တစ်ဦးတည်းသောသားလေးကို ဆုံးရှုံးလိုက်ရတဲ့နေ့ကစပြီး အထီးကျန်ပူဆွေးကာ နေ့ညမပြတ် သတိရနေတဲ့ မိခင်တစ်ယောက်ရဲ့အလွမ်း
ကျဆုံးသွားတဲ့ သူရဲကောင်း အယောက် (၈၀၀) ကျော်ထဲမှာ အသက်မပြည့်သေးတဲ့ကလေးငယ်တွေလည်းပါဝင်သလို ဆယ်ကျော်သက်လူငယ်တွေအပြင် အရွယ်စုံမရွေးပါဝင်နေတာဖြစ်ပါတယ်။
မိသားစုတွေအနေနဲ့ကတော့ မိမိတို့ရဲ့ သွေးသားရင်းခြာတွေကို ဆုံးရှုံးလိုက်ရတာ တစ်လပြီး တစ်လကုန်လွန်လာခဲ့ပေမယ့် အခုချိန်ထိ ဝမ်းနည်းပူဆွေးနေကြဆဲပဲဖြစ်ပါတယ်။မနေ့က ဇွန်လ (၁၄) ရက်နေ့ကတော့ အသက်ပေးသွားရတဲ့ သူရဲကောင်းတချို့ရဲ့ (၃) လပြည့်နေ့လေးပဲဖြစ်ပါတယ်။
ကြည့်မြင်တိုင်က (၁၉)နှစ်အရွယ် လူငယ်လေး မောင်မင်းဝေယံမောက် ဆိုရင်လည်း လူထုလှုပ်ရှားမှုမှာပါဝင်ရင်းကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့တာ ဇွန်လ (၁၄) ရက်နေ့မှာ (၃) လပြည့်သွားခဲ့ပြီဖြစ်ပါတယ်။သူ့ရဲ့မိခင်ကတော့ တစ်ဦးတည်းသောသားလေးအတွက် ကုသိုလ်ကောင်းမှူတွေကို လုပ်ဆောင်ပေးပြီး နေ့ညမပြတ် သတိရနေတာဖြစ်ပါတယ်။
သားလေးဆုံးသွားတဲ့ (၃) လပြည့်မှာတော့ မိခင်ဖြစ်သူက သူမရဲ့ရင်ထဲကအလွမ်းတွေကို စာလေးရေးဖွဲ့ပြီးဖွင့်ဟလာတာဖြစ်ပါတယ်။အရမ်းချစ်ရတဲ့သားလေးကို အပြီးတိုင်ဆုံးရှုံးလိုက်ရပေမယ့် မိခင်အနေနဲ့ တစ်နေ့မှ ေမေမရခဲ့တာဖြစ်ပါတယ်။
သူမတို့သားအမိနှစ်ယောက် အချိန်အတိုင်းအတာတစ်ခုထိ အတူနေခွင့်ရခဲ့ပြီး သားလေးရဲ့မေမေဖြစ်ခွင့်ရခဲ့တဲ့အတွက်အမြဲကျေနပ်ဂုဏ်ယူနေတာဖြစ်ပါတယ်။
ကြည့်မြင်တိုင် လူထုလှုပ်ရှားမှုမှာ ပထမဆုံး အသက်ပေးသွားခဲ့ရတဲ့မောင်မင်းဝေယံမောက်ရဲ့ ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ပြည်သူတွေကလည်း သတိရနေကြဆဲဖြစ်ပါတယ်။ရင်နှစ်သည်းခြာသားလေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ရဲ့ခံစားချက်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Crd…