ဗဟုသုတ


ရန်ကုန်အထိ အဝေးကြီးကနေ ခက်ခဲစွာလာတဲ့ မသန်စွမ်းသူလေးကို ခြေတုလေး လှူပေးခဲ့တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ပရဟိတ လုပ်ငန်းတွေကို အင်တိုက်အားတိုက် ပြုလုပ်နေတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်လေးစားမှုများကို ရရှိထားသူ ပဲဖြစ်ပါတယ်။

လတ်တလော အခြေအနေတွေ မှာဆိုရင်လည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေဆီ သွားရောက်ကာ အစားအသောက်နဲ့ အလှူငွေတွေကို တတ်အားသရွေ့ ကူညီလှူဒါန်းပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ခိုင်နှင်းဝေက ရင်သွေးလေးများဂေဟာကို ဖွင့်လှစ်ထားကာ လူမမယ်ကလေးငယ်တွေကို မေတ္တာ ဂရုဏာအပြည့်နဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးနေတာ ပဲဖြစ်ပါတယ်။

ဒီလို ခက်ခဲတဲ့ ကာလတွေမှာတောင် အကြောင်းမျိုးစုံနဲ့ စွန့်ပစ်ခံရတဲ့ ကလေးငယ်လေးတွေကို ခေါ်ယူမွေးစားကာ ကင်တင်စောင့်ရှောက်ပေးနေတာကို လေးစားစွာတွေ့မြင်ရပါတယ် ။

ဒီလို မွန်မြတ်တဲ့ အရာတွေကို နေ့စဉ်တိုင်း တစ်ခုမဟုတ်တစ်ခုပြုလုပ်လျက်ရှိတဲ့ ခိုင်နှင်းဝေကတော့ ဒီနေ့မှာလည်း (၁၈) ယောက်မြောက် ခြေတု အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပြန်ပါတယ် ။ အလှူလေးနဲ့ ပတ်သက်ပြီးလည်း ” (၁၈) ယောက်မြောက် ခြေတု အလှုလေးပါရှင်..

ဧရာဝတီတိုင်း မော်ကျွန်းမြို့ဘက်ကပါ..အဝေးကြီးကနေ ရန်ကုန်ထိ တက်လာပြီး ခက်ခက်ခဲခဲ လာလုပ်ရပေမဲ့ အဆင်ပြေပြေ လုပ်လို့ရတဲ့သွား တဲ့ အတွက် ညီမလေး အစား ဝမ်းသာမိပါတယ်..ယခုလို လိုအပ်နေသော ခြေတုလေးအား “ထာဝရ “ကုသိုလ်

အဖြစ် ခုနှစ်ရက် သားသမီးများ ကိုယ်စား လှူဒါန်းဖြစ်ပါတယ်..ဤ ကုသိုလ်အား ထပ်တူ ရရှိကြပါစေရှင်..” ရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးရင်း ဒီထက်မက ကူညီလှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။