မန်မာနွေဦးတော်လှန်ရေးကြီးဟာ မအောင်နိုင်စရာအကြောင်း မရှိဘူးဆိုတာကို သေချာချက်ကျလက်ကျ ရှင်းပြလာတဲ့ စစ်ပညာသင်ယူနေသူ လူငယ်တစ်ဦး
ဒီအရေးတော်ပုံ မအောင်နိုင်စရာအကြောင်း မရှိဘူးဆိုတာကို သေချာချက်ကျလက်ကျ ရှင်းပြလာတဲ့ စစ်ပညာသင်ယူနေသူ လူငယ်တစ်ဦး အခုဆိုရင် တစ်ချို့ဒေသတွေမှာ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်ပွားနေသလို တစ်ချို့နေရာတွေမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပေါ်နေတာ ဖြစ်ပါတယ် ။ အသက်အန္တရာယ်အတွက် စိုးရိမ်နေကြတဲ့ ပြည်သူတွေကို PDF လူငယ်တွေကလည်း
အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်မှုပေးနေတာ ဖြစ်ပါတယ် ။ တိုင်းပြည်နဲ့လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့ လူငယ်တွေထဲက တစ်ယောက်ဖြစ်တဲ့ ကို Alfie ကတော့ တောထဲမှာ စစ်ပညာသင်ယူနေသူတစ်ဦး ဖြစ်ပါတယ် ။Alfie က သူမြတ်နိုးတဲ့ Hairstylist ဘဝကနေ လက်နက်ကိုင်ရတဲ့ သင်တန်းသားဘဝကို ပြောင်းလဲယူခဲ့တာ ဖြစ်ပါတယ် ။ တောထဲတောင်ထဲမှာ အခက်အခဲတွေကို ကြံ့ကြံ့ခံပြီး စစ်ပညာသင်ယူနေတဲ့ Alfie က လူမှုကွန်ယက်စာမျက်နှာထက်မှာ နာမည်ကြီးရေပန်းစားနေသူ တစ်ယောက်လည်း ဖြစ်ပါတယ် ။