ထိုင်းရောက်မြန်မာလုပ်သားတစ်ဦးထိုင်းထီ ပထမဆု ဘတ်(6)သန်းဆုနှစ်စောင်တွဲ ကံထူးရှင်ဖြစ်ခဲ့ AAC ထံဆက်သွယ်ပြီး ထီဆုငွေ ထုတ်ပေးရန်အကူအညီတောင်းခံလာ…..
AAC အဖွဲ့ မှ ထုံးစံအတိုင်း 29 ဦးမြောက်ကံထူးရှင်အား လုံခြုံစိတ်ချစွာဖြင့်အန္တရာယ်ကင်းစွာ ထီဆုငွေများနေ့တွင်းချင်း ထုတ်ယူနိုင်ရေး AACဒါရိုတ်တာဦးခိုင် ကိုယ်တိုင်ဦးဆောင်၍လုပ်ငန်းစဉ် အဆင့်ဆင့်အား ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ယနေ့ 16-6-2021 ရက်နေ့ ထိုင်းထီကံထူးရှင်ကတော့ မြန်မာပြည်မှာစစ်အာဏာရှင်အုပ်စိုးနေချိန် ပြန်သွားမှာ မဟုတ်ပဲ လုံခြုံရေးအရ ထိုင်းနိုင်ငံမှာ နေထိုင်သွားအုံးမှာပါ။
ကိုရဲမင်း(AAC)က NUG အစိုးရကို လှူမှာလားလို့ မေးမြန်းကြည့်ရာ ထိုင်းထီထိုးကတည်းကထီပေါက်ရင် တော်လှန်ရေးအတွက် လှူဖို့ရည်ရွယ်ပြီး ထီကံစမ်းခဲ့တာပါ တဲ့၊သေချာပေါက် လှူမှာပါ လို့ ကံထူးရှင်ကကိုရဲမင်း ကို ဖုန်းဖြင့် လှမ်းပြောခဲ့ပါတယ်။
ကံထူးရှင်ကတော့ မိဘကို လုပ်ကျွေးနေတဲ့ လူပျိုကြီးတစ်ဦးဖြစ်ပါတယ်၊ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင် ဘန်လင်းမြို့နယ်မှာ အလုပ်လုပ်နေပြီး မိဘများကတော့မြန်မာပြည် မန္တလေးတိုင်း မိတ္ထီလာခရိုင်အတွင်းက ကျေးရွာတစ်ရွာမှာ နေပါတယ်။
ယခုတော့ လုံခြုံစိတ်ချရသော နေရာတွင် ကံထူးရှင်အား AAC မှ တာဝန်ယူစောင့်ရှောက်ထားပြီး လုံခြုံရေးအရမည်သူမည်ဝါဖြစ်ကြောင်း AAC မှဖော်ပြခွင့် မရှိတာ နားလည်ပေးကြပါ။
ရဲမင်း(AAC)—
ရိက္ခာနှင့်ထောက်ပံ့ရေးပစ္စည်းပို့ဆောင်ရေး၊
ဆက်သွယ်၊ညှိနိူင်းရေးတာဝန်ခံ….
ထိုင်းနိုင်ငံဆိုင်ရာ…..
(16-6-2021)