ဗဟုသုတ

ပြည်သူ့အောင်ပွဲကိုယူဆောင်လာပေးမယ့် မြို့ပြပြောက်ကျားအဖွဲ့တွေနဲ့ အရာရှိငယ်လေးတွေရဲ့ သင်တန်းဆင်းအမှတ်တရပုံရိပ်တွေ

အာဏာရှင်စနစ်ကိုအဆုံးထိတော်လှန်ပေမယ့် ပြည်သူ့ရဲဘော်လေးတွေဟာ တစ်စထက်တစ်စ ပိုမိုများပြားလာခဲ့ပြီး ဒီနေ့မှာလည်း NDF (National Defense Force) အရာရှိငယ်သင်တန်း အမှတ်စဉ် (၁) နဲ့ မြို့ပြပြောက်ကျား သင်တန်းအမှတ်စဉ် (၇) တို့ရဲ့ သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ကြပါတယ်။

မတရားမှုတွေများလာတဲ့အခါမှာ ပြည်သူတွေဟာကြောက်ရွံ့မနေတော့ဘဲ ရရာလက်နှက်ဆွဲကိုင်ပြီး တိုက်ပွဲဝင်ဖို့အဆင်သင့်ဖြစ်နေကြပါပြီ။ ပြည်သူတွေကို ကာကွယ်ပေးမယ့် ပြည်သူ့ရဲဘော်တွေဟာလည်း သင်တန်းတွေဆင်းပြီးနောက်မှာ ခက်ခဲကြမ်းတမ်းတဲ့ တိုက်ပွဲတွေကို ရင်ဆိုင်နေခဲ့ရပါတယ်။

အာဏာသိမ်းခဲ့တဲ့ (၄) လ ကျော်ကာလအတွင်းမှာ တိုင်းပြည်ဟာအရင်ကထက် ပိုပြီးဆင်းရဲနွမ်းပါးမှုတွေ တိုးပွားလာခဲ့ပါတယ်။ အရာအားလုံးဆုတ်ယုတ်လာတာနဲ့အမျှ ပြည်သူတွေရဲ့စားဝတ်နေရေးနဲ့ အလုပ်အကိုင်တွေဟာလည်း ပိုပြီးခက်ခဲလာခဲ့ပါတယ်။

တစ်ယောက်ကိုတစ်ယောက်အပြန်အလှန် ကူညီနေပေမယ့် ဒီလိုသာရေရှည်ဆို တောင်မင်းကိုမြောက်မင်းမကယ်နိုင် မြောက်မင်းကို တောင်မင်းမကယ်နိုင်ဆိုသလိုဖြစ်တော့မှာပါ။ ဒီလိုဆိုးဝါးတဲ့အာဏာရှင်စနစ်ကြီးကို အမြစ်ပြတ်တော်လှန်နိုင်မှသာ ပြည်သူအားလုံးရဲ့ဘဝတွေ အေးချမ်းရမှာပါ။

ပြည်ပရောက်မြန်မာတွေဟာလည်း မြန်မာပြည်အတွက်ရတဲ့နည်းနဲ့လှူဒါန်းပေးကြသလို မြန်မာ့အရေးအတွက်လည်း ဆန္ဒထုတ်ဖော်တာတွေပြုလုပ်ပြီး အင်တိုက်အားတိုက် ကြိုးစားနေခဲ့ကြပါ တယ်။

ပြည်တွင်းမှာလည်း ပြည်သူ့ရဲဘော်တွေရှိသလို ပြည်ပမှာလည်း နိုင်ငံတကာနဲ့ချိတ်ဆက်ထားတဲ့ ပြည်သူ့အစိုးရလည်းရှိနေခဲ့ပါတယ်။ ပြည်သူတွေဟာ အာဏာရှင်လက်အောင်ကလွတ်မြောက်ပြီး ပြည်သူ့အောင်ပွဲဆင်နွှဲနိုင်မယ့်နေ့ရက်တွေကို မျှော်လင့်တကြီးနဲ့စောင့်စားနေသလို ပြည်သူတွေရဲ့ မျှော်လင့်ချက်ကိုလည်း ပြည်သူ့ရဲဘော်တွေက အစွမ်းကုန်ကြိုးစားပေးနေကြပါတယ်။