သြစတြေးလျနို်င်ငံ၊ Perth မြို့က ရုပ်ချင်းခွဲမရအောင်တူညီတဲ့ အမြွှာညီအစ်မနှစ်ဦးဟာ ၁၀ နှစ်ကျော် တွဲခုတ်ခဲ့တဲ့ သူတို့ရဲ့ ချစ်သူအမျိုးသားနဲ့ စေ့စပ်ပြီးနောက် တချိန်တည်းမှာပဲ ကိုယ်ဝန်ဆောင်ဖို့ စီစဉ်ထားကြောင်း ပြောဆိုလိုက်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Anna နဲ့ Lucy တို့ အမြွာညီအစ်မဟာ အသက် ၄ဝအရွယ် Ben Byrne ဆိုတဲ့ အမျိုးသားတစ်ဦးတည်းနဲ့ ချစ်သူတွေအဖြစ် ရှိနေခဲ့ကြတာဖြစ်ပါတယ်။
အတူတူစား၊ အတူတူအိပ်စက်ပြီး အတူတူရေချိုးကြတဲ့ အမြွာညီအစ်မနှစ်ဦးရဲ့ ဇာတ်လမ်းက အားလုံးအတွက်တော့ စိတ်ဝင်စားစရာဖြစ်ခဲ့ပါတယ်။ Ann က သူမအနေနဲ့ In vitro fertilisation လို့ခေါ်တဲ့ IVF နည်းလမ်းနဲ့ ကိုယ်ဝန်ဆောင်ဖို့ကို ကြံစည်ထားတာဖြစ်ပါတယ်။ IVF ကတောာ ့မျိုးဥတစ်ခုဖြစ်ပြီးကိုယ်ခန္ဓာပြင်ပမှာရှိတဲ့ သုက်ပိုးနဲ့ပေါင်းစပ်ကာ ကိုယ်ဝန်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။
သူတို့ညီအစ်မနှစ်ဦးဟာ သဘာဝအတိုင်းမွေးဖွားဖို့အတွက် ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းက “အမေကတော့ ကျွန်မတို့ကို သဘာဝအတိုင်းမွေးဖွားဖို့ကိုပဲ ပြောပါတယ်၊ အဲဒါကအလုပ်ဖြစ်မလားတော့မသိဘူး၊ စိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါတယ်” လို့ Today Show ကို Anna က ပြောဆိုခဲ့ဖူးတာပါ။ စေ့စပ်ဖို့အတွက် Ben က လက်စွပ်နဲ့တူညီတဲ့ လက်စွပ်တွေကို ပြုလုပ်ကာ Reality TV စီးရီးတစ်ခုဖြစ်တဲ့ TLC က ထုတ်လွှင့်နေတဲ့ Extreme Sisters ရဲ့ နောက်ဆုံးအပိုင်းမှာတောင်းဆိုခဲ့တာဖြစ်ပြီး သူတို့ ၃ ဦးရဲ့ ထူးခြားတဲ့ဆက်ဆံရေးသင်္ကေတဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၂ မှာ Ben နဲ့ စတင်တွေ့ရှိခဲ့ကြတာဖြစ်ပေမယ့် ၁၉၆၁ ခုနှစ် သြစတြေးလျလက်ထပ်ထိမ်းမြားမှုဥပဒေအရ မိန်းမအများအပြားယူမှုကို တားမြစ်ထားတာကြောင့် သူတို့ဟာ အခြားတိုင်းပြည်တစ်ခုမှာသာ လက်ထပ်ပွဲဆင်နွှဲရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ ၃ ဦးစလုံးက မိခင်နဲ့အတူ နေထိုင်နေကြပြီး အိပ်ယာတစ်ခုတည်းမှာပဲ အိပ်စက်ကြကာ Ben က အလယ်မှာနေပြီး လက်ထပ်ဖို့ခွင့်ပြုနိုင်မယ့် မလေးရှား၊ အင်ဒိုနီးရှား ဒါမှမဟုတ် အမေရိကန်ကို သွားရောက်ဖို့ စဉ်းစားနေကြပါတယ်။
ဒီအမြွာညီအစ်မနှစ်ဦးဟာ စိတ်ချင်းဆက်သွယ်မှုတွေပါ ရှိနေပြီး အိမ်သာကိုတောင် အတူတကွသွားကြသလို အစားအသောက်ကိုလည်း တူညီတဲ့ပမာဏသာ စားသုံးကြတယ်လို့ Daily Mail က ဆိုပါတယ်။ “သူ အိမ်သာသွားတဲ့အချိန်ဆို ကျွန်မလည်း သူနဲ့အတူသွားပါတယ်၊ သူမရေချိုးချိန်ဆိုလည်း ကျွန်မပါတယ်” လို့ Anna က New York Post ကို ပြောခဲ့ပါတယ်။ ဒီအတွက်ကြောင့်ပဲ အမျိုးသားတစ်ဦးတည်းကို ညီအစ်မနှစ်ဦးစလုံး ချစ်ကြိုက်ခဲ့တာဖြစ်မယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေခဲ့ပါတယ်။
#therivernews