News

“CDM လုပ်ပြီးနောက် ဝင်ငွေရှာဖို့ သုံးဘီးဆိုင်ကယ်မောင်းတဲ့ အာဂ ဆရာမလေး”

မြတ်မြတ်နိုးနိုးနဲ့ဝတ်ဆင်ခဲ့တဲ့ကျောင်းဝတ်စုံအဖြူအစိမ်းနဲ့သူစာသင်ရာကျောင်းခန်းလေးကိုဘယ်တော့မှမစွန့်လွှတ်ဖူးလို့ဆုံးဖြတ်ထားတဲ့ ဆရာမ မခိုင်(အမည်လွှဲ)တယောက် အရာအားလုံးကိုစွန့်လွှတ်ပစ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါပြီ။

ဒါကတော့စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း၂၀၂၀ ရွေးကောက်ပွဲမှာ မဲရုံစောင့်ပေးခဲ့တဲ့ ဆရာဆရာမတွေကိုပါမဲလိမ်ပေးခဲ့တယ်ဆိုတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ စွပ်စွဲချက်တွေကြောင့်လဲပါဝင်ခဲ့ပါတယ်။

“CDM စလုပ်တဲ့ အဓိကအကြောင်းရင်းကနံပတ် ၁မဲရုံစောင့်တဲ့ ဆရာဆရာမတွေကို စစ်ကောင်စီဖက်က စော်ကားတဲ့ သဘောသက်ရောက်လို့ပါ မဲမသမာဘူးဆိုတာဟာ ဆရာဆရာမတွေကိုစော်ကားတာနဲ့တူတူပါပဲ မဲရုံမှာ အဓိက တာဝန်ဟာ ဆရာဆရာမတွေပဲလေ နောက်ဆို မဲရုံတာဝန်ပေးရင်တောင် ဘယ်ဆရာမမှ မလုပ်စေချင်တော့ဘူး” လို့သူကပြောပါတယ်။

နောက်တချက်ကတော့လွတ်လပ်စွာဆန္ဒပြတဲ့ပြည်သူတွေကိုရက်ရက်စက်စက်သတ်ဖြတ်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့လက်အောက်မှာသူ့ရဲ့တပည့်တွေကိုမထားခြင်တာကြောင့်ရယ်ပါ။”ဘယ်နိုင်ငံမဆို democracy အရ ကိုယ်မကြိုက်တဲ့ အစိုးရတစ်ရပ်ကို လွတ်လပ်စွာ ဆန္ဒပြပိုင်ခွင့်ရှိပါတယ်

၂၂၂၂၂ အရေးတော်ပုံမှာလဲ အမတို့ပါပါတယ် အမတို့ ပစ်ခံရတာပါ။ပြီးတော့ ကလေးတွေကို သူတို့ လက်ထဲမှာ မထားချင်ဘူးမသင်ချင်ဘူး” လို့သူကဆက်ပြောပါတယ်။ မတရားတာကိုမတရားမှန်းသိသိကြီးနဲ့တော့ ဆက်အားပေးရတဲ့အလုပ်ကို သူမလုပ်လိုတာကြောင့်အခုလို သူမမြတ်နိုးတဲ့စာသင်ခန်းကိုစွန့်ခွာခဲ့ရတာပါ။

“အမတို့ လိုချင်တာ Democracy လွတ်လပ်ပြီးတရားမျှတတဲ့လက်အောက်မှာ ပဲ တာဝန်ထမ်းဆောင်ချင်ပါတယ် အမတို့ ကလေးတွေကို အမေစု ပျိူးထောင်ပေးခဲ့တဲ့ ပညာရေးစနစ်သစ်ကိုယ်တိုင်စဉ်းစားတွေးခေါ်မှူ ပြည့်ဝတဲ့ ဉာဏ်ရည်မျိူးပဲ ကလေးတွေကို ရစေချင်တယ်

တစ်နှစ်လုံးမှာ ဖက်စာအုပ် တစ်အုပ်ထဲက သင်ခန်းစာကိုတောင်မနည်း သက်နေရတဲ့ ခေတ်မှာ တစ်နှစ်ကို ၂တန်းနဲ့ သင်ကြားရမှာ ကလေးတွေအတွက်ရင်လေးတယ်”လို့လဲ သူမရဲ့တပည့်လေးတွေ နိုင်ငံအဝှမ်းမှာရှိတဲ့ကျောင်းသူကျောင်းသားလေးတွေအတွက် စိတ်ပူကြောင်းလဲ ဆရာမ မခိုင်ကပြောပါတယ်။

စစ်ကောင်စီက အခြေခံ မူလတန်း အလယ်တန်း အထက်တန်းကျောင်းတွေကို မတ်လနဲ့ဇွန်လပိုင်းမှာအတင်းအကြပ်ဖွင့်ဖို့စီစင်ခဲ့ပေမယ့်ကျောင်းတက်သူတွေအလွန်နည်းပါးခဲ့သလိုCDMလုပ်တဲ့ပညာရေးဝန်ထမ်းတွေများလာတာကြောင့်ကိုဗစ်တတိယလှိုင်းအကြောင်းပြပြီးပြန်ပိတ်ဖို့အခုရက်ပိုင်းမှာပဲ ညွှန်ကြားခဲ့ရပါတယ်။

Cr d