သတိပြုရန်များ…
ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။ အဲဒါ စ ကူးရင် ပြတတ်တဲ့ လက္ခဏာပါ။
လုံးဝအပြင်မထွက်ပါနဲ့။
အိမ်ထဲကလူတွေနဲ့ ခွဲနေပြီး mask တပ်ပါ။
ဖျားပြီး ၂ ရက်လောက် ကြာတဲ့အခါ ရုတ်တရက် အနံ့ပျောက်သွားတတ်ပါတယ်။
အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်ပါ။
သတိဝင်ပါ။
စိတ်ကို တည်ငြိမ်အောင် ထားရမယ်ဆိုတာကို။
အနံ့ပျောက်ပြီး ၃ ရက်ခန့်အကြာမှာ O2 ကျပြီး အသက်ရှုရခက်တတ်ပါတယ်။
ဆေးရုံမသွားနိုင်ခဲ့ရင် covid-19 call centre (2019) ကို ဖုန်းဆက်ပါ။
လိုအပ်တာတွေ လမ်းညွှန်ပေးပါတယ်။ (ညနေ 5 နာရီထိ)
စ ဖြစ်ပြီး ၇ ရက်မြောက်နေ့ကနေ ၁၀ ရက်မြောက်နေ့ထိ ဟာ ပြန်လည်သက်သာလာတတ်တဲ့ recovery ရက်တွေဖြစ်ပါတယ်။
အဲဒီရက်တွေမှာ အားပိုရှိအောင် လုပ်ပါ။
အနံ့ပျောက်ခြင်းဟာ ၁၀ ရက်ထက်လည်း ကျော်သွားတတ်သလို အနည်းငယ်မောတာဟာလည်း ဆက်ရှိနေတတ်ပါတယ်။
အားရှိဖို့ကို ဂရုစိုက်ပါ။လည်ချောင်းနာတဲ့ လက္ခဏာဟာ လူတိုင်းမှာ မပြပါဘူး။
ချောင်းခြောက် နေ့တိုင်းဆိုးနိုင်ပါတယ်။ ဝမ်းအရည်သွားတတ်ပါသေးတယ်။
ကိုယ့်ကို စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် မိတ်ဆွေ ၂ ဦး၊ ၃ ဦး နဲ့ စ ဖြစ်ကတည်းက ဆက်သွယ်ပြီးခွန်အားယူပါ။
လူတွေအများကြီးနဲ့ အဆက်အသွယ်မလုပ်ပါနဲ့။ Depression ရနိုင်ပါတယ်။တိုက်တွန်းလိုသည်များ
– ရေနွေးငွေ့ထဲ ကွမ်းရွက်ထည့်ခြေပြီး ရှူပါ။
– ထမင်းငွေ့ရှူပါ။
– အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
– Aircon, ပန်ကာ ပိတ်ထားပါ။
– ပြတင်းများ ဖွင့်ထားပါ။
– ကြက်ပေါင်းရည်/ ငှက်သိုက် သောက်ပါ။
– အသီးအနှံစားပါ။
– အစောပိုင်းဖျားတဲ့ 2 ရက်ခန့်မှာ ထမင်း မစားပါနဲ့။
ဓာတ်ဆားရည်သောက်ပါ။
– ရေဓာတ်အတတ်နိုင်ဆုံး ဖြည့်ပါ။
ရေများများသောက်ပါ။ အောက်ဆီဂျင် တက်ပါတယ်။
– Multivitamin ရေဆူဆေးပြားသောက်ပါ။
– အနံ့မရလို့ထမင်းမစားဘဲ မနေပါနဲ့။
– မနက်၊ နေ့၊ ညနေ ဝင်သလောက် စားပေးပါ။
– ကြက်ဥ တစ်နေ့လေးလုံး၊ နွားနို့ ၂ ခွက် သောက် ပေးပါ။
– အိပ်ရေးဝအောင် အိပ်ပါ။ အိပ်မပျော် ဖြစ်တတ်ပါသည်။
– တရားနားထောင်ပါ။ဖြစ်နိုင်လျင် တရားထိုင်ပါ။
– စိတ်ကို ငြိမ်အောင်ထားပါ။
– အသား၊ ငါး၊ ဥ၊ အသီးအရွက် ရသလောက် စားပေးပါ။
– အသင့်စားအစားအသောက်တွေ အတတ်နိုင်ဆုံး မစားပါနှင့်။
– အချိုရည်တွေ မသောက်ပါနဲ့။
– ပူပူနွေးနွေးစားပါ။
– အလုပ်တွေ တတ်နိုင်သလောက် မလုပ်ပါနဲ့။
– ဦးနှောက်သုံးစဉ်းစားရမယ့်ကိစ္စတွေလည်း ရှောင်ပါ။ လုပ်နိုင်တယ်ဆိုပြီးလုပ်ရင် အားကုန်၊ ကိုယ်ခံအား ကျပါတယ်။
– အနားယူနေပါ။ စိတ်ရှုပ်မခံပါနဲ့။
– ဟိုတွေး ဒီတွေး တွေးနေတတ်ရင် ဟာသဇာတ်ကားများ ကြည့်နေလိုက်ပါ။
– အရင်းနှီးဆုံး မိတ်ဆွေများနှင့် စကား မကြာခဏ ပြောပါ။ သူတို့ဆီကလည်း အကြံကောင်းတွေ ရနိုင်ပါတယ်။
– ၇ ရက် ကျော်လာရင် ပြန်ကောင်းတော့မှာလို့ ယုံကြည်လိုက်ပါ။
– ဖျားတာ၊ အနံ့မရတာက တော်တော်များများ ဖြစ်တာဖြစ်ပြီး မောတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှုခက်တာတွေဟာ သတိထားရမယ့် လက္ခဏာပါ။
အဲဒီအခြေအနေမှာ လိုအပ်ရင် ဆေးရုံသွားဖို့ သတိထားပါ။
မေတ္တာဖြင့်
မေနှင်းဆီ
အားလုံးရောဂါကပ်ဆိုးကြီးမှကင်းဝေးကျပါစေ။
Pho ~~~fbမှစုစည်းပြီး