News

“အုပ်ချုပ်ရေးမှူး သေဆုံးတဲ့ နေရာပတ်ဝန်းကျင်မှာ ရှိနေလို့ဆိုပြီး အဖမ်းခံလိုက်ရသူလေးတွေ”

ဇွန် ၁၇

လှိုင်သာယာမြို့နယ် တွင်ဇွန် ၁၆ ရက်ကအမှတ် (၁၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး သေဆုံးခြင်းနှင့်ပတ်သက်ပြီး အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ရှိ တက္ကသိုလ် ကျောင်းသူ (၂)ဦးနှင့် အဆိုပါမိန်းကလေးငယ်များ၏ (အိမ်ထောင်စု ၂ စု) မိသားစုဝင်များကိုပါဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

ထို့အပြင် ၎င်းကျောင်းသူ (၂) ဦး ဖမ်းဆီးခံရခြင်းအပေါ် အများသူငါ သိရှိစေရန် Facebook စာမျက်နှာပေါ် Speakout လုပ်ပေးခဲ့သော နောက်ထပ် ကျောင်းသူတစ်ဦးကို ညအချိန်တွင် ဝင်ရောက်ဖမ်းဆီးသွားကြောင်းသိရှိရပြီး အခင်းဖြစ်ပွားမှုကိုမှတ်တမ်းပုံရိုက် Facebook ပေါ်တင်ခဲ့သည်ဟုဆိုကာ ကျောင်းသားတစ်ဦးကိုပါ ထပ်မံဖမ်းဆီးသွားခဲ့ကြကြောင်းသိရှိရသည်။

ဖမ်းဆီးခံရသော အတည်ပြု ကျောင်းသားကျောင်းသူ (၄) ဦးအား ယခုချိန်ထိ မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း / မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရသေးကြောင်း နီးစပ်သူတို့၏ပြောကြားချက်အရသိရသည်။

#SpeakOut

#HTY_Information