ဗဟုသုတ

ဒေါ်အောင်ဆန်းစုကြည်မွေ့နေ့အကြို၊အမေဖြစ်သူအတွက် သားကင်မ်အဲရစ် ဆုမွန်ကောင်းတောင်းရေးသားစာပေးပို့

ဒေါ်အောင်ဆန်းစုကြည်မွေ့နေ့အကြို၊အမေဖြစ်သူအတွက် သားကင်မ်အဲရစ် ဆုမွန်ကောင်းတောင်းရေးသားစာပေးပို့

တိုင်းပြည်မှာ ဒီမိုကရေစီပြန်လည်ရရှိဖို့ စည်းစည်း လုံးလုံးနဲ့ တဖန်ပြန်ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေနဲ့အတူ သူနဲ့ သူ့မိသားစုက တသားတည်းရှိနေတယ်လို့ အဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကိုထိန်လင်း ခေါ် မစ္စတာ ကင်မ်အဲရစ်က ပြောကြားလိုက်ပါတယ်။

ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အကြိုအဖြစ် ဇွန်လ ၁၆ ရက်နေ့က နော်ဝေနိုင်ငံ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ ထိန်းသိမ်းရေးကော်မတီက ဦးဆောင်ကျင်းပတဲ့ပွဲကို ပေးပို့တဲ့ သဝဏ်လွှာမှာမစ္စတာ ကင်မ်အဲရစ်က အခုလို သဝဏ်လွှာပေးပို့ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီစာထဲမှာတော့ မစ္စတာ ကင်မ်အဲရစ်က မြန်မာပြည်သူတွေနဲ့အတူ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေကြားမှာ အကောင်းဆုံးသော မွေးနေ့ဖြစ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းချင်ပါတယ်လို့ ရေးသားထားပါတယ်။

ကမ္ဘာတလွှားက လူတိုင်းကလည်း ဒီမိုကရေအရေး ကြိုးပမ်းနေကြတဲ့ မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံအားပေးဖို့ လိုအပ်ပါတယ် သဝဏ်လွှာထဲမှာ တိုက်တွန်းထားပါတယ်။

နောက်တနှစ် ဒီလိုအချိန် မွေးနေ့အခါသမယမှာခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မွေးနေ့ဆုမွန်ကောင်းတွေကို လူကိုယ်တိုင် လက်ခံရရှိနိုင်ဖို့ မျှေ ာ်လင့်ပြီး အားလုံးဆန္ဒရှိတဲ့အတို င်း ။

Generation Z မျိုးဆက်တွေလည်းငြိမ်းချမ်းရေးနဲ့ လွတ်လပ်ခြင်းကို ရယူ အမွေဆက်ခံနိုင်ကြဖို့ အ တူတကွ မျှေ ာ်လင့်ကြရအောင်ပါဆိုပြီး မစ္စတာ ကင်မ်အဲရစ်က ရေးသားထားပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁၉ ရက်နေ့မှာ အ သ က်76 နှစ်ပြည့်မှာ ဖြစ်ပါတယ်။