ပွဲနဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ ဒီဘရိုင်းရဲ့ စွမ်းဆောင်ရည်ကိုပဲ ပြောရတော့မှာပါ။ ကမ္ဘာ့အဆင့်ကစားသမား၊ ပွဲအဖြေကို ရုတ်ချည်းပြောင်းလဲပေးနိုင်သူ၊ သူ့ရဲ့ခြေတချက်အလှုပ်က အသင်းအတွက် တော်တော်လေးအကျိုးရှိတယ်ဆိုတာက ဒီဘရိုင်းလို ကစားသမားဖြစ်ပြီး အသင်းအရေးနိမ့်ချိန်မှာ သူ ဝင်ရောက်လာခဲ့ပြီး အနိုင်ဂိုးနှစ်ဂိုးလုံးကို သွင်းပြသွားတာကြည့်ပြီး လက်ခံရမှာတော့ သေချာပါတယ်။
နောက်တဆင့်တက်နိုင်ဖို့အတွက် ဒီပွဲကိုမဖြစ်မနေ ရလဒ်ကောင်းဖို့ လိုအပ်နေတဲ့ ဒိန်းမတ်တို့ ဖိဖိစိးစီးကစားခဲ့ပြီး ပွဲအစ ၂ မိနစ်မှာပဲ ပေါလ်ဆင်ရဲ့ သွငး်ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဒီဘရိုင်းလူစားလဲဝင်လာခဲ့ပြီး မိနစ် ၇၀ အထိ ဘယ်လ်ဂျီယံတို့ အနိုင်မရသေးပေမယ့် ကစားကွက်အသာစီးရရှိထားသလို ပြိုင်ဘက်ကို ဖိအားပေးနေခဲ့ပြီး ဒီနောက်မှာတော့ ဒီဘရိုင်းက အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။
သော်ဂန်ဟာဇက်ရဲ့ ချေပဂိုးအတွက် ဒီဘရိုင်းကပဲ ဖန်တီးပေးခဲ့ပြီး အနိုင်ဂိုးကိုလည်း သူကပဲသွင်းယူပေးခဲ့တာပါ။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရူဒီဂါကြောင့် ဒဏ်ရာရခဲ့တဲ့ ဒီဘရိုင်းက အဖွင့်ပွဲကို လွဲချော်ခဲ့ရပြီး ဒီပွဲကိုလည်း လူစားဝင်ပဲကစားခဲ့ရတာပါ။
ဒါပေမယ့် သူ ဝင်ရောက်လာချိန်မှာတေ့ာ ပွဲရလဒ်က ပြောင်းပြန်ဖြစ်သွားခဲ့ပြီး အသင်းကို ကယ်တင်ပေးခဲ့ကာ သူ့ရဲ့ခြေစွမ်းအပေါ် အားလုံးက ၀ိုင်းဝန်းချီးကျူးနေခဲ့ကြပါတယ်။ ဒီနိုင်ပွဲကြောင့်လည်း ဘယ်လ်ဂျီယံတို့ နောက်တဆင့်တက်သွားခဲ့ပြီး ဒိန်းမတ်ကတော့ အုပ်စုအဆင့်ကနေပဲ ပြန်လှည့်ရဖို့ နီးစပ်သွားခဲ့ပြီဖြစ်ပါတယ်။
Zawgyi
ဘယ္လ္ဂ်ီယံနဲ႔ ဒိန္းမတ္တို႔ရဲ့ ပြဲစဥ္ကေတာ့ ေတာ္ေတာ္ေလးကိုထူးျခားေလးနက္ခဲ့ပါတယ္။ ပြဲမတိုင္ခင္မွာ အဲရစ္ဆန္အတြက္ သူ႔ရဲ့ေက်ာနံပါတ္ပါ ဂ်ာစီအႀကီးႀကီးကို ျပဳလုပ္ၿပီး ကြင္းအတြင္းသယ္ေဆာင္ကာ ဂုဏ္ျပဳခဲ့ၾကသလို ပြဲကစားခ်ိန္ ၁၀ မိနစ္မွာလည္း ပြဲကို ေခတၱရပ္တန႔္ၿပီးေတာ့ လက္ခုပ္တီးအားေပးကာ အဲရစ္ဆန္အတြက္ အေကာင္းဆုံးျပဳလုပ္ေပးခဲ့ၾကတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။
ပြဲနဲ႔ပတ္သက္ၿပီးေျပာမယ္ဆိုရင္ေတာ့ ဒီဘရိုင္းရဲ့ စြမ္းေဆာင္ရည္ကိုပဲ ေျပာရေတာ့မွာပါ။ ကမၻာ့အဆင့္ကစားသမား၊ ပြဲအေျဖကို ႐ုတ္ခ်ည္းေျပာင္းလဲေပးနိုင္သူ၊ သူ႔ရဲ့ေျခတခ်က္အလႈပ္က အသင္းအတြက္ ေတာ္ေတာ္ေလးအက်ိဳးရွိတယ္ဆိုတာက ဒီဘရိုင္းလို ကစားသမားျဖစ္ၿပီး အသင္းအေရးနိမ့္ခ်ိန္မွာ သူ ဝင္ေရာက္လာခဲ့ၿပီး အနိုင္ဂိုးႏွစ္ဂိုးလုံးကို သြင္းျပသြားတာၾကည့္ၿပီး လက္ခံရမွာေတာ့ ေသခ်ာပါတယ္။
ေနာက္တဆင့္တက္နိုင္ဖို႔အတြက္ ဒီပြဲကိုမျဖစ္မေန ရလဒ္ေကာင္းဖို႔ လိုအပ္ေနတဲ့ ဒိန္းမတ္တို႔ ဖိဖိစိးစီးကစားခဲ့ၿပီး ပြဲအစ ၂ မိနစ္မွာပဲ ေပါလ္ဆင္ရဲ့ သြငး္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ပါတယ္။ ဒုတိယပိုင္းမွာ ဒီဘရိုင္းလူစားလဲဝင္လာခဲ့ၿပီး မိနစ္ ၇၀ အထိ ဘယ္လ္ဂ်ီယံတို႔ အနိုင္မရေသးေပမယ့္ ကစားကြက္အသာစီးရရွိထားသလို ၿပိဳင္ဘက္ကို ဖိအားေပးေနခဲ့ၿပီး ဒီေနာက္မွာေတာ့ ဒီဘရိုင္းက အဖိုးတန္အနိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။
ေသာ္ဂန္ဟာဇက္ရဲ့ ေခ်ပဂိုးအတြက္ ဒီဘရိုင္းကပဲ ဖန္တီးေပးခဲ့ၿပီး အနိုင္ဂိုးကိုလည္း သူကပဲသြင္းယူေပးခဲ့တာပါ။ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ႐ူဒီဂါေၾကာင့္ ဒဏ္ရာရခဲ့တဲ့ ဒီဘရိုင္းက အဖြင့္ပြဲကို လြဲေခ်ာ္ခဲ့ရၿပီး ဒီပြဲကိုလည္း လူစားဝင္ပဲကစားခဲ့ရတာပါ။ ဒါေပမယ့္ သူ ဝင္ေရာက္လာခ်ိန္မွာေတ့ာ ပြဲရလဒ္က ေျပာင္းျပန္ျဖစ္သြားခဲ့ၿပီး အသင္းကို ကယ္တင္ေပးခဲ့ကာ သူ႔ရဲ့ေျခစြမ္းအေပၚ အားလုံးက ၀ိုင္းဝန္းခ်ီးက်ဴးေနခဲ့ၾကပါတယ္။ ဒီနိုင္ပြဲေၾကာင့္လည္း ဘယ္လ္ဂ်ီယံတို႔ ေနာက္တဆင့္တက္သြားခဲ့ၿပီး ဒိန္းမတ္ကေတာ့ အုပ္စုအဆင့္ကေနပဲ ျပန္လွည့္ရဖို႔ နီးစပ္သြားခဲ့ၿပီျဖစ္ပါတယ္။