့ ကိစ္စ ရှိလို့ ကျွန်မကို သွားခွင့်ပြုပါဦး” တဲ့။

( ၂ ) ဝိုင်အရမ်းကြိုက်တဲ့ သူဌေးတစ်ယောက်က ညအိပ်ယာ ဝင်တိုင်း ဝိုင်တစ်ခွက်သောက်လေ့ရှိတယ်။ အခုတစ်လော သူသောက်နေကျဝိုင်က လျော့လျော့လာလို့အိမ်က အစေခံ ခိုးသောက်တယ် အထင်နဲ့ ဝိုင်ထဲကို ကျင်ငယ်ရေ ရောလိုက်တယ်။ကျင်ငယ်ရေ ရောထားလည်း ဝိုင်က လျော့နေတုန်းပဲမို့ သူဌေးက စိတ်ဆိုးပြီး အစေခံကို

ခေါ်မေးပါတော့တယ်။ “ကျွန်တော် မခိုးသောက်ရပါဘူး” အစေခံက ငြင်းပါတယ်။ဆက်ပြီး “ သူဌေးမင်းကို ဟင်းကောင်းတွေ ချက်ကျွေးချင်လို့ ဟင်းကြော်တဲ့အချိန်ဝိုင်နည်းနည်း ထည့်မိတာပါ” လို့ ဖြေပါတယ်။

( ၃ ) လူတစ်ယောက်က ဘားတစ်ခုမှာ ဘီယာသောက်နေတုန်း အပေါ့ သွားချင်လာတာနဲ့ အိမ်သာ သွားမလို့ လုပ်ရင်း သူ့ဘီယာကို တခြားလူ ခိုးသောက်မှာ စိုးတာနဲ့“ဘီယာထဲ တံထွေး ထွေးထည့်ထားတယ်” လို့ စာရေးကပ်ထားလိုက်တယ်။အပေါ့သွားပြီး ပြန်လာတော့ သူ့စာဘေးမှာ “ငါလည်း ထွေးထည့်လိုက်ပြီ” လို့

ရေးထားတဲ့ စာကို တွေ့လိုက်တယ်။သူတစ်ပါးကို ပေးတဲ့အရာက ကိုယ့်အတွက် ဖြစ်သွားတတ်တယ်။ မှန်ကြည့် နေတဲ့လူတစ်ယောက်လိုပေါ့။ ကိုယ်ပြုံးရင် မှန်ထဲက လူလည်း လိုက်ပြုံးတယ်။ ကိုယ်မဲ့ရင်လိုက်မဲ့တယ်။ ဒါကြောင့် ကဗျာဆရာ W.H.Auden က “မကောင်းတာ လုပ်တဲ့လူဟာ

မကောင်းတာကိုပဲ ပြန်ရမယ်” တဲ့။ လူတစ်ပါးကို ချောက်တွန်းရင် ကိုယ်လည်း တစ်နေ့ပြန်အတွန်းခံရမှာ မလွဲဘူး။ လူတွေကို ပျော်ရွှင်တာတွေ ပေးရင် ကိုယ်လည်းပျော်ရွှင်တာပြန်ရမယ်။

လူတွေကို ချီးကျူးရင် ကိုယ်လည်း တစ်နေ့ ပြန်အချီးကျူးခံ ရမယ်။(ဤနေရာတွင် မြှောက် ဖား ပင့် ကော်လို့ မထင်စေချင်) “သူ့ကို ပေးတာဟာနောက်တော့ ကိုယ့်အတွက်ပဲ ဖြစ်သွားတတ်တယ်”

( ၄ ) လယ်သမားတစ်ဦး စိုက်ထားတဲ့ ပြောင်းဖူးက အသီးနှံပြိုင်ပွဲမှာ နှစ်တိုင်း ဆုရတယ်။ ရတဲ့ဆုကို တစ်ခြားလယ်သမားတွေကို သူအမြဲမျှဝေခဲ့တယ်။ ဘာကြောင့်လဲလို့လူတွေက မေးတော့ “ဝတ်မှုန်တွေက လေကြောင့် အရပ်လေးမျက်နှာပြန့်နေတယ်။တကယ်လို့ ကျွန်တော့်ခြံဘေးက လယ်သမားတွေဟာ မျိုးမကောင်းတဲ့ ပြောင်းဖူးကို

စိုက်ခဲ့ရင် ကျွန်တော့်စိုက်ထားတဲ့ ပြောင်းဖူးကိုလည်း ထိခိုက်နိုင်တယ်။ မျိုးကောင်းမျိုးသန့်တွေကို သူတို့စိုက်ခဲ့လို့ ကျွန်တော်ဝမ်းသာပါတယ်။ ဆုတွေက ကျွန်တော့် အတွက်ဖြစ်သလို သူတို့အတွက်လည်းဖြစ်ပါတယ်” လို့ ပြန်ဖြေခဲ့တယ်။ လူတွေရဲ့ မေတ္တာကိုလိုချင်ရင် လူတွေကို မေတ္တာအရင်ထားတတ်ရမယ်။ဂရုစိုက်တာခံချင်ရင် လူတွေကို အရင်ဂရုစိုက်တတ်ရမယ်။အရာအားလုံးဟာ ရောင်ပြန်ဟပ်စမြဲပဲလေ..