ဗဟုသုတ

ကင်းမရွာအတွက် သူမရရှိထားတဲ့အလှမယ်သရဖူကိုမဲဖောက်ရောင်းချပြီးလှုူလိုက်တဲ့ အလှမယ်ယမုံ

မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ကင်းမရွာအတွက် လှူဒါန်းဖို့ Miss World Myanmar 2018 2nd runner up အလှမယ် ယမုံဟာ သူ့ရဲ့ အလှမယ်သရဖူကို မဲဖောက်ရောင်းချမယ်လို့ အွန်လိုင်းကနေတဆင့် ကြေညာခဲ့ပါတယ်။

မြန်မာကျပ်ငွေ သိန်း ၃၀ လောက်တန်တဲ့ အဲဒီ့အလှမယ်သရဖူကို ရောင်းချဖို့အတွက် မဲတစ်မဲကို ငွေတစ်သောင်းနှုန်းနဲ့ မဲပေါင်း (၃၀၀)ကို ရောင်းချတာ ဖြစ်ပါတယ်။ အလှမယ် ယမုံဟာ သူ့ရဲ့ ဖေ့စ်ဘုတ်ကနေ ကြေညာလိုက်ပြီး၁၂နာရီအတွင်း မဲပေါင်း ၂၀၀ ကျော် ရောင်းချနေရကြောင်း တွေ့မြင်ရပါတယ်။ အရင်ကတည်းက ပရဟိတတွေတက်တက်ကြွကြွ လုပ်တတ်လေ့ရှိတဲ့ ယမုံဟာ ဒီသရဖူကို အရင်ကရောင်းချချင်ခဲ့ပေမယ့် အားလုံးကြပ်တည်းနေချိန် အဆင်မပြေခဲ့လို ဒီတစ်ခေါက်တော့လိုအပ်တဲ့နေရာတွေလှုချင်လို့ crown ကို မဲစနစ်နဲ့ရောင်းတာလို့ ဆိုပါတယ်။မဲအားလုံး ရောင်းချပြီးချိန်မှာ သရဖူအတွက် အွန်လိုင်းကနေလိုက်ဖ်လွှင့်ပြီး မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကင်းမရွာကို ဇွန်လ ၁၅ရက်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၂၄၀ လောက်မှာ အိမ် ၃၀ လောက်ပဲ မီးမလောင်ဘဲ ကျန်ရစ်တဲ့အပြင် သက်ကြီးရွယ်အိုတချို့လည်း မီးလောင်သေဆုံးခဲ့ရပါတယ်။