News

“ဝန်ကြီးဋ္ဌာနများ ငှက်ပျောပင်စိုက်ပျိုးလိုပါက ရောင်းချပေးမည်´ ဟု စစ်ကောင်စီ ဥက္ကဋ္ဌပြော”

ဝန်ကြီးဋ္ဌာနများအနေဖြင့် ဖီးကြမ်းနှင့်သီးမွှေးငှက်ပျောပင်များ စိုက်ပျိုးလိုပါက သင့်လျော်သည့် စျေးနှုန်းဖြင့်ရောင်းချပေးမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ က ပြောကြားသည်။

နေပြည်တော်မှာ ယနေ့ပြုလုပ်သည့် နစကအစည်းအဝေး (၉/၂၀၂၁)တွင် အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

စားသောက်ကုန်နှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် တစ်သျှူးနည်းဖြင့် ဖီးကြမ်းနှင့် သီးမွှေးငှက်ပျောများထုတ်လုပ်လျက်ရှိကြောင်း၊ ငှက်ပျောသီး သည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်ပြီး အာဟာရပြည့်ဝစွာရရှိကြောင်း၊ သို့ဖြစ်၍ ဝန်ကြီးဌာနများအနေဖြင့် တိုင်းဒေသကြီး၊

ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများတွင်စိုက်ပျိုးလိုပါက ပျိုးပင်များကို သင့်လျော်သည့်နှုန်းထားဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းသို့ဆောင်ရွက်ပါက တိုင်းပြည်အတွက် အကျိုးများစွာရရှိမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်ပြည်သူလူထု၏ စားရေ ရိက္ခာ ဖူလုံရေးနှင့် ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းဆိုသည်။

ယနေ့အစည်းအဝေးအပြီးတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဋ္ဌာနအသစ်ကိုလည်း ဖွဲ့စည်းခဲ့ကြောင်းကြေညာခဲ့သည်။

နေပြည်တော်မှာ ယနေ့ပြုလုပ်သည့်အစည်းအဝေးကို နစကအဖွဲ့ဝင် စစ်ခေါင်းဆောင်များနှင့် စစ်ခေါင်းဆောင်များခန့်အပ်သည့် ဝန်ကြီးများတက်ရောက်ကြသည်။

#TheUnionLightNews

#ငှက်ပျောသီးစိုက် #သင့်လျော်စျေးနှင့်ရောင်းပေးမည်