PDF အင်အား နှစ်သန်းပဲရှိတယ် တို့ ဘာတို့ညာတို့ Online မှာ အာချောင်ရေးနေကြတာ မဟုတ်ဘူး…
စစ်အင်အားဆိုတာ လျှို့ဝှက်ထားရတာ ဆိုပေမယ်. အခုတော့ ပြောရပြီလေ…
စစ်ကောင်စီက စစ်အင်အား သုံးသိန်းပဲ ရှိတာ
အဲ့ဒါတောင် အပြည့်ရှိချင်မှ ရှိမယ်
သူတို့ အချင်းချင်း သတင်းတွေ အရ
တစ်သိန်းတောင် မပြည့်တော့ဘူး လိုလို….
တကယ်တော့….
PDF အင်အား နှစ်သန်း ဆိုတာ အစွန်းထွက်ပဲ ရှိပါတယ်…
People Defence Force
(ပြည်သူ့ကာကွယ်ရေးတပ်) ဆိုတာ ပြည်သူကို ကာကွယ်တဲ့သူမှန်သမျှ PDF တပ်ဖွဲ့ဝင်တွေပါပဲ…
သေချာစနစ်တကျ လေ့ကျင့်ပြင်ဆင်နေတဲ့
PDF တွေကတော့ ပုံစံတမျိုးပေါ့….
မြန်မာပြည်လူဦးရေ(၅၂)သန်း ရှိတဲ့ အနက် စစ်အာဏာသိမ်းတာကို မထောက်ခံ ဆန့်ကျင်တဲ့သူ မှန်သမျှ PDF တပ်ဖွဲ့ဝင်တွေ ဖြစ်နိုင်တာပဲ…
PDF ထောက်ခံတဲ့ ပြည်သူတွေက ပြည်တွင်းမှာရှိသလို ပြည်ပရောက်တွေလဲ အများကြီးပါ..
သတင်းပေးမလား PDF ထောက်လှမ်းရေး… ၊
အစားအသောက်ဆေးဝါးလှူမလား… PDF ရိက္ခာထောက်/ပို့ …၊
အစရှိသဖြင့် Sector တွေ အများကြီးမှာ ကိုယ်နိုင်တာ ကိုယ်ပါဝင်ကြပါ….
လွတ်မြောက်နယ်မြေသွား စစ်ပညာသင်မှ PDF မဟုတ်ပါဘူး…
အိုးမကွာ…အိမ်မကွာ လုပ်ငန်းမပျက်ဘဲနဲ့လည်း PDF ဖြစ်နိုင်ပါတယ်
အဖိုး လည်း PDF
အဖွား လည်း PDF
ဦးဦး လည်း PDF
ဒေါ်ဒေါ် လည်း PDF
ဖေဖေ လည်း PDF
မေမေ လည်း PDF
ကိုကို လည်း PDF
မမ လည်း PDF
ညီလေး လည်း PDF
ညီမလေး လည်း PDF……. ပဲနော်သိဖို့။
We all are ”PDF”
တစ်ခုတော့ ရှိတယ် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းများနှင့်
ပေါင်းစပ်ညှိနိုင်း ဆွေးနွေးတိုင်ပင်
ထဲထဲဝင်ဝင် လုပ်ဆောင်နိုင်ရင်
ယခုထပ်ပို၍ ထိရောက်မြန်ဆန်လိမ့်မယ်…..
စစ်အာဏာရှင် စနစ်ဆိုး ကျဆုံးရမည်။
အရေးတော်ပုံ အောင်ရမည်။
ပြည်သူ့ ကာကွယ်ရေးတပ်မတော်
“PDF” အောင်ပွဲခံရမည်။
ရဲမင်း(AAC)—🚩
စစ်အာဏာရှင်တော်လှန်ရေးလွတ်မြောက်နယ်မြေ…
16-6-2021(22:00)